Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တကယ့် ဂီတပညာရှင်နဲ့ သူ့ဘာသာသူ စန်းထပြီး နာမည်ကြီးတာ မတူဘူး”

$
0
0

ဂီတလောကမှာ ယနေ့တိုင် လူကြီးလူငယ်မရွေး အားပေးနေကြတဲ့ ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ တကယ့်ဂီတပညာရှင်နဲ့ စန်းထပြီး နာမည်ကြီးတာနဲ့က မတူဘူးလို့ ပြောပါတယ်။

“ဒါကတော့ ၂မျိုးရှိတယ်။ နာမည်ကြီးချင်လို့ တမင်လုပ်တာဆိုရင် အိုကေတယ်လေ။ သူနာမည်ကြီးသွားတယ်။ ကျနော်တို့ကျတော့ မလုပ်ရရင် မနေနိုင်လို့ ရွေးချယ်မှုတခုအနေနဲ့ လုပ်ရတာကို နာမည်မကြီးလည်း လုပ်နေရမယ့် သဘော ရှိတယ်။ တကယ့် ဂီတပညာရှင်နဲ့ သူ့ဘာသာ စန်းထပြီး နာမည်ကြီးတာနဲ့တော့ မတူဘူးပေါ့။ ကျနော်တို့ကျတော့ စန်းထပြီး နာမည်မကြီးချင်ဘူး”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

စန်းထပြီး နာမည်ကြီးလာတာဟာ သူ့အတွက် အရမ်း ဒုက္ခရောက်စေပြီး ဘာဆက်လုပ်ရမှန်း မသိတဲ့အထိ ဘဝမျိုး ရောက်သွားခဲ့ဖူးတယ်လို့ ဇော်ဝင်းထွဋ်က ဒီနေ့ခေတ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

“အဲဒီလိုဆိုရင် ကျနော်တို့အတွက် အရမ်းဒုက္ခရောက်တယ်။ ဘာမှန်းညာမှန်း မသိဘဲနဲ့ ဘာဆက်လုပ်ရမှန်းတွေ မသိဘူး။ အဲဒီလိုဘဝမျိုးတွေ ရောက်ခဲ့ဖူးပါတယ်။ ဘာမှန်းညာမှန်း မသိဘဲ ကြိုက်ခဲ့ကြတဲ့အချိန်ပေါ့။ အဲဒီလိုမျိုးကျရင် ကိုယ်ကအရမ်း ဒုက္ခရောက်တယ်။ အဲဒီလို ဖြစ်တဲ့ ကလေးတွေကိုလည်း ဘဝမှတခါတော့ ထိပ်ဆုံးရောက်ဖူးတာပေါ့။ အဲဒါကို အပြည့်အဝ ခံစားလိုက်ပါ။ အချိန်တန်တော့ ပြီးသွားမှာပါ”လို့ ဇော်ဝင်းထွဋ်ကပြောပါတယ်။

နေရာတခု ရောက်အောင် ကြိုးစားနေတဲ့ လူငယ်များအတွက်လည်း ဇော်ဝင်းထွဋ်က သူ့ရဲ့အကြံပြုစကားကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ကိုယ်ဘာကြိုက်လဲဆိုတာကို ရှာဖွေဖို့ပါပဲ။ ကျနော်တို့လည်း ကိုယ် မကြိုက်တာတွေ မလိုချင်တာတွေကို ရှာဖွေရင်းနဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တာပါ။ ဘဝက တိုတိုလေး ဖြစ်တဲ့အတွက် အရသာရှိရှိနဲ့ သုံးဆောင်ပြီး ဖြတ်သန်းဖို့အတွက် အကြံပေးချင်ပါတယ်”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

ဂီတပိုင်းမှာတင်မကဘဲ ယခုအချိန်ထိ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး အမြဲဂရုစိုက်လေ့ ရှိတဲ့ ဇော်ဝင်းထွဋ်က ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူကြိုက်နှစ်သက်တဲ့ပုံစံကို ပြောပြခဲ့ပါတယ်။

“ဖက်ရှင်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးမျိုး ကြည့်လိုက်ရင် Musician ဆိုတဲ့ပုံစံ လွတ်လပ်တယ်ဆိုတဲ့ ပုံစံမျိုးဝတ်ပြတာများတယ်။ ကျနော်တို့ခေတ်တုန်းကတော့ အတင်းဝတ်ပြရတဲ့ ခေတ်တော့ ရှိခဲ့တာပေါ့နော်။ အဲဒီတုန်းကတော့ ဆံပင်အရှည်တွေ ထားနဲ့ပေါ့။ ဖက်ရှင်တခု အနေနဲ့ ပြီးသွားတာပါပဲ။ ကိုယ့်ရဲ့ Lifestyle ကို ဖော်ပြနေတဲ့ သက်သောင့်သက်သာဖြစ်မယ့် အဝတ်မျိုးကတော့ ပိုသဘာဝကျတယ်” လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

The post “တကယ့် ဂီတပညာရှင်နဲ့ သူ့ဘာသာသူ စန်းထပြီး နာမည်ကြီးတာ မတူဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...