Quantcast
Viewing all articles
Browse latest Browse all 7343

အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ ဆိုလိုက်တဲ့ အဆိုတော် Ariana Grande

အဆိုတော် Ariana Grande ကတော့ ခင်ပွန်းလောင်းဖြစ်ခဲ့ဖူးတဲ့ Pete Davidson နဲ့ လမ်းခွဲလိုက်ပြီးတဲ့ နောက်မှာတော့ အချစ်နဲ့ ပတ်သက်လို့ ပြင်းပြတဲ့ စကားလုံးအချို့ကို ပြောကြားလာခဲ့ပေမယ့် နောက်ဆုံး စိတ်ကုန်တယ် ဆိုတာလောက်နဲ့ပဲ အချစ်က အဆုံးသတ်တယ်လို့ ပြောခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Ariana က “တကယ်တော့ ကျမ နောက်တယောက် မလိုချင်ပါဘူး”လို့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက Twitter မှာ ရေးသားခဲ့ပြီး အဲဒီပို့စ်ကို ပြန်ဖျက်လိုက်ပါတယ်။

နောက်ပြီး သူက “အချစ်စစ်ဆိုတာ တကယ် မရှိပါဘူး။ ပျော်ရွှင်ဖို့ကောင်းတဲ့နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အချစ်ရေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက်မဲ့ နေခဲ့တဲ့ အချိန်ကိုလည်း ပြန်သတိရလာတယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းတွေကို Twitter ကနေ ပြန်ဖျက်ခဲ့ပြီးတဲ့နောက် အခု ဘာခံစားနေရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

သူက “အချစ်စစ်ဆိုတာ ရှိကောင်းရှိနိုင်ပေမယ့် ကျမကတော့ ဗိုက်ဆာနေရုံ သက်သက်ပဲလေ” လို့ပြန်လည်ရေးတင်ခဲ့ပါတယ်။ Ariana နဲ့ Pete တို့ဟာစေ့စပ်ခဲ့ပြီး ၄ လအကြာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာပဲ လမ်းခွဲပြတ်စဲခဲ့ကြတာပါ။

အဲဒီနောက် မကြာမီမှာပဲ Pete အတွက်သာမက ချစ်သူဟောင်းတွေဖြစ်တဲ့ Ricky Alvarez, Big Sean နဲ့ ကွယ်လွန်သူ Mac Miller တို့အကြောင်း ရင်ဖွင့်ထားတဲ့ အသည်းကွဲသီချင်းတပုဒ်ကို ထုတ်ခဲ့ပြီး အဲဒီသီချင်းဟာ ဂီတဇယားတော်တော်များများမှာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကတော့ Ariana ဟာ အစစအရာရာ အဆင်ပြေကြောင်းနဲ့ “Thank U, Next” သီချင်းရဲ့အောင်မြင်မှုကြောင့် စိတ်ချမ်းသာနေတယ်လို့ သတင်းရင်းမြစ်တခုက US Weekly ကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဂီတဗီဒီယိုထွက်ဖို့သာ စိတ်လှုပ်ရှားနေတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ ကြာချိန် ၅ မိနစ်နဲ့ ၃၀ စက္ကန့်ရှိတဲ့ဗီဒီယိုမှာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ခြံရံပြီး မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတာကို ပြသထားတဲ့အပြင် နာမည်ကျော် အချစ်ဟာသ ဇာတ်မြူးရုပ်ရှင်တွေဖြစ်တဲ့ “Mean Girls”, “13 Going on 30”, “Legally Blonde” နဲ့ “Bring It On” ရုပ်ရှင်တွေကိုလည်း ဂုဏ်ပြုဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

Ref: msn

The post အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ ဆိုလိုက်တဲ့ အဆိုတော် Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...