Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ ခုနှစ်အတွင်း ပြီးဆုံးမယ့် နိုင်ငံတကာ ရုပ်ရှင်စီးရီးများ

$
0
0

ကြည့်ရှုသူတွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ ရုပ်ရှင်စီးရီးတော်တော်များများဟာ ၂၀၁၉ ခုနှစ်မှာ ပြီးဆုံးတော့မှာဖြစ်ပြီး ထွက်ရှိလာတော့မယ့် စီးရီးတိုင်းရဲ့နောက်ဆုံး Season တွေကိုလည်း ရင်ခုန်စွာ စောင့်မျှော်နေကြရပါတယ်။

(၁) Game of Thrones

စာရေးဆရာ George R.R. Martin ရဲ့ စာအုပ်စီးရီးတွေကို ရုပ်ရှင်စီးရီးအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ “Game of Thrones” ဟာ၂၀၁၉ ခုနှစ်မှာ အဆုံးသတ်မယ်လို့ HBO အနေနဲ့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ ဇာတ်အိမ် တခုလုံး များပြားတဲ့ ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားပြီး ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် သရုပ်ဆောင်တွေဟာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းတခု ဖြစ်မှာပါလို့လည်း အင်တာဗျူးအချို့မှာ ဖွင့်ဟခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ “Game of Thrones” ရဲ့ နောက်ဆုံး Season ကို စတင်ပြသတော့မှာ ဖြစ်ပါတယ်။

(၂) Gotham

Fox ရုပ်သံလိုင်းကနေ ပြသခဲ့တဲ့ Gotham တီဗီစီးရီးဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ စတင်ပြသမှာဖြစ်ပြီး Season 5 ဟာ စီးရီးရဲ့ အဆုံးသတ်အဖြစ် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး Season မှာတော့ “Batman : Zero Year Comics” စာအုပ်အပေါ် အခြေခံထားပြီး Episode ၁၀ ခုအထိ အနည်းဆုံး ပါဝင်တယ်လို့လည်း Cat Woman သရုပ်ဆောင် Camren Bicondova က သူမရဲ့ Instagram မှာ Live လွှင့်ရင်း အသိပေးခဲ့ပါတယ်။

(၃) Mr.Robot

အခု Mr.Robot စီးရီးဟာလည်း Season 4 မှာ ဇာတ်လမ်းတွဲ ၁၂ ခုနဲ့ ၂၀၁၉ ခုနှစ်မှာ အဆုံးသတ်မှာဖြစ်ပြီး စီးရီးရဲ့ စာရေးဆရာတယောက်ဖြစ်တဲ့ Sam Esmail ကတော့ သူဟာ ပထမနေ့ကတည်းကနေစပြီး စီးရီးရဲ့ အဆုံးသတ်အထိ တည်ဆောက်ခဲ့ပြီးပြီလို့ Hollywood Reporter နဲ့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

(၄) Agents of SHIELD

Season 6 မှာ ဇာတ်လမ်းတွဲ ၁၃ခုနဲ့ ၂၀၁၉ ခုနှစ်အတွင်း အဆုံးသတ်မှာကတော့ “Agents of SHIELD” ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နွေရာသီမှာ စတင်ပြသမှာဖြစ်ပြီး Marvel Comics Studio ရဲ့ Infinity War ပြသပြီးတဲ့အချိန်လို့လည်း သိရပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် Marvel Universe နဲ့ ပတ်သက်တဲ့ တီဗီစီးရီးအသစ်တွေနဲ့ ဘယ်လို ချိတ်ဆက်ထားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: www.simplemost.com

The post ၂၀၁၉ ခုနှစ်အတွင်း ပြီးဆုံးမယ့် နိုင်ငံတကာ ရုပ်ရှင်စီးရီးများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...