Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နယ်လှည့်ဖျော်ဖြေပွဲ လုပ်မယ်လို့ ကြေညာလိုက်တဲ့ မင်းသား Hugh Jackman

$
0
0

သြစတြေးလျ မင်းသား Hugh Jackman ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တင်ခဲ့တဲ့ “The Greatest Showman” ဆိုတဲ့ တေးသံစုံ ဒရာမာရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး ဝေဖန်သူတွေရော ပရိသတ်တွေထံကနေ ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။

သူပါဝင်ခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေစံချိန် တင်ခဲ့ရုံသာမက ဂီတဇယား တော်တော်များများမှာလည်း စံချိန်တွေ တင်ခဲ့ပါတယ်။ အခုတော့ အဲဒီအောင်မြင်မှုကနေ ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲကို ပြုလုပ်မယ်လို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

သူပါဝင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ နာမည်နဲ့ ဆင်တူအောင် ပေးထားတဲ့ “The Man. The Music. The Show” ဆိုတဲ့ ဖျေ်ာဖြေပွဲအကြောင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး တိုနီဆုရမင်းသား Hugh အနေနဲ့ “The Greatest Showman” နဲ့ “Les Misérables” တို့လိုမျိုး ရုပ်ရှင်တွေနဲ့ Broadway ပြဇာတ်တွေထဲက နာမည်ကျော် သီချင်းတွေကို ဖျော်ဖြေမှာဖြစ်ပြီး သံစုံတီးဝိုင်းလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲတွေကို လာမယ့် နှစ်ထဲ မေလ ၁၉ ရက်နေ့ကနေစလို့ ဥရောပနဲ့ ယူကေနိုင်ငံတဝန်းမှာ ဖျော်ဖြေပွဲ ၁၂ ခု၊ ဇွန် ၁၈ ရက်နေ့ကစလို့ မြောက်အမေရိကတဝန်းမှာ ဖျော်ဖြေပွဲ ၂၄ ခုကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဖျော်ဖြေပွဲအများစုရဲ့ လက်မှတ်တွေကိုလာတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစလို့ ရောင်းချပေးနေပြီဖြစ်ပါတယ်။

သြစတြေးလျ မင်းသား Hugh Jackman

ပြဇာတ် စီစဉ်သူအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Hugh နဲ့အတူ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Zac Efron, Michelle Williams နဲ့ Rebecca Ferguson တို့ပါဝင်ထားကြတဲ့ “The Greatest Showman” ရုပ်ရှင်ဟာ ပေါ့ပ်ယဉ်ကျေးမှုကို လူတွေ တဖန်ပြန်လည် အာရုံစိုက်လာနိုင်အောင်လို့ နှိုးဆွပေးတယ်လို့ Twitter မှာ လူပြောများခဲ့ပါတယ်။

ရုပ်ရှင်ရဲ့များစွာသော မှတ်တိုင်တွေထဲကတခုကတော့ ဂီတလုပ်ငန်းမှာပါ အောင်မြင်မှု ရနေတာဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ဇာတ်ဝင်တေးတွေဟာ ထွက်ရှိလာအပြီး သီတင်းပတ်အနည်းငယ်အထိ Billboard 200 Album ဇယားက နံပါတ် ၁ နေရာမှာ ရပ်တည်နေခဲ့ပြီး အဲဒီ့သီချင်း ၇ ပုဒ်ထဲက ၁ ပုဒ်ကတော့ ထိပ်တန်း သီချင်း ၁၀ ပုဒ်စာရင်းထဲ သီတင်းပတ် ၃၀ ကြာအောင်ရှိနေခဲ့ပါတယ်။

အခုနှစ်အတွင်း တခြား အယ်လ်ဘမ်တွေထက်လည်း ပိုမိုရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ အဲဒီသီချင်းတွေကိုပဲ Pink, Kesha, Missy Elliot နဲ့ Panic တို့က ပြန်လည်သီဆိုထားတဲ့ အယ်လ်ဘမ်လည်း ထွက်ရှိထားပြီး ဖြစ်ပါတယ်။

Ref: rollingstone

The post နယ်လှည့်ဖျော်ဖြေပွဲ လုပ်မယ်လို့ ကြေညာလိုက်တဲ့ မင်းသား Hugh Jackman appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...