Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခန္ဓာကိုယ်မှာ ဘာခွဲစိတ်မှုမှ လုပ်မထားတဲ့ Supermodel ဂျေနော

$
0
0

ယနေ့ခေတ်မှာ အလှအပနဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်မှုများစွာ လုပ်လာခဲ့ကြပေမယ့် စူပါမော်ဒယ်တဦးဖြစ်တဲ့ ဂျေနောကတော့ ဘာခွဲစိတ်ပြုပြင်မှုမှ မပြုလုပ်ထားဘဲ မလှမှန်း သိပေမယ့် သူ့ရဲ့ဖြစ်တည်မှုကို သဘောကျတယ်လို့ ပြောပါတယ်။

“ဘာခွဲစိတ်မှုမှ မလုပ်ထားဘူး။ အခုခေတ်ကတော့ သိတဲ့အတိုင်း နည်းပညာတွေ အများကြီးရှိတယ်။ ခွဲစိတ်မှု မလုပ်ဘဲနဲ့လည်း အများကြီး ပြုပြင်လို့ရတယ်။ ထိန်းသိမ်းလို့ ရတယ်။ ဘာ ခွဲစိတ်မှုမှ မလုပ်ထားဘူး”

“အဓိကက အသက်အရွယ်ပိုင်းခြားနဲ့လည်း ဆိုင်ပါတယ်။ မိန်းကလေးတယောက်က အသက်အရွယ် အပိုင်းအခြားတခု ရောက်တဲ့အခါ ပိုပြီးရင့်ကျက်လာတယ်။ တည်ငြိမ်လာတယ်။ ပြင်ဆင်တတ်လာတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ဖက်ရှင်တွေရော အမူအရာ အနေအထိုင်၊ ပြောင်းလဲသွားတဲ့ အချိန်မှာ လူတွေက ပြောင်းလဲသွားတယ်လို့ ထင်တယ်။ အမှန်တကယ်က ဘာမှ ခွဲစိတ်ထားတာ မရှိဘူး” လို့ ဂျေနောက ပြောပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း ဘယ်နေရာကိုမှ ခွဲစိတ်ထားတာမျိုး မရှိဘဲ ရှိရင်းစွဲအလှကိုပဲ ထိန်းသိမ်းထားတယ်လို့ ဂျေနောက ပြောပါတယ်။

“ကိုယ့်ဆီမှာရှိတဲ့ အရာအားလုံးကို သဘောကျတယ်။ ကိုယ့်ကိုယ်ကိုယ် မလှမှန်း သိတယ်။ မလှပေမယ့်လည်း ကိုယ့်ရဲ့ဖြစ်တည်မှု ၊ မွေးဖွားလာတဲ့ဖြစ်တည်မှုကို သဘောကျတယ်” လို့ ဂျေနောက ပြောပါတယ်။

ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်း ဂရုတစိုက်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် Sexy ကျတဲ့ ဖက်ရှင်မျိုးတွေဆိုရင် ဝတ်ဖြစ်တယ်လို့ဆိုပါတယ်။

“နောက ကိုယ်ကြိုက်တဲ့ဖက်ရှင် ကိုယ်ကြိုက်တယ်လို့ ခံစားရတဲ့ ဖက်ရှင်မျိုး၊ Sexy ဖြစ်တဲ့ဖက်ရှင်မျိုးဆိုရင် ယုံကြည်မှု ရှိရင် ဝတ်လိုက်တာပဲ။ ထွေထွေထူးထူး ပြင်ရတာမျိုး မရှိဘူး။ အဓိကက ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့အခါ Sexy ဖြစ်တာ မဖြစ်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လားဆိုတဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီးတော့ ဝတ်တယ်” လို့ ဂျေနောက ပြောပါတယ်။

အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့သူတွေကိုလည်း ဂျေနောက “တချို့တွေကပြောတယ်။ ဘာလို့ Sexy ဖြစ်တာတွေကို ဝတ်လဲ။ တချို့တွေကျတော့ နားမလည်လို့ ပြောတာပေါ့နော်။ ကိုယ်ကကျောင်းသူမှ မဟုတ်တာ၊ ရုံးဝန်ထမ်းမှ မဟုတ်တာ”

“အလုပ်လုပ်နေတဲ့ အလုပ်ခွင်မှာ လူတွေဟာ ကိုယ့်ရဲ့ဝတ်ရမယ့် ယူနီဖောင်းဆိုတာ သီးသန့်ရှိပြီးသား၊ နောတို့ကျတော့ ဒီလိုပွဲတွေမှာ ဒီလိုဝတ်ရမယ်ဆိုတာ နောတို့ အလုပ်ဖြစ်တယ်။ ကိုယ်လုပ်ရမယ့် လုပ်ငန်းခွင်မှာ ကိုယ်ဝတ်ရမယ့် အဝတ်အစား ဝတ်တယ်။ မသိဘဲနဲ့ နားမလည်ဘဲ ပြောတဲ့သူတွေကို စိတ်လည်းမဆိုးဘူး။ ခွင့်လည်းလွှတ်တယ်” လို့ပြောပါတယ်။

ဂျေနောကတော့ လက်ရှိမှာ ဖိတ်ကြားထားတဲ့ပွဲတွေ တက်ရောက်ဖြစ်နေပြီး Myanmar International Fashion Week မှာ ရှိုးလျှောက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

The post ခန္ဓာကိုယ်မှာ ဘာခွဲစိတ်မှုမှ လုပ်မထားတဲ့ Supermodel ဂျေနော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...