Quantcast
Viewing all articles
Browse latest Browse all 7343

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဝေဖန်တာတွေ လျော့သွားအောင် ကြိုးစားမယ့် ကျော်ကျော်မျိုး

မကြာခင် ရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက Trailer ထွက်တုန်းက သရုပ်ဆောင်မှုကို အားမရခဲ့တာကြောင့် စတင်ရိုက်ကူးချိန်မှာတော့ ဝေဖန်တာတွေ လျော့သွားအောင် ကြိုးစားသွားမယ်လို့ ဧရာဝတီကိုပြောပါတယ်။

“အခု ဗိုလ်ချုပ်ရုပ်ရှင်က ဇာတ်ကား တကယ် ရိုက်တော့မယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အရင်တုန်းက ရပ်ထားတုန်းကတော့ နယ်ပြန်နေတယ်။ လူပဲ နည်းနည်းတော့ စိတ်ပျက်မိတာပေါ့။ ဒါရိုက်တာ ဘယ်သူပဲဖြစ်ဖြစ် ကျနော်ကတော့ ကျနော့်အလုပ် ကျနော်လုပ်မယ်။ အကောင်းဆုံးပြင်ဆင်ပြီး ရိုက်ကူးသွားမှာပါ”

“ကျနော် အခုတော့ ကျန်းမာရေး သိပ်မကောင်းလို့ နည်းနည် းပိန်သွားတယ်။ စိုးရိမ်စိတ်တော့ မရှိပါဘူး။ ကျနော်ပြင်ဆင်တာကတော့ အရင်ကတည်းက ပြောခဲ့သလိုပဲ ဗိုလ်ချုပ်အကြောင်းတွေ လေ့လာတာတို့ စစ်ရေးလေ့ကျင့်တာတို့ လုပ်နေတယ်။ အင်္ဂလိပ်လို လေ့ကျင်တာတို့၊ ဂျပန်လို လေ့ကျင့်တာတို့တော့ မပြတ်ဘူး။ လေ့လာဖြစ်တယ်”လို့ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ပါဝင်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက ပြောပါတယ်။

“ကျနော် ဘောလုံးသမားဘဝ နားချိန်မှာ ဘောလုံးအသင်းကနေ ထောက်ပံ့တယ်။ ဘောလုံးအသင်းကနားချိန်မှာ သာသနာရေး ယဉ်ကျေးမှုက ဆက်လက် ထောက်ပံ့တယ်။ ကျနော် ဇာတ်ညွှန်း ထွက်လာတာနဲ့ ဖိဖိစီးစီး လေ့ကျင့်ရုံပဲ။ Trailer ထွက်တုန်းက ကျနော် သရုပ်ဆောင်ကို အားမရခဲ့ဘူး။ အဲ့တွက် အခုပိုပြီးကြိုးစားပါမယ်။ ဝေဖန်တာတွေ လျော့သွားအောင် ကျနော် တကယ် ကြိုးစားသွားမှာပါ။ တုနှိုင်း မရှိတဲ့ ပုဂ္ဂိုလ်နေရာမှာ သရုပ်ဆောင်ရမှာဆိုတော့ ကျနော် အများကြီး ကြိုးစားမှာပါ”လို့ ကျော်ကျော်မျိုးက ပြောပါတယ်။

အချိန်ကာလ တခုကြာရပ်တန့်နေတဲ့ ဗိုလ်ချုုပ်ရုပ်ရှင်ကို သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးသွားမှာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

The post ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဝေဖန်တာတွေ လျော့သွားအောင် ကြိုးစားမယ့် ကျော်ကျော်မျိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...