Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အိန်ဂျယ်ရစ်ရစ်” နာမည်နဲ့ ခံစားချက်စာတွေ ရေးဖြစ်နေတဲ့ နွယ်နွယ်ထွန်း

$
0
0

ယခုနောက်ပိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Sexy ကျကျ ဓာတ်ပုံများကြောင့် အမျိုးသားထုရဲ့ ဝန်းရံမှုကို ခံနေရတဲ့ မော်ဒယ် နွယ်နွယ်ထွန်းကတော့ ထူးထူးဆန်းဆန်း ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတယ်လို့ ပြောပါတယ်။

“သူများမလုပ်တဲ့ အလုပ်ကို လုပ်ချင်တယ်။ ထူးထူးဆန်းဆန်း ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ ကိုယ်တိုင်က ဓာတ်ပုံဆရာဆိုရင် ဘယ်လိုရိုက်ရမလဲ ဆိုတာကို အိုင်ဒီယာ အမြဲရှိတယ်။ တခါတလေကိုယ်လုပ်ချင်တဲ့ဟာတွေက နေရာဒေသနဲ့ မကိုက်ညီတာမျိုးတွေ ရှိတယ်”လု့ိ နွယ်နွယ်ထွန်းက ပြောပါတယ်။

ခရီးသွားရတာကို ဝါသနာပါပြီး ဒဿနစာစုလေးတွေကိုလည်း “အိန်ဂျယ်ရစ်ရစ်”ဆိုတဲ့ နာမည်နဲ့ ရေးတာတွေ ရှိတယ်လို့ သိရပါတယ်။

“စာအုပ်တွေဘာတွေတော့ မထုတ်ဘူး။ အေးအေးဆေးဆေးနေတဲ့အချိန် စိတ်နဲ့ တိုက်ဆိုင်တဲ့ အခါမျိုးလေးတွေမှာ ရေးတာ များတယ်။ သက်သက်ကြီးကျတော့ ရေးလေ့ မရှိဘူး။ တခါတလေကျရင် Note ထဲမှာ ကြိုတင်ပြီးတော့ ရေးထားတာမျိုးတွေ ရှိတယ်။ အဲဒါတွေကို တင်ဖြစ်တာပါ” လို့ နွယ်နွယ်ထွန်းက ပြောပါတယ်။

ပရိသတ်တွေကတော့ သူမကို “ရစ်ရစ်”လို့ ချစ်စနိုးနဲ့ခေါ်ကြပြီး အဲဒီလိုခေါ်တဲ့ နာမည်လေးကိုလည်း သဘောကျ နှစ်သက်မိတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက စာရေးရင် အိန်ဂျယ်ရစ်ရစ်ပေါ့။ ဂျယ်ဂျယ်နဲ့ ရစ်ရစ်က အိမ်နာမည်ပဲ။ ကလောင်ပေါ့နော်။ အိန်ဂျယ်ရစ်ရစ်က။ ပရိသတ်တွေက ရစ်လို့ ခေါ်တယ်။ အိမ်မှာက ဂျယ်လို့ ခေါ်တယ်။ ရစ်ရစ်ဆိုတာက အခုဆိုရင် အရမ်းရင်းနှီးနေပြီ။ အိမ်မှာက ရစ်လို့ခေါ်လေ့ မရှိဘူး။ ဂျယ်လို့ပဲ ခေါ်တော့လေ။ ရစ်ရစ်လို့ခေါ်ရင် ပရိသတ်လို့ပဲ ခံစားရတယ်။ နွယ်နွယ်ထွန်းကတော့ အမေပေးထားတာပါ” လို့ နွယ်နွယ်ထွန်းက ပြောပါတယ်။

ဓာတ်ပုံလေးတွေနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးတဲ့ နောက်မှာတော့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာကို ကြည့်ပြီးတဲ့ နောက်မှာတော့ နွယ်နွယ်ထွန်းရဲ့ စကားပြောတဲ့ အသံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

“ဟိုတခါ အင်တာဗျူးမှာ ဂယက်ထလိုက်တယ်။ မီး Lighting ကြောင့် ထင်တယ်။ ပထမတော့ အဲဒီလိုတွေ အပြော မခံနိုင်ဘူး။ စိတ်မကောင်းဖြစ်တာပေါ့။ ချစ်သူတွေရော မုန်းတဲ့သူတွေကြောင့် ဘာပဲပြောပြော နွယ်နွယ်ထွန်းဆိုပြီး လူပိုသိစေတယ်။ အဲဒီအတွက်ကို ကျေနပ်ပါတယ်။ ပျော်ပါတယ်။ ကိုယ်က အပြင်မှာ သူတို့ပြောသလိုမျိုး မဟုတ်ဘူးလေ။ မဟုတ်တဲ့အတွက် တချိန်မှာ နားလည်လာမှာပါ” လို့ နွယ်နွယ်ထွန်းက ပြောပါတယ်။

စာရေးတဲ့အခါမှာ လက်နဲ့ ရေးရတဲ့အတွက် ကိစ္စမရှိပေမယ့် စကားပြောတာကိုတော့ သိပ်မပြောတတ်တာကြောင့် စကားပြောနှေးဖို့အတွက်လည်း လေ့ကျင့်နေရတယ်လို့ သိရပါတယ်။

“စာရေးတာက လက်နဲ့ရေးရတယ်။ စကားကျတော့ အဲဒီလောက်ကြီး မပြောတတ်ဘူး။ လူကြောက်တာရယ်။ အခုနောက်ပိုင်း ဓာတ်ပုံတွေပဲ ရိုက်ဖြစ်တော့ စာမရေးဖြစ်ဘူး။ စကားပြောတာ နှေးဖို့အတွက် လေ့ကျင့်နေတာ။ အိမ်မှာဆိုရင် လိုရင်းတိုရှင်း ပြောတာ များတယ်။ အင်တာဗျူးတွေဆို ကိုယ့်ဘာသာ တခါမှ ပြန်မကြည့်ဖြစ်ဘူး။ Live လွှင့်ရင်တောင် သိပ်စကား မပြောဘူး။ ကိုယ့်အသံက ကလေးအသံလိုလို ချွဲသလိုလို ဖြစ်နေတာ”လို့ နွယ်နွယ်ထွန်းက ပြောပါတယ်။

နွယ်နွယ်ထွန်းကတော့ နောက်ပိုင်းမှာလည်း Photo Model တယောက်အနေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ သိရပါတယ်။

The post “အိန်ဂျယ်ရစ်ရစ်” နာမည်နဲ့ ခံစားချက်စာတွေ ရေးဖြစ်နေတဲ့ နွယ်နွယ်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...