အဆိုတော် Katy Perry ဟာ ပရဟိတလေလံပွဲတခုမှာ ပရိသတ်တဦးထံကနေ လေလံအောင်ခဲ့ပြီး ချစ်သူ မင်းသား Orlando Bloom နဲ့အတူ နေ့လယ်စာစားဖို့ ဒေါ်လာ ၅ သောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
အခုနှစ် အစောပိုင်းတုန်းက မင်းသား Bloom နဲ့ အချစ်ဇာတ်လမ်း ပြန်စနေတဲ့ အဆိုတော် Katy ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမြို့မှာပြုလုပ်ခဲ့တဲ့ One Love ဖျော်ဖြေပွဲမှာ သူ့ရဲ့ချစ်သူနဲ့အတူ မော်တော်ဆိုင်ကယ်စီးပြီး နေ့လယ်စာစားခွင့် လေလံပစ်ပေးခဲ့ပါတယ်။
Katy က “ ဆိုလိုချင်တာက ရှင်တို့ဟာ သူနဲ့ မော်တော်ဆိုင်ကယ် လိုက်စီးပြီး ကျမလုံးဝ စိတ်မဝင်စားတဲ့ သူ့ကို ကိုင်ထားခွင့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သွားတွေကိုလည်း ကိုင်လို့ရမှာဖြစ်ပါတယ်။ တော်တော်လေးကို တန်ပါတယ်။ Orlando ကို ၄၅ မိနစ်လောက် ကိုင်ထားခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ မျက်လုံး အညိုရောင်တွေကိုလည်း ငေးကြည့်ခွင့်ရမှာ ဖြစ်ပါတယ်”လို့ ပရိသတ်တွေကို ပြောပါတယ်။
အဲဒီ့လေလံပွဲကို ကြမ်းခင်းဈေး ဒေါ်လာ ၂ သောင်းနဲ့ စတင်ခဲ့ပြီး “Laura” လို့ခေါ်တဲ့ အမျိုးသမီးတဦးက အဲဒီဈေးကို ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ် အဆိုတော် Katy က ရုတ်တရက်ဆိုသလို “Laura ရေ၊ ကျမ တောင်းပန်ပါတယ်။ ကျမ အဲဒါကို ဒေါ်လာ ၅ သောင်းနဲ့ ဝယ်လိုက်ပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်။
လေလံပစ်ပေးသူက “American Idol” ဒိုင်ဖြစ်တဲ့ Katy ဟာ လေလံပွဲမှာ အနိုင်ရခဲ့တဲ့ အကြောင်း အတည်ပြုပေးခဲ့ပါတယ်။ Katy ဟာ အဲဒီပရဟိတဖျော်ဖြေပွဲမှာ ကနဦးတုန်းက ဖျော်ဖြေခဲ့ပြီး အဲဒီကနေ ရတဲ့ငွေတွေကို ပြီးခဲ့တဲ့လတုန်းက ကယ်လီဖိုးနီးယားပြည်မှာ တောမီးသင့်ခဲ့ရသူတွေအတွက် ထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီရန်ပုံငွေဖျော်ဖြေပွဲမှာ Robin Thicke, Alanis Morissette, Rita Ora နဲ့ Gwen Stefani တို့လည်းပါဝင်ခဲ့ကြပြီး ရရှိတဲ့ငွေတွေကို One Love Malibu ရန်ပုံငွေနဲ့ The Malibu Foundation တို့ကို ခွဲပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။
Ref: aceshowbiz
The post ပရဟိတငွေ လှူဒါန်းဖို့ ချစ်သူ Orlando Bloom နဲ့ နေ့လယ်စာစားခွင့် လေလံပစ်ခဲ့တဲ့ Katy Perry appeared first on ဧရာဝတီ.