Quantcast
Viewing all articles
Browse latest Browse all 7343

မင်းသမီးဖြစ်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ ပြောတဲ့ ဝိုင်းလေး

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် ဝိုင်းလေးက သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာ ရှိပေမယ့် မင်းသမီးဖြစ်ဖို့ အဘက်ဘက်က ပြည့်စုံရမှာ ဖြစ်တာကြောင့် မင်းသမီးဖြစ်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာတော့ ရှိတယ်။ အဆင်ပြေလား၊ မပြေလား မသိသေးဘူး။ ကြိုးစားချင်စိတ်တော့ ရှိတယ်။ မင်းသမီးတော့ မလုပ်ဘူး။ မင်းသမီးဆိုတာ အဘက်ဘက်က ပြည့်စုံရတယ်။ ဝိုင်းလေးက တက်သစ်စဖြစ်တော့ အများကြီး ကြိုးစားရပါဦးမယ်”လို့ ဝိုင်းလေးက ဧရာဝတီကို ပြောပါတယ်။

“လတ်တလောက နယ်ရှိုးတွေသွားဖို့ ရှိပါတယ်။ ဒီဇင်ဘာလထဲမှာလည်း ခရီးတွေအများကြီးသွားဖို့ ရှိပါတယ်။ ဝိုင်းလေးရဲ့ အခွေတွက်လည်း DVD Album လေး ရိုက်နေပါတယ်။ ၂၀၁၉ မှာ ပရိသတ်ကိုပေးနိုင်အောင် ကြိုးစားနေပါတယ်။ အွန်လိုင်းကနေလည်း သီချင်းလေးတွေတင်ပေးဖို့ ရှိပါတယ်”လို့ ဝိုင်းလေးက ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ ငြိမ်နေတဲ့ ဝိုင်းလေးကတော့ အချစ်ရေးကို မစဉ်းစားသေးဘူးလို့လည်း ဆိုပါတယ်။

“အခုနောက်ပိုင်း လှပဖို့အတွက် Confidence ရှိအောင်နေတယ်။ အချစ်ရေးလည်း မစဉ်းစားသေးဘူး။ စဉ်းစားပြီးရင် အလုပ်တွေပျက်သွားလို့ အေးဆေးနေဦးမယ်။ သူငယ်ချင်းတွေရယ်၊ ပရိသတ်တွေရယ်နဲ့ နေဦးမယ်”လို့ ဝိုင်းလေးက ပြောပါတယ်။

ကိုယ်တိုင်လည်း Miss တယောက်ဖြစ်တဲ့ ဝိုင်းလေးက Miss ပြိုင်ပွဲသွားပြိုင်သူတွေကို Voting များများပေးသင့်ကြောင်း သူများနိုင်ငံမှာက Voting ဆိုရင် အားတက်သရော ပေးကြတယ်။ ဒီမှာက စိတ်ဝင်စားမှု လျော့ကျနေတယ်လို့ ဆိုပါတယ်။

“Miss တယောက်ဖြစ်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ပြိုင်ပွဲတွေများစွာထဲမှာမှ တကယ်ကိုအရည်အချင်းရှိပြီးတော့ Image နဲ့ Personality အဘက်ဘက်ကနေ ပြည့်စုံဖို့က အရမ်းအရေးကြီးတယ်။ အခုပြိုင်ပွဲဝင်နေတဲ့ ဟန်တီတို့၊ အိမ်စည်တို့ဆိုတာလည်း ပြိုင်ပွဲပေါင်းများစွာ အတွေ့အကြုံတွေနဲ့ ယှဉ်ပြိုင်နေကြသူတွေ ခုလည်း Miss Universe 2018 ထပ်ပြီးတော့သွားပြီ”

“ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးသွားတဲ့အတွက် အရမ်းအရေးကြီးတာက ဟိုရောက်သွားလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့ ရပ်တည်ရမှာပေါ့။ ကိုယ့်နာမည်ထပ် နိုင်ငံနာမည်အောက်မှာသွားရာမှာ။ ကိုယ့်နိုင်ငံက စည်းလုံးဖို့ အရမ်းအရေးကြီးတယ်။ သူများနိုင်ငံမှာက Voting ဆိုရင် အားတက်သရော ပေးကြတယ်။ ဒီမှာက စိတ်ဝင်စားမှုလျော့ကျနေတယ်။ Voting အမှတ်အရလည်း Top 10 ဖြစ်ဖြစ် ရနိုင်တယ်။ အဲဒါကြောင့် Voting တွေနဲ့ ပရိသတ်တွေဝန်းရံပေးကြပါ”လို့ ဝိုင်းလေးက ပြောပါတယ်။

ဝိုင်းလေးဟာ Miss Myanmar World အလှမယ်တဦးဖြစ်သလို “အိပ်မက် ဆုံရာ” ပြိုင်ပွဲကနေ ဂီတလောကကို လျှောက်လှမ်းလာသူပါ။ ဂီတလောကကိုလည်း အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတဦး ဖြစ်ပါတယ်။ ဝိုင်းလေးက “Selfie” ဆိုတဲ့ တကိုယ်တော်အခွေကိုလည်း ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ “ဝိုင်း” တေးစီးရီး ထွက်ရှိထားပါတယ်။

The post မင်းသမီးဖြစ်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ ပြောတဲ့ ဝိုင်းလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...