Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

‘Resident Evil’ ရုပ်ရှင်ကို အသွင်သစ်ဖြင့် ပြန်လည် ကြည့်ရှုရတော့မည်

$
0
0

ကမ္ဘာကျော် “Resident Evil” ရုပ်ရှင်ဟာ မကြာမီ ပရိသတ်ရှေ့မှောက် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပြီး အဲဒီအသစ်ပြန်လည်ဖန်တီးမယ့် ရုပ်ရှင်အတွက်လည်း ဗီဒီယိုဂိမ်းကို တပါတည်း ဖန်တီးနေပြီလို့ Variety မီဒီယာက ပြောဆိုပါတယ်။

Variety ရဲ့ အဆိုအရ “47 Meters Down” ရုပ်ရှင်ဒါရိုက်တာ Johannes Roberts က အဲဒီအသစ်ဆန်းသစ်ရိုက်ကူးမယ့် ရုပ်ရှင်ကို တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။ အရင်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်အတွဲတွေဟာ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံအထိရရှိခဲ့ပြီး ဗီဒီယိုဂိမ်းတခုကို အခြေခံတဲ့ ရုပ်ရှင်အတွဲလိုက်တွေထဲမှာ ဝင်ငွေအများဆုံး ဖြစ်ပါတယ်။

“Resident Evil” ရဲ့ မူရင်းရုပ်ရှင် ၆ ခုမှာတော့ မင်းသမီး Milla Jovovich က Zombie တွေကို သတ်ဖြတ်ရတဲ့ Alice အဖြစ် ပါဝင်ထားပြီး သိပ္ပံဆိုင်ရာစမ်းသပ်ချက်တခု မှားယွင်းခဲ့ပြီးတဲ့နောက် Raccoon City မြို့မှာ လူသေကောင်တွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့သူဖြစ်ပါတယ်။

မကြာသေးခင်ကထွက်ရှိခဲ့တဲ့ “The Final Chapter” ဆိုတဲ့နာမည်နဲ့ “Resident Evil” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၃၁၂ သန်းရရှိခဲ့ပြီး အဲဒီ့အထဲက ဒေါ်လာ သန်း ၁၆၀ ဟာ တရုတ်နိုင်ငံကနေ ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုပ်ရှင် ၆ ခုလုံးမှာ သရုပ်ဆောင်ခဲ့ပေမယ့် မင်းသမီး Jovovich ဟာ အခုအသစ်တဖန် ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်လာဖို့ မသေချာသေးဘဲ သရုပ်ဆောင်အသစ်တွေနဲ့အတူ ၂၀၁၉ ခုနှစ်ထဲမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒါရိုက်တာ Roberts က “47 Meters Down: The Next Chapter” ရုပ်ရှင်ကို ပြီးစီးအောင် ဖန်တီးဖို့ အချိန်လိုအပ်နေပါသေးတယ်။

အဲဒီပြန်လည် ဆန်းသစ်ရိုက်ကူးမယ့် သတင်းဟာ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပြီး အရင်ရုပ်ရှင်တွေထက် အခုရုပ်ရှင်အသစ်ဟာ ဗီဒီယိုဂိမ်းနဲ့ ပိုမိုနီးစပ်တူညီမယ်လို့ မျှော်လင့်ထားကြပါတယ်။

Ref: etcanada

The post ‘Resident Evil’ ရုပ်ရှင်ကို အသွင်သစ်ဖြင့် ပြန်လည် ကြည့်ရှုရတော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...