Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုးဆုံးမှတ်ချက်ပေးခံရသည့် သရုပ်ဆောင်စာရင်းတွင် Jessica Alba ထိပ်ဆုံးရောက်

$
0
0

လူထုစစ်တမ်းအသစ်တခုရဲ့အဆိုအရ မင်းသမီး Jessica Alba ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်းမှာ အဆိုးဆုံး မှတ်ချက်ပေးခံရတဲ့ သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးမှာရပ်တည်နေတယ်လို့ သိရပါတယ်။

GoCompare.com ရဲ့ အဆိုအရ “Sin City” ရုပ်ရှင်မင်းသမီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုတာ ကာလအတွင်းမှာ အဆိုးဆုံးမှတ်ချက်ပေးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းကို သရုပ်ဆောင်တွေရဲ့ ပျှမ်းမျှဝေဖန်ခံရမှု အဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။

“Fantastic Four”, “Machete” နဲ့ “Good Luck Chuck” ရုပ်ရှင်တို့အပါအဝင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ရုပ်ရှင် ၃၅ ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Alba ဟာ ပျှမ်းမျှအမှတ် ၁၀၀ မှာ ၃၀ သာရရှိခဲ့ပြီး သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ မကောင်းမြင်မှတ်ချက်ပေးခံခဲ့ရပါတယ်။

မင်းသမီး Alba နဲ့အတူ “Valentine’s Day” ရုပ်ရှင်မှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jessica Biel ကတော့ ပျှမ်းမျှ ၄၁ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။

သူတို့ရဲ့အနောက်မှာတော့ Heather Graham, Radha Mitchell နဲ့ အော်စကာဆုရှင် Kathy Bates တို့က နံပါတ် ၅ အထိ အစဉ်လိုက်ရပ်တည်နေပါတယ်။

အမျိုးသားသရုပ်ဆောင်တွေဘက်မှာတော့ ဟာသပညာရှင် Mike Epps က ၃၈ ဒဿမ ၃ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေပါတယ်။ မင်းသား Epps ဟာ “Next Friday” ရုပ်ရှင်နဲ့ လူသိများပြီး “Hangover” ဇာတ်လမ်းတွဲမှာလည်း အရံအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

“A Few Good Men” နဲ့ “The Usual Suspects” တို့လိုမျိုး ဂန္တဝင်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Kevin Pollak ကတော့ ဒုတိယနေရာမှာရပ်တည်နေပြီး သူတို့ရဲ့ အနောက်မှာတော့ Josh Duhamel, Robin Williams နဲ့ Gerard Butler တို့က နံပါတ် ၅ အထိ အစဉ်လိုက်ရပ်တည်နေပါတယ်။

သီးခြားစဉ်ထုတ်ပြန်တဲ့ စာရင်းမှာ ထိပ်ဆုံးမှာရပ်တည်နေခဲ့ကြပေမယ့် Alba နဲ့ Epps တို့ဟာ မကြာမီမှာပဲ အနုပညာ လုပ်ငန်းတွေ ဆက်လုပ်သွားဦးမှာပါ။

၂၀၁၉ ခုနှစ်မှာ မင်းသား Epps ဟာ Neftlix ကနေ ထုတ်လုပ်တဲ့ “Dolemite Is My Name” ရုပ်ရှင်မှာ ပါဝင်မှာဖြစ်ပြီး မင်းသမီး Alba ကတော့ NBC ရုပ်သံလိုင်းရဲ့ “LA’s Finest” ဇာတ်လမ်းတွဲမှာ ပါဝင်လာဦးမှာပါ။ မင်းသမီး Alba ဟ ခန့်မှန်းချေဒေါ်လာ ၁ ဘီလီယံရှိတဲ့ Honest ကုမ္ပဏီအတွက်လည်း အလုပ်တွေ ရှုပ်နေသူဖြစ်ပါတယ်။

Ref: etcanada

The post အဆိုးဆုံးမှတ်ချက်ပေးခံရသည့် သရုပ်ဆောင်စာရင်းတွင် Jessica Alba ထိပ်ဆုံးရောက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...