Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

$
0
0

တချို့သောသူတွေဟာ ငယ်ရွယ်စဉ်တည်းက ဘာလုပ်လုပ် အောင်မြင်သူတွေး ရှိကြသလို တချို့သောသူတွေကတော့ မိမိဝါသနာပါရာကို တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့ကြပြီး အသက်ကြီးမှ အောင်မြင် ကျော်ကြားခဲ့ကြရသူတွေလည်း ရှိပါတယ်။

မိမိရူးသွပ်တဲ့ ဘယ်အလုပ်ကိုမဆို ကြိုးစားအားထုတ်ကြသူတွေအတွက် အသက်အရွယ် ဆိုတာ ကိန်းဂဏန်း တခုသာဖြစ်ပြီး အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Stan Lee

မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Marvel Comics ရဲ့ဖခင်ကြီး Stan Lee ဟာဆိုရင် သူ့ရဲ့အောင်မြင်လှတဲ့ “The Fantastic Four”ကို သူ့အသက် ၃၉ နှစ်အရွယ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နောက်ထပ် အောင်မြင်ကျော်ကြားတဲ့ Spider-Man နဲ့ X-Men တို့ကို ဖန်တီးကာ ကမ္ဘာကျော်လာခဲ့ပါတယ်။

(၂) Samuel L Jackson

မင်းသားကြီး Samuel L Jackson ဟာဆိုရင် လက်ရှိအချိန်မှာ အနုပညာကြေးအများဆုံး ရရှိကြတဲ့ သရုပ်ဆောင် စာရင်းဝင်ဆိုပေမယ့် အရင့် အရင်အချိန်တွေတုန်းကတော့ ဇာတ်ပို့ သရုပ်ဆောင်တဦးအနေနဲ့သာ မထင်မရှား ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ဒါရိုက်တာ Quentin Tarantino ရဲ့ “Pulp Fiction” ဆိုတဲ့ ဇာတ်ကားမှာ လူသိများလာခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သူဟာ အသက် ၄၆ နှစ်ခန့် ရှိနေပါပြီ။

(၃) Morgan Freeman

မင်းသားကြီး Morgan Freeman ဟာ ၁၉၆၄ ခုနှစ်လောက်ကနေစပြီး အနုပညာအလုပ်တွေကို အင်တိုက်အားတိုက် ကြိုးစားပြုလုပ်ခဲ့ပေမယ့် ထင်သလောက် အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။ “Street smart”, “Shawshank Redemption” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အော်စကာဆုအတွက် လျာထားခြင်း ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Million Dollar Baby ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Vera Wang

နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Vera Wang ဟာ ဖက်ရှင်ဒီဇိုင်နာ လောကထဲ မဝင်ရောက်ခင်မှာ Vogue မဂ္ဂဇင်း အယ်ဒီတာအဖြစ် ၁၇ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အသက် ၄၀ နောက်ပိုင်းမှ ဖက်ရှင်လောကထဲကို ဝင်ရောက်ကာ ဖက်ရှင် ဒီဇိုင်နာတဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

(၅) Raymond Chandler

“The Big Sleep”, “The Long Goodbye” နဲ့ “The Little Sister” စတဲ့ စာအုပ်တွေနဲ့ နာမည်ကျော်ထင်ရှားခဲ့တဲ့ ဂန္တဝင်စာရေးဆရာကြီး Raymond Chandler ဟာ အသက် ၄၄ နှစ်နောက်ပိုင်းမှာ ဝတ္ထုရေးဆရာအဖြစ် ရပ်တည်ခဲ့ပြီး ငယ်ရွယ်စဉ်ကာလမှာတော့ ဂျာနယ်လစ်တဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Ref : www.businessinsider.com

The post အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...