Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော် အသက်၄၅နှစ်ကျော်ပြီ နှလုံးသားက ၂၀မကျော်သေးဘူး”

$
0
0

ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဝေဠုကျော်က ပရိသတ်များတိုက်တွန်းမှုကြောင့် လူပျိုကြီးဘဝကို အဆုံးသတ်ဖို့ အစီအစဉ်ရှိကြောင်းနဲ့ ဖူးစာရှင်ရှာတွေ့ထားပြီလို့ မီဒီယာများကိုဆိုပါတယ်။

“ပရိသတ်တွေကလည်း လူပျိုကြီးဘဝကို အဆုံးသတ်ဖို့ ပြောနေကြတယ်။ ကျနော် အဆုံးသတ်ဖို့ ရှာတွေ့ထားတယ်။ မသေချာသေးလို့ သေချာရင်ပြောပါမယ်။ အမြန်ဆုံးအဆုံးသတ်ချင်နေပါပြီ။ လူဆိုတာ အမှားနဲ့ မကင်းတဲ့အတွက် အဲ့ အမှားတွေ အမှားတွေ ရှိနေသေးလို့ လိုအပ်တာလေးတွေ ရှိနေတာဖြစ်ပါလိမ့်မယ်။ ကျနော်အသိပေးမှာပါ။ ဘယ်တော့ ဆိုတော့ပြောဖို့စောပါသေးတယ်” လို့ ဆိုပါတယ်။

ဝေဠုကျော်က လက်ရှိမှာပရဟိတလုပ်ငန်းများကိုသာ လုပ်ကိုင်နေပြီး အနုပညာအလုပ်ကို မလုပ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ရိုက်ကူးဖို့ အစီအစဉ်ရှိနေပြီး လက်ရှိမှာ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းများပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“အနုပညာအလုပ်က ဘာမှမလုပ်ဖြစ်သေးဘူး။ ဒါပေမယ့် ကျနော်ကားပြန်ရိုက်ဖို့ လုပ်နေပါတယ်။ ကျနော်ပိန်သွားတဲ့ အတွက် Body Beauty ပြန်ကစားနေရတယ်။ အနုပညာအလုပ်တွေ ရပ်လိုက်တာမဟုတ်ပါဘူး။ ကျနော်ပြန်လုပ်မှာပါ။ ကျနော်ကိုကမ်းလှမ်းတာတော့ မရှိသေးဘူး။ မကမ်းလှမ်းလည်း ကိုယ့်ဟာကိုယ့်ထုတ်ရိုက်မယ်”

“ကျနော်နဲ့လိုက်တဲ့ ဇာတ်မျိုးကိုစဉ်းစားပြီးတော့ရိုက်မယ်။ စီအိုင်ဒီဘကောင်းလို ဇာတ်ကားကြီးလုပ်ဖို့ စဥိးစားနေတယ်။ ဘဦးဇာတ်ကားက အဆုံးမသတ်ရသေးဘူး။ ကျနော်ဘဝလည်း အဆုံးမသတ်ရသေးဘူး။ ဘကောင်းကို အဆုံးသတ်ဖြစ်မလား။ ဘဦးကို အဆုံးသတ်ဖြစ်မလား။ လူပျိုကြီးဘဝကို အဆုံးသတ်ဖြစ်မလား။ တခုခုတော့ အရင်လုပ်ရမှာပါ”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာ မွေးနေ့ပြုလုပ်ခဲ့ပြီး မွေးနေ့နဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ကျနော့်မွေးနေ့မှာ ကျနော့်ညီမတွေက ဝိုင်းပြီးတော့ မွေးနေ့ကိတ်လေး လုပ်ပေးကြတယ်။ ကျနော်မွေးနေ့မလုပ်ဘူး။ ကျနော် Brand တွေလည်း မရှိဘူး။ ကျနော်ပြည်သူတွေအတွက် ဘာလေးလုပ်ပေးခဲ့လဲပဲ စိတ်ဝင်စားတယ်။ ကျနော်မှာ တန်ဖိုးကြီးဆိုလို့ ချစ်တတ်တာလေးပဲရှိပါတယ်။ ကျနော် အသက်၄၅နှစ်ကျော်ပြီ နှလုံးသားက ၂၀မကျော်သေးဘူး”လို့ ပြောပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်တာဖြစ်ပါတယ်။

The post “ကျနော် အသက်၄၅နှစ်ကျော်ပြီ နှလုံးသားက ၂၀မကျော်သေးဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...