Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသွေး နောက်ဆုံး ပါဝင်ထားတဲ့ “သတ်ကွင်း”အတွက် ရင်ခုန်နေတဲ့ သားညီ

$
0
0

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားခဲ့တာ (၂) လတိတိ ပြည့်တဲ့ချိန်မှာ သူကိုယ်တိုင် ပုံဖော်ခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး သူဖြစ်ချင်တဲ့အတိုင်းဖြစ်ဖို့ အဆိုပါရုပ်ရှင်ရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့က သရုပ်ဆောင်နေတိုးရဲ့ Story Book စတူဒီယိုမှာ ပြုလုပ်ခဲ့ပါတယ်။

မင်းသွေး ကွယ်လွယ်ခြင်း ၂ လပြည့်တဲ့ နေ့မှာ ပြုလုပ်ခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ကား စာနယ်ဇင်းပွဲကို မင်းသွေး လုပ်ချင်တဲ့အတိုင်း ပြင်ဆင်ထားတယ်လို့ သားညီက သူ့ရဲ့ Facebook မှာ အခုလို ရေးသားထားတာတွေ့ရပါတယ်။

“သတ်ကွင်းကို ရုံရက် အတိအကျ သိရတဲ့အခါကျရင် Story Book Studio မှာ မီဒီယာတွေ ဖိတ်မယ်။ ပြီးရင် ဘောလုံးပွဲအတွက် မီဒီယာတွေကို အင်တာဗျူးဖြေသလိုမျိုး အဲ့လိုပွဲလေး လုပ်မယ်။ ဖြေမယ့်သူတွေက ရှေ့မှာ ထိုင်မယ်။ မီဒီယာတွေက မေးကြပေါ့။ မေးတဲ့သူရော ဖြေတဲ့သူရော၊ အိန္ဒြေရရနဲ့ပေါ့ဗျာ၊ အဲ့နေ့ကျမှ Trailer တင်မယ်။ အခု ရုံရက်လည်း သိရပြီပြဖို့လည်း အားလုံး အဆင်သင့်ဖြစ်နေပြီ။ ခင်ဗျားလုပ်ချင်တဲ့ ပွဲလေး ခင်ဗျား မရှိတော့ နှစ်လပြည့်တဲ့နေ့မှာ လုပ်ကြမယ်”လို့ သားညီက ရေးသားထားပါတယ်။

သားညီက မင်းသွေးကို သတိရမိတဲ့အချိန်တွေမှာ မျက်ရည်မကျအောင် ထိန်းထားပြီး ဒီဇာတ်ကားက မင်းသွေး အရမ်းကြိုးစားထားတဲ့ကားမို့ ရင်ခုန်နေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“မင်းသွေးကို သတိရမိတဲ့အချိန်တွေမှာ မျက်ရည်မကျအောင် ထိန်းတယ်။ ကျနော် မငိုသေးဘူး။ သတ်ကွင်း Press Show ပြတဲ့နေ့ ကျမှ ကျနော်ငိုမယ်။ အဲ့နေ့ကျရင်တော့ စုပြီးငိုမယ်။ အဓိက ဒီကားကသူပထမဆုံးနဲ့ နောက်ဆုံး ရိုက်သွားတဲ့ ခေါင်းဆောင် မင်းသားအနေနဲ့ ပါဝင်ထားတာ ပထမဆုံးနဲ့ နောက်ဆုံးကားပါပဲ။ သတ်ကွင်း ရုံတင်တော့မှာဆိုတော့ ရင်ခုန်ပါတယ်။ ကျနော့်ထက် မင်းသွေးအတွက် ပိုပြီး ရင်ခုန်ပါတယ်။ သူအရမ်းမျှော်လင့်ထားတဲ့ ကားဆိုတော့ ရင်ခုန်ပါတယ်”လို့ သားညီက ပြောပါတယ်။

“သတ်ကွင်း Page ကနေ တယောက်ချင်းစီ မိတ်ဆက်ပေးနေပြီး အနုပညာရှင်တွေ Page မှ ာမတင်တာက မင်းသွေး လုပ်ချင်ခဲ့တဲ့ဟာပေါ့။ သူက အဲ့ Page မှာ သူက တယောက်ချင်းစီရဲ့ အင်တာဗျူးတွေ တင်ချင်ခဲ့တာ။ ကျနော်တို့တွေ သူလုပ်ချင်တဲ့ ဆန္ဒတွေအတိုင်း အကုန် လုပ်လုပ်ပေးထားတယ်။ မင်းသွေးက တာအုပ်တခုကို လမ်းပြတဲ့ ဆမ် ဖြစ်ဖို့ ကျနော်ဖြစ်စေချင်တဲ့ အတိုင်း သူ ၈၀ ရာခိုင်နှုန်း ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။သူတကယ်ဖြစ်လား၊ မဖြစ်လားတော့ ဇာတ်ကားကိုကြည့်ပြီးဆုံးဖြတ်ပါလို့ပြောချင်ပါတယ်”လို့ သားညီက ဆိုပါတယ်။

“သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင်ရိုက်ကူးထားပြီး မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ သားညီ ရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးတယောက် မျှော်လင့်တောင့်တခဲ့ရတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

The post မင်းသွေး နောက်ဆုံး ပါဝင်ထားတဲ့ “သတ်ကွင်း”အတွက် ရင်ခုန်နေတဲ့ သားညီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...