Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်ကားတွေ မရိုက်ရတာ ကံနဲ့ဆိုင်သလို ဗီဒီယို ဈေးကွက်ပျက်တာကြောင့်ပါ

$
0
0

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အမြဲတမ်းအလိုလို ဟာသဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် Kညီက ဇာတ်ကားတွေ ရိုက်ရတယ်၊ မရိုက်ရဘူးဆိုတာ ကံနဲ့ ဆိုင်သလို ဗီဒီယို ဈေးကွက် ပျက်တာကြောင့်လို့လည်း ဆိုပါတယ်။

“လတ်တလောတော့ ဇာတ်ကားတွေ ရိုက်နေပါတယ်။ ကျနော်တို့ ဇာတ်ကားတွေ ရိုက်ရတယ်၊ မရိုက်ရဘူး ဆိုတာ ကံနဲ့ ဆိုင်တယ်။ ကျနော်လည်း ကံကောင်းနေလို့ ရိုက်ရတာ။ ကျနော့်ညီနဲ့ ကျနော်နဲ့တောင် ကျနော်ပဲ ရိုက်ရတယ်။ ကျနော့် ညီဆိုရင် အလုပ်တောင် မရှိတော့ဘူး။ တခြားလူတွေကိုလည်း ကိုယ်ချင်းစာပေးတယ်”

“ကျနော်တို့ စရိုက်တုန်းက Kညီ၊ Kငြိမ်းဆိုပြီး အတွဲလုပ်ကိုင်လာတာ။ အခုနောက်ပိုင်းကျနော့် ညီဆိုရင် မရိုက်ရဘူး။ သူလည်း ကြိုးစားတာပဲ။ သူ့ကံနဲ့ပဲ ဆိုင်တယ်။ လူတိုင်းက ရိုက်ရတယ်၊ မရိုက်ရဘူးဆိုတာ ကိုယ့်ကံနဲ့ ဆိုင်သလို ကိုယ်နဲ့ဲပဲ ဆိုင်တယ်။ ဘုရားတရားတွေလည်း လုပ်ရမယ်။ အဓိကကတော့ ဗီဒီယို ဈေးကွက်ပျက်တာကြောင့်လည်း မလုပ်ရတာတွေလည်း ပါတယ်”လို့ Kညီက ပြောပါတယ်။

ဆက်လက်ပြီး သူက “အခြောက် ကာရိုက်တာတွေ ရိုက်ရတာလည်း ကျနော်တို့လည်း ဘယ်ခြောက်ချင်မလဲ။ ကာရိုက်တာအရ ခြောက်ရတာပေါ့။ ငြင်းပိုင်ခွင့် မရှိဘူး။ ကျနော် အဲ့လောက်ထိ Supporting မဖြစ်သေးဘူး။ ကိုယ့်ဟာနဲ့ကိုယ် ငြင်းပိုင်ခွင့်ရှိတဲ့ အချိန်ဆိုရင်တော့ ငြင်းမှာပါ။ အခုတော့ ခွင့်လွှတ်ပေးပါဦး”လို့ ပြောပါတယ်။

Kညီအနေနဲ့ ဇာတ်လမ်းတွဲ သရုပ်ဆောင်မှုတွေမှာ “ရတနာပုံ” ဇာတ်လမ်းတွဲ ပြီးကတည်းက အခြားသော ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ထားတာ မရှိသေးဘဲ Kညီက ဟာသတွေအပြင် အက်ရှင်ကားတွေလည်း ရိုက်ထားတာရှိတယ်လို့ ဆိုပါတယ်။

ဇာတ်ပို့ သရုပ်ဆောင် Kညီကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် အဓိက သရုပ်ဆောင်တွေရဲ့ အစ်ကို၊ သူငယ်ချင်း ကာရိုက်တာတွေနဲ့ ပရိသတ်တွေက ကြည့်ရှု အားပေးခဲ့ကြတာဖြစ်ပါတယ်။ Kညီက ဟာသဇာတ်ကားတွေမှာလည်း အမြဲလိုလို ပါဝင်သူပါ။ Kညီ ပါဝင်ထားတဲ့ “ဘူဇွာဟိုတယ်” ရုပ်ရှင်ကားဟာလည်း လက်ရှိမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

The post ဇာတ်ကားတွေ မရိုက်ရတာ ကံနဲ့ဆိုင်သလို ဗီဒီယို ဈေးကွက်ပျက်တာကြောင့်ပါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...