Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ငယ်ငယ်ကတည်းက အိပ်မက်က အဆိုတော်၊ ဂစ်တာသမား ဖြစ်ချင်တာပါ

$
0
0

ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံပြီး ဂီတလောကထဲကို အခြေချ ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ငဲငယ်လေးကတော့ သူမရဲ့အိပ်မက်က အဆိုတော်၊ ဂစ်တာသမားဖြစ်ချင်တာပါလို့ ဧရာဝတီကို ပြောပါတယ်။

“ငယ်လေးရဲ့ အိပ်မက်ကလည်း အဆိုတော်၊ ဂစ်တာသမား ဖြစ်ချင်တယ်။ အဲဒါကို အားပေးပေးကြတဲ့အတွက် ကျေးဇူးတင်တယ်။ ငယ်ငယ်လေးကတည်းက ချစ်စရာလေး ၊ အရုပ်ကောက်တဲ့ ကလေးလေး အဲဒီလိုမျိုးတွေပြောရင် အရမ်းပျော်ပါတယ်။ သူတို့တွေက ချစ်ပေးတယ်။ အနုပညာရှင်ဖြစ်လာရင် လူချစ်လူခင်ပေါဖို့က အဓိကပါပဲ။ အဲဒါကြောင့် ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ငဲငယ်လေးက ပြောပါတယ်။

ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး အသက် ၄ နှစ်အရွယ်မှာတော့ အမှတ်တရပွဲမှာ သီချင်းသီဆိုခဲ့ရာမှ စတင်ကာ ပရိသတ်များက သတိထားချစ်ခင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ချစ်စမ်းမောင်ကလည်း ဂီတနဲ့ ပတ်သက်တဲ့ အကြံဉာဏ်များ ပေးလေ့ရှိပြီး ဖခင်ဖြစ်သူတို့ ကျင်လည်လာခဲ့ရတဲ့ ခေတ်အခြေအနေနဲ့ ငဲငယ်လေးတို့ ဖြတ်သန်းနေတဲ့ ခေတ်အခြေအနေက မတူညီတဲ့အတွက် ကွာဟချက်များ ရှိနေတာကြောင့် ဖခင်ဖြစ်သူအနေနဲ့ ငဲငယ်လေးကို အားမရတဲ့ အပိုင်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ငယ်လေး လုပ်ချင်တဲ့ပုံစံတွေနဲ့ ငယ်လေး အဖေတို့ရဲ့ အမြင်တွေက ကွာဟနေတယ်။ ဥပမာ ငယ်လေး Facebook Live တွေ ဘာတွေဆိုရင် သိပ်မတင်ဖြစ်ဘူး။ ပါးပါးတို့က မကြိုက်ဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ မတင်ဖြစ်တော့တာ။ သူတို့တို့က Social Media က သိပ်အားမကောင်းတော့ အခုငယ်လေးတို့ကို ဓာတ်ပုံတွေဘာတွေ တင်ရင်တောင် နင်အရမ်းနာမည်ကြီးချင်တယ် ဟုတ်လား။ နင့်အသံက Live ဆိုရင် ကောင်းမလားတာ ဆိုတာတွေ ပြောပြီ”

“ငယ်လေးပြောချင်တာက ပါးပါးတို့ဖြစ်စေချင်တဲ့ပုံစံနဲ့ ငယ်လေးတို့ အခုခေတ်ပုံစံနဲ့က မတူဘူးဖြစ်တာ။ ပါရမီ ရှိတယ်။ အချိန်တန်ရင် အောင်မြင်လိမ့်မယ်။ အရမ်း နာမည်ကြီးချင်မနေနဲ့ ဆိုပြီး အပြောခံရတယ်။ သူတို့ပြောတဲ့စကားကို နားထောင်ပြီးတော့ ငယ်လေးဘာမှ မတင်ဘူး” လို့ ငဲငယ်လေးက ပြောပါတယ်။

ငဲငယ်လေးကတော့ “အိပ်မက်နဲ့ စိတ်ဓာတ်”ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး ၂၀၁၉ ခုနှစ် အစပိုင်းမှာတော့ ငဲငယ်လေးရဲ့ ကိုယ်ပိုင်သီချင်း ၁၀ ပုဒ် ပါဝင်တဲ့ ဒုတိယအခွေ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

ဂီတအလုပ်တွေကို အဆက်မပြတ် ကြိုးစားပြီး လုပ်နေတဲ့ ငဲငယ်လေးကတော့ မကြာသေးမီအချိန်က အသည်းကွဲခဲ့တဲ့အတွက် အခုချိန်မှာ အလုပ်တွေနဲ့ ရှုပ်နေအောင် နေနေပါတယ်လို့ ပြောပါတယ်။

“အသည်းလည်း ကွဲဖူးထားတော့ တော်ပြီ မကွဲချင်တော့ဘူး။ အဲဒါကြောင့် ငယ်လေးပျော်ပျော်နေတယ်။ သီချင်းတွေ အများကြီးရေးတယ်။ အလုပ်ရှုပ်အောင် နေတယ်။ အခုတော့တယောက်တည်းပါ။ လာကမ်းလှမ်းတာရှိရင်တောင် ငယ်လေးက အားနာတယ်။ ကိုယ့်ဘာသာတယောက်တည်း ဘုရားနဲ့ တရားနဲ့ မိသားစုနဲ့ နေတာပဲ ကောင်းပါတယ်”လို့ ငဲငယ်လေးက ပြောပါတယ်။

ငဲငယ်လေးကတော့ လက်တွဲဖော် ရွေးချယ်တဲ့အခါ ကိုယ်တိုင်က အနုပညာလောကထဲက ဖြစ်နေတဲ့အတွက် အနုပညာလောကထဲကလူကို လက်တွဲမှာ မဟုတ်ဘဲ အခုချိန်မှာတော့ တယောက်တည်း အေးအေးဆေးဆေး နေနေတယ်လို့ ဆိုပါတယ်။

The post ငယ်ငယ်ကတည်းက အိပ်မက်က အဆိုတော်၊ ဂစ်တာသမား ဖြစ်ချင်တာပါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...