Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နယူးဒေလီမြို့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra

$
0
0

Jonas Brothers အဖွဲ့မှာအဆိုတော် Nick Jonas နဲ့ အိန္ဒိယရုပ်ရှင်၊ အမေရိကန်ရုပ်သံစီးရီး မင်းသမီး Priyanka Chopra တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက နယူးဒေလီမြို့မှာ မင်္ဂလာဧည့်ခံပွဲတခုကို ပြုလုပ်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် ကနေ ဟောလိဝုဒ်စတားတွေအထိ တက်ရောက်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်းက Jodhpur မြို့မှာရှိတဲ့ နန်းတော်တခုမှာ ခရစ်ကတ်ပြိုင်ပွဲ၊ ဘောလိဝုဒ်သီချင်းတွေပါ ပါဝင်ခဲ့တဲ့ လက်ထပ်ပွဲတခု အပါအဝင် ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ပွဲတွေနောက်ပိုင်း နယူးဒေလီမှာရှိတဲ့ ဟိုတယ်တခုမှာ မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဧည့်ခံပွဲကို တက်ရောက်မယ့် ဧည့်သည်တော်စာရင်းမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi လည်းပါဝင်ခဲ့ပြီး သူတို့မင်္ဂလာမောင်နှံနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

အသက် ၃၆ နှစ်အရွယ် Chopra နဲ့ အသက် ၂၆ နှစ်အရွယ် Jonas တို့ဟာ ပြီးခဲ့တဲ့နှစ် အော်စကာပွဲပြီးပါတီမှာ အတူတွဲတက်ခဲ့ကြပြီးတဲ့နောက် အခုနှစ် အစောပိုင်းမှာပဲ စေ့စပ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ မယ်ကမ္ဘာဟောင်း မင်းသမီး Chopra ဟာ အမေရိကန် ရုပ်သံ ဒရမ်မာတခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်နိုင်ခဲ့တဲ့ ပထမဆုံးအိန္ဒိယသူ ဖြစ်ပါတယ်။ အိန္ဒိယမှာလည်း သူဟာ ဘောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံးရတဲ့ စတားတယောက်ဖြစ်ပါတယ်။

Nick နဲ့ သူတို့ညီအကိုတွေဖြစ်တဲ့ Kevin နဲ့ Joe တို့ဟာ Pop-rock တီးဝိုင်းတခုကို ထူထောင်ခဲ့ပါတယ်။ The Jonas Brothers တီးဝိုင်းဟာ ၂၀၀၅ ခုနှစ်မှာ Disney ရဲ့ ဆယ်ကျော်သစ်ကြယ်ပွင့်တွေအဖြစ် နာမည်ကျော်ခဲ့ ပါတယ်။

အဖွဲ့ကိုတော့ ၂၀၁၃ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ Nick ရဲ့ အကို Joe ရဲ့ ဇနီးလောင်း မင်းသမီး Sophie Turner လည်း တက်ရောက်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစလို့ မင်္ဂလာပွဲတွေကို ဆင်နွှဲလာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့အစောပိုင်းမှာတော့ သူ့ရဲ့ Instagram အကောင့်မှာ “အမြဲတမ်းဆိုတာ အခုစတင်ပြီ” လို့ရေးသားခဲ့ ပါတယ်။

Ref: asiaone

The post နယူးဒေလီမြို့မှာ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ