Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၃၀ အောက် ဝင်ငွေအများဆုံး နာမည်ကျော် စာရင်းမှာ Kylie Jenner ဦးဆောင်

$
0
0
ကဏ္ဍစုံ အစီအစဉ်စတားနဲ့ မိတ်ကပ်ထုတ်လုပ်သူ Kylie Jenner ဟာ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
“Keeping Up with the Kardashians” အစီအစဉ်စတားနဲ့ Kylie Cosmetics တည်ထောင်သူ Kylie ဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေဒေါ်လာ ၁၆၆ ဒဿမ ၅ သန်းအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဝင်ငွေအများစုဟာ မိတ်ကပ် ထုတ်လုပ်ရောင်းချရတဲ့ ဝင်ငွေတွေထဲကနေ ဖြစ်ပြီး အခုနှစ် အစောပိုင်းတုန်းကလည်း Forbes မဂ္ဂဇင်းရဲ့ အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ အချမ်းသာဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သူက “ကျမ သိပ်ကို ရူးမူးတောင့်တနေတဲ့ အရာတခုအတွက် အသိအမှတ်ပြုခံရတာ သိပ်ကို ထူးခြားပါတယ်။ အဲဒီ အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။ ကျမက မိတ်ကပ်တွေကို ချစ်ပြီး ဈေးကွက်ထဲကို ပထမဆုံး နှုတ်ခမ်းနီရောက်ဖို့ တော်တော်လေးကို ကြိုးပမ်းခဲ့ရပါတယ်”
“ကျမရဲ့ ပရိသတ်တွေနဲ့ ချိတ်ဆက်ပြီး သူတို့တွေကို စိတ်လှုပ်ရှားစေတဲ့ ထုတ်ကုန်တွေကို ဖန်တီးတာဟာ ထူးခြားတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ဒီလမ်းကတော်တော်လေးကို ရှည်လျားတယ်လို့ သိခဲ့ရပြီး အိပ်မက်ကို အကောင်အထည် ဖော်မယ့် အခြားသူတွေအတွက်လည်း လေးစားအားကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဗြိတိသျှအဆိုတော် Ed Sheeran  ကတော့ ဝင်ငွေဒေါ်လာ သန်း ၁၁၀ နဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဘောလုံးအကျော်အမော် နေမာကတော့ ဒေါ်လာ သန်း ၉၀ နဲ့တတိယနေရာမှာ ရှိနေပါတယ်။
ဒေါ်လာ သန်း ၈၀ ဝင်ငွေရရှိခဲ့တဲ့ အဆိုတော် Taylor Swift  ကတော့ စတုတ္ထနေရာနဲ့ ဒေါ်လာ ၅၇ သန်းဝင်ငွေရှိခဲ့တဲ့ အဆိုတော် The Weeknd ကတော့ ပဉ္စမနေရာမှာအသီးသီးရပ်တည်နေပါတယ်။
ဘတ်စ်ဘောစတား  James Harden၊  လက်ဝှေ့သမား Canelo Alvarez နဲ့ ဂေါက်သီးအကျော်အမော် Jordan Spieth  တို့လည်း နံပါတ် ၁၀ အထိ စာရင်းမှာပါဝင်ကြပါတယ်။
အသက် ၃၀ အောက် ဝင်ငွေအကောင်းဆုံး နာမည်ကျော်ကြားသူ ၁၀ ဦး
1.         Kylie Jenner – ဒေါ်လာ ၁၆၆ ဒဿမ ၅ သန်း
2.         Ed Sheeran – ဒေါ်လာ သန်း ၁၁၀
3.         Neymar – ဒေါ်လာ သန်း ၉၀
4.         Taylor Swift – ဒေါ်လာ သန်း ၈၀
5.         The Weeknd – ဒေါ်လာ ၅၇ သန်း
6.         James Harden – ဒေါ်လာ ၄၆ ဒဿမ ၄ သန်း
7.         Drew Taggar, The Chainsmokers – ဒေါ်လာ ၄၅ ဒဿမ ၅ သန်း
8.         Canelo Alvarez – ဒေါ်လာ ၄၄ ဒဿမ ၅ သန်း
9.         Derek Carr – ဒေါ်လာ ၄၂ ဒဿမ ၁ သန်း
10.        Jordan Spieth – ဒေါ်လာ ၄၁ ဒဿမ ၂ သန်း
Ref: aceshowbiz

The post အသက် ၃၀ အောက် ဝင်ငွေအများဆုံး နာမည်ကျော် စာရင်းမှာ Kylie Jenner ဦးဆောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...