Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လက်ခံထားတဲ့ ပွဲတိုင်းကို Sexy ဖက်ရှင်တွေပဲ ဝတ်ဖြစ်မယ့် သင်ဇာဝင့်ကျော်

$
0
0

ယခုတလောမှာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာသာမက အပြင်လောကမှာပါ လူအများရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမကို ပရိသတ်များက ဆယ်စုနှစ် တစုကြာ တသမတ်တည်းပဲ မြင်ရတာကြောင့် အခုနောက်ပိုင်းမှာ ပုံစံကို ပြောင်းလဲလိုက်တာလို့ ပြောပါတယ်။

“သင်ဇာကတော့ ထူးခြားဆန်းပြားတာတွေပဲ လုပ်သွားဖို့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်က ကိုယ့်ကို တသမတ်တည်း မြင်ခဲ့တာ ဆယ်စုနှစ်တခုလောက် ရှိပြီ။ ဒီပုံစံကနေ ကွဲထွက်ပြီးတော့ နောက်တမျိုးပေါ့နော်။ အဲဒီလို ကြိုးစားပြီးတော့ ပြောင်းလဲပြီး သရုပ်ဆောင်တာရော၊ ဖက်ရှင်ပိုင်းမှာရော အားလုံးကို ပြောင်းလဲသွားမှာပါ”လို့ သင်ဇာဝင့်ကျော် ကပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော်ကတော့ Sexy ဘက်သွားတဲ့ ဖက်ရှင်များကို ပိုပြီးစိတ်ဝင်စားကာ ဝတ်ဖြစ်နေပြီး နောက်ပိုင်းမှာလည်း အဲဒီလိုပုံစံမျိုးတွေပဲ ဝတ်ဖြစ်မှာလို့ ပြောပါတယ်။

“ပွဲတက်တွေကို ဒီလို Sexy ဆန်ဆန်လေးတွေပဲ ဝတ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို လာငှားတယ်ဆိုကတည်းက Sexy ဆန်ဆန်လေးပဲ ဝတ်ပေးဖို့ ပြောပြောပြီး ငှားကြတာဆိုတော့။ အခုလက်ခံထားတဲ့ ပွဲတိုင်းကိုတော့ Sexy ဆန်ဆန်လေးတွေပဲ ဝတ်ဖြစ်မှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုပိုင်းနဲ့ ပတ်သက်ပြီး တဖက်မှာ ဝေဖန်မှုများ ရှိနေခဲ့ပေမယ့် သူမကတော့ ဝေဖန်မှုများရှိလေလေ အလုပ်ပိုလုပ်ရလေဆိုပြီး သဘောထားကာ ထိခိုက်စေမယ့် ဝေဖန်မှုများကို စိတ်ထဲ မထည့်ဘူးလို့ ပြောပါတယ်။

“သင်ဇာက အွန်လိုင်းရှော့ပင်းတွေ အရမ်းလုပ်တယ်လေ။ သူတို့တွေ ဝတ်ပြထားရင်တော့ မိမိုက်နေတာပေါ့လေ။ သူတို့ ဝတ်တာကြိုက်ရင် မှာလိုက်တယ်။ ပြီးရင် ငါဝတ်ရင်ကောင်းမလား။ မှာပြီးမှ မဝတ်ရင် အင်္ကျီတွေကို နှမြောလိုက်တာဆိုပြီး ပွဲလေးတွေရှိရင် ထုတ်ဝတ်ဖြစ်တာပေါ့နော်”

“သူတို့ဝေဖန်လည်း မကောင်းပြောလည်း ကိုယ်အခုအလုပ်တွေ လုပ်နေရတာပဲလေ။ အလုပ်မှ မပြတ်တာ ပိုတောင်မှ လုပ်လာရသေးတယ်။ အဲဒါကြောင့် ဝေဖန်မှုတွေကို သြော်သူတို့ ဝေဖန်လို့ ငါနာမည်ကြီးလာပါလားလို့ တွေးလိုက်တယ်။ တခြား ထိခိုက်မယ့်ဟာမျိုးကို စိတ်ထဲ မထည့်တော့ဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်က မကြာခင်မှာလည်း သူမရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ရှိပြီး မွေးနေ့မှာ အလုပ်ရှိတဲ့အတွက် မနက်ပိုင်းကို ဘုန်းကြီးဆွမ်းကပ်ပြီး ရှုတင်မှ စက်အဖွဲ့များကို ကျွေးမွေးဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

“မွေးနေ့တိုင်းကို အလှူလုပ်တယ်။ အဲဒီလို အလှူလုပ်ရမယ်ဆိုတာလည်း ကိုယ့်မိဘက ဟိုးအရင်ကတည်းက ရိုက်သွင်းထားတယ်။ မွေးနေ့မှာ အလှူ လုပ်ရမယ်။ မိဘကို ကန်တော့ရမယ်။ ဒါကတော့ ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းနေပြီးသားပေါ့။ မနက်ပိုင်း အလှူလုပ်တယ်။ ဘုန်းကြီး ဆွမ်းကပ်တယ်။ လှူစရာရှိတာ လှူတယ်”

“ပြီးတော့ အားရင် ညပိုင်းမှာ သူငယ်ချင်းတွေနဲ့ ပါတီလေးဘာလေးလုပ်တယ်။ ပါတီမလုပ်တာတောင်ကြာပြီ။ အခု မွေးနေ့မှာ အလုပ် ရှိတယ်။ မနက်ပိုင်းဘုန်းကြီး ဆွမ်းကပ်ပြီးတာနဲ့ ရှုတင်သွားရမယ်။ ရှုတင်မှာတော့ စက်အဖွဲ့တွေကိုပဲ ကျွေးဖို့ ရှိပါတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ ဒါရိုက်တ ာအောင်မြတ်ရိုက်တဲ့ “Midnight” လို့ အမည်ရတဲ့ သရဲဟာသကားကို စိုင်းဝဏ္ဏအောင်၊ အောင်ရဲထိုက်၊ ကြက်ဖ၊ သိန်းလင်းစိုး၊ စိုးမြတ်သူဇာ၊ စိုးမိုးကြည်၊ နန်းခင်ဇေယျာတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

The post လက်ခံထားတဲ့ ပွဲတိုင်းကို Sexy ဖက်ရှင်တွေပဲ ဝတ်ဖြစ်မယ့် သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...