Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တရားမျှတမှု မရှိတဲ့ ဓလေ့ထုံးတမ်းတွေ အကြောင်း ရိုက်ကူးထားတဲ့ “ချင်းတောင်တန်းက တောရိုင်းပန်း”

$
0
0

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာနှင့်အဝန်းမှာ နှစ်စဉ် ကျင်းပပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ ဒီလှုပ်ရှားမှုကတော့ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတဲ့အတိုင်း နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ လူထုအသိပညာပေး အခမ်းအနားများ၊ မီဒီယာများမှ အသိပညာပေးအစီအစဉ်များနှင့် လူထု စုပေါင်းလှုပ်ရှားမှုများ အစရှိတဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ “ချင်းတောင်တန်းက တောရိုင်းပန်း”ကို ဆိုတဲ့ ဇာတ်လမ်းတိုကို မစိုးစံထိုက်က ရိုက်ကူးပုံဖော် ပြသခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူရဲ့ ရိုက်ကူးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက မစိုးစံထိုက်ကို အခုလိုပဲ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး ဒီဇာတ်လမ်းတိုကို ဘယ်လို အစပြု ပြီး ရိုက်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ချင်းအမျိုးသမီး အဖွဲဖြစ်တဲ့ “ninu” က တနှစ်အကြာ သုတေသနပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေ တရားမျှတမူမရှိတဲ့ ချင်းဓလေ့ထုံးတမ်း ပြင်ဆင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ချင်းအမျိုးသမီးတွေရဲ့ လူနေမူဘဝတွေကို ပြသချင်တယ်ဆိုပြီး စကားပြောဖြစ်ပြီး ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာပါ။

ရိုးရာဓလေ့ ထုံးတမ်း တချို့က ချင်းအမျိုးသမီးတွေကို လူ့အခွင့်အရေးတွေကို ခံစားခွင့် မရအောင် ဖိနှိပ်ခွဲခြားထားပါတယ်။ အဲဒီလို ခွဲခြားမူတွေကို အရူံးမပေးတဲ့ ကလေးသုံးယောက်အမေ အိမ်ထောင်ကွဲ ချင်းအမျိုးသမီးတဦးဖြစ်တဲ့ မိုင်လိုင်းကီးက နိုင်ငံရေး လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ချင်းအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ သဘာပတိအဖြစ် ရွေးချယ်ခြင်း ခံရတဲ့ သူမက အမျိုးသမီးတွေကို နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်စေချင်ပြီး တရား မျှတမူ မရှိတဲ့ ဓလေ့ထုံးတမ်းတွေကို ပြင်ဆင်စေချင်ပါတယ်လို့ ပြောပြထားတာကို ရိုက်ကူးထားပါတယ်။

မေး။ ။ ဇာတ်လမ်းတို နာမည်ကို “ချင်းတောင်တန်းက တောရိုင်းပန်း”လို့ ဘာကြောင့် ပေးဖြစ်လဲ သိချင်ပါတယ်။

ဖြေ။ ။ ချင်းပြည်နယ်က ခေါ်နူးစုမ်ခေါ် ဝိတိုရိယတောင်ကို တတ်တဲ့ လမ်းတလျှောက်မှာ သဘာဝအတိုင်း အလေ့ကျ ပွင်နေတဲ့ ပန်းတွေနဲ့ ချင်းတိုင်းရင်သူ အမျိုးသမီးတွေရဲ့လူမူဘဝတွေကို တင်စားထားတာပါ။ ကျောက်သားလို မာကျောကြမ်းတမ်းပြီး ရေ မရှိတဲ့ နေရာမှာ မြန်မာတွေအခေါ် တောင်ကြာပန်းတွေက သဘာဝအလျောက် ပွင့်နေတာကို ဇာတ်ကောင် အမျိုးသမီး ချင်းတိုင်းရင်းသူတွေရဲ့ ဘဝဖြတ်သန်းမူ ခက်ခဲကြမ်းတမ်းမူတွေနဲ့ နှိုင်းယှဉ်ပြီး ပြောပြထားတာကြောင့် “ချင်းတောင်တန်းက တောရိုင်းပန်း”လို့ အမည်ပေးဖြစ်တာပါ။

အမျိုးသမီး ဒါရိုက်တာ မစိုးစံထိုက်

မေး။ ။ ဒီ ဇာတ်လမ်းတို ရိုက်ခဲ့တဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ။ ။ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးနေတဲ့ အချိန်မှာ ချင်းအမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ချင်းပြည်နယ် ထန်တလန်မှာ ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ ကျမရဲ့ ဇာတ်ကောင်က အမျိုးသမီးတွေအပေါ် တရားမျှတမူ မရှိတဲ့ ချင်းဓလေ့ထုံတမ်းကို ပြင်ဆင်စေချင်တဲ့ ချင်းနိုင်ငံရေး လုပ်ရှားသူ တဦးဖြစ်လို အဲဒီပွဲကို သွားရောက် ဆွေးနွေးဖြစ်တဲ့အတွက် ကျမ အစီအစဉ် မရှိဘဲ သွားရောက် ရိုက်ကူးခဲ့ပါတယ်။

ချင်းပြည်နယ် တောင်ပိုင်းမြောက်ပိုင်းတွေကို သွားခဲ့ပြီး လမ်းပန်း ဆက်သွယ်မှု ခက်ခဲကြမ်းတမ်းပါတယ်။ ထန်တလန်နဲ့ ဟာခါး မင်းတပ်၊ ကန်ပက်လက် မြို့တွေမှာဆိုရင် ရေခဲမှတ် နီးပါး အေးပါတယ်။ တည်းခိုးခန်းတွေ ဟိုတယ်တွေ စားသောက်ဆိုင်တွေ မရှိပါဘူး။ဘာသာစကားတွေလည်း မတူညီပါဘူး။

ချင်းတိုင်းရင်းသားတွေရဲ့ အိမ်တွေ ခရစ်ယာန် ဘုရားကျောင်းတွေ မှာအခမဲ့ နေထိုင်စားသောက်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမူ ကူညီရိုင်းပင်းမှု ၊ လူသား အချင်းချင်းစာနာမူ ချစ်ခြင်းမေတာတွေကြောင့် ပျော်ရွင်ခဲ့ ရပါတယ်။ သူတို့တွေ ရဲ့ ယုံကြည်ပေးမူတွေ အကူအညီတွေသာ မရခဲ့ရင် ကျမရဲ့ မှတ်တမ်းရုပ်ရှင်က ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။

မေး။ ။ ဒီကားမှာ ပါတဲ့ တရားမျှတမှု မရှိတဲ့ ဓလေ့ထုံးတမ်းတွေဆိုတာ ဘာတွေလဲ။

ဖြေ။ ။ ချင်းပြည်နယ် မြိုနယ်အချို့မှာ ပြဿနာတွေ ဖြစ်လာပြီ ဆိုရင် ချင်းဓလေ့ ထုံးတမ်းတွေနဲ့ စီရင်လေ့ ရှိပါတယ်။ ဥပမာ အိမ်ထောင်ပြုဖို ကမ်းလှမ်းခံတဲ့ အမျိုးသမီးကို အမျိုးသားတွေက သူတ့ိုပိုင်ဆိုင်တဲ့ ပစ္စည်းလို သဘောထားတာ၊ သဘောထား မတိုက်ဆိုင် ခွဲကြရင် ကလေးတွေကို အဖေတွေကပဲ ပိုင်ဆိုင်တာ၊ ဝက်တကောင်နဲ့ တန်းဖိုးဖြတ်ပြီး အလျှော်ပေးတာ အစရှိတာပေါ့နော်။ ကောင်းမွန်တဲ့ ဓလေ့တွေကတော့ သူခိုး၊ လူလိမ်တွေ မရှိဘူး။ ချင်းတိုင်းရင်းသား အများစုကတော့ ရိုးသား ကြိုးစားပြီး စိတ်ရင်းကောင်းကြပါတယ်။

မေး။ ။ ဒီမှတ်တမ်းရုပ်ရှင်က မြန်မာနိုင်ငံမှာ ဘယ်နှစ်ကြိမ်မြောက် ပြသတာလဲ။

ဖြေ။ ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မူ ပပျောက်ရေး ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တဲ့ ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခြင်း ခံရတာပါ။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေနဲ့ ကရင်ပြည်တွေမှာ ဆက်လက်ပြသမှာ ဖြစ်ပြီး ပွဲတော်ပြီးသွားရင် မြန်မာနိုင်ငံအနှံ့မှာ ပညာပေး အစီအစဉ်အနေနဲ့ ပြသသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် “လူအခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်”မှာ ပထမဆုံး အကြိမ်အဖြစ် ပြသဖို့ ရွေးချယ်ခြင်း ခံခဲ့ရပြီး ပြသခဲ့ပါတယ်။

မေး။ ။ မစိုးစံထိုက်အနေနဲ့ နောက်ထပ် ဘယ်လိုမှတ်တမ်း ရုပ်ရှင်တွေ ရိုက်ဖို့ ရှိဦးမလဲ။

ဖြေ။ ။ လူနည်းစု တိုင်းရင်းသား တမျိုးရဲ့ ရိုးရာဓလေ့ တခုကို ရိုက်ကူးဖို သုတေသန လုပ်နေပါတယ်။ ကျမက တိုင်းရင်းသူတဦးဖြစ်လို့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအကြောင်းကို စိတ်ဝင်စားပါတယ်။ အခွင့်အရေးရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးစုတွေ အကြောင်းကို သွားရောက်လေ့လာပြီး မတူကွဲပြားတဲ့ ရိုးရာ စလေ့ထုံးစံတွေ အကြောင်းကို တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ရင်းနှီးရေးအတွက် ရိုက်ကူး ပြသချင်ပါတယ်။ ။

The post တရားမျှတမှု မရှိတဲ့ ဓလေ့ထုံးတမ်းတွေ အကြောင်း ရိုက်ကူးထားတဲ့ “ချင်းတောင်တန်းက တောရိုင်းပန်း” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...