Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တချိန်က ဘာသာမဲ့ ဖြစ်ခဲ့ဖူးတဲ့ အဆိုတော် အောင်လ

$
0
0

အဆိုတော် အောင်လက မကြာခင်မှာ တကိုယ်တော် အခွေထွက်မှာ ဖြစ်ပြီး သာသနာ့ဘောင်ဝင်ကာ ဘုန်းကြီးဝတ်မယ်လို့ ဆိုပါတယ်။ “ဒီဇင်ဘာ ၁ ရက်နေ့ ကျနော့်အခွေ ထွက်ပြီးတာနဲ့ ကျနော်ဘုန်းကြီး ဝတ်တော့မယ်”လို့ အောင်လက ဧရာဝတီကို ပြောပါတယ်။

အောင်လက”အသုံးတော်ခံ” Album ကို ထွက်ဖို့ကြိုးစားနေတာ ကြာပြီဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ ထွက်မှာ ဖြစ်ပါတယ်။ တေးစီးရီး ထွက်မယ့်နေ့နဲ့ ဘုန်းကြီးဝတ်မယ့်နေ့က တရက်တည်းဖြစ်တဲ့ အကြောင်းနဲ့ ဘုန်းကြီးဝတ်ဖြစ်တဲ့အကြောင်း အောင်လက အခုလိုပဲ ဆိုပါတယ်။

“အခွေလည်း ထွက်ပြီဆိုတော့ ကျနော် ခေါင်းတအား ပေါ့သွားတဲ့နေ့ကျရင် ဝတ်မှာပေါ့။ အဓိက ကျနော် တခါမှ ပဉ္ဇင်း မတက်ရသေးဘူး။ ပြီးတော့ ကျနော်က ဗုဒ္ဓဘာသာ မဖြစ်ခင် ဘာသာမဲ့ဘဝ ၁၀ နှစ်တိတိ ကျနော်ဖြစ်ခဲ့တယ်။ ဘာသာမဲ့ ဆိုတာကလေ ကျနော်က မိရိုးဖလာ မဖြစ်ချင်ဘူး”

“ကျနော်ကိုယ်တိုင် ဘယ်ဘာသာက ဘယ်ဟာ မှန်တယ်ဆိုတာကို မသိတော့ ဘာသာစုံကို ကျနော်လေ့လာခဲ့တယ်။ အဲဒီလိုလေ့လာနေတဲ့အချိန်မှာ ကျနော်ဘာသာမဲ့။ ကျနော် ဗုဒ္ဓဘာသာဖြစ်တာ သိပ်မကြာသေးဘူး။ ဝိုင်းစုနဲ့ မတွေ့ခင်လေးမှာ ကျနော် ဗုဒ္ဓဘာသာ ဖြစ်သွားတယ်။ ကျနော် လစ်ဘရယ်ဗုဒ္ဓလို့ ပြောရမှာပေါ့နော်။ ကျနော် လုံးဝ အစွန်းမရောက်ဘူး။ တကယ့်ထေရဝါဒ ဗုဒ္ဓစစ်စစ်ပေါ့နော်။ ကျနော်တအား ယုံကြည်သွားတယ်”လို့ အောင်လက ပြောပါတယ်။

ဆက်လက်ပြီး အောင်လက “ဘုန်းကြီးဝတ်ချင်တာကလည်း ကြာပါပြီ။ ကျနော်လုံးဝ မအားလို့လေ။ အိမ်ကိစ္စ၊ မိသားစုကိစ္စ၊ အခွေကိစ္စကြောင့်ပေါ့။ ခုတော့အခွေထွက်နိုင်ပြီဆိုတော့ ဝတ်လိုက်တော့မယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး”လို့ အောင်လက ဆိုပါတယ်။

ဗုဒ္ဓဘာသာဖြစ်သွားရတဲ့ စိတ်ခံစားချက်ကိုလည်း အောင်လက အခုလိုပဲ ပြောပါတယ်။

“စာတွေ့ကတော့ ကျနော့်မှာ ရှိပါတယ်။ ပြီးတော့ ကျနော်က သိပ္ပံကို ဝါသနာပါတာကိုး။ Science ကို လေ့လာရင်း၊ လေ့လာရင်းနဲ့ ဗုဒ္ဓဘာသာဖြစ်လာတာ။ ဗုဒ္ဓက အရမ်း Science ဆန်တယ်။ သူက သိပ္ပံ၊ ဝိဇ္ဇာ မဟုတ်ဘူး။ အဲဒီထဲကို လေ့လာရင်းနဲ့ ဟာ.. တသက်လုံး ငါလေ့လာနေတာတွေက ဒီမှာရှိပါလားဆိုပြီးတော့ သိသွားတော့ အဲဒါကို ထဲထဲဝင်ဝင် ကျနော်လုပ်ချင်လာတယ်”

“ပြီးတော့ နောက်တခုက လောကီကို ထမ်းထားရတဲ့ဝန် တအားများနေလို့ ခဏ လွှတ်ချပြီးတော့ သာသနာ့ဘောင်မှာ နေကြည့်ချင်လို့ပါ”လို့ အောင်လက ဆိုပါတယ်။ အောင်လက ဝိုင်းစုခိုင်သိန်းတို့ မိသားစု ကိုးကွယ်နေတဲ့ ရှမ်းပြည်က ဘုန်းကြီးကျောင်းမှာ သွားရောက်ပြီးသာသနာ့ဘောင် ဝင်မယ်လို့ ဆိုပါတယ်။ ပထမဆုံး ဝင်ဖြစ်မယ့် သာသနာ့ဘောင်အတွက် စိတ်ခံစားနေရမှုများကိုလည်း အခုလို ပြောပါတယ်။

“ဗုဒ္ဓဘာသာဆိုတာ ကျနော် နားလည်သလောက်က ကိုယ့်ကိုယ်ကို ကယ်တင်ရတာပေါ့နော်။ ကျနော် မသိတဲ့ အပိုင်းတွေလည်း အများကြီး ရှိလိမ့်မယ်ဗျာ။ ကျနော် အကုသိုလ် များတဲ့ အပိုင်းတွေလည်း အများကြီး ရှိလိမ့်မယ်။ ကိုယ့်ကိုယ်ကိုသိအောင် သွားလုပ်မှာ”လို့အောင်လက ဧရာဝတီကို ပြောပြပါတယ်။

အောင်လက အဆက်ပြတ်တာ အတော်ကြာနေတဲ့ သူ့ရဲ့ပရိသတ်နဲ့လည်း တွေ့ချင်နေပြီး ဘုန်းကြီးဝတ်ပြီး ပြန်ထွက်လာချိန်မှာ တခုခုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အောင်လက မကြာခင်ချစ်သူနဲ့ အတူနေမယ့် အိမ်ကိုလည်း ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ပြင်ဆင်ဖန်တီးနေပြီလို့လည်း သိရပါတယ်။

The post တချိန်က ဘာသာမဲ့ ဖြစ်ခဲ့ဖူးတဲ့ အဆိုတော် အောင်လ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...