Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရန်သူ”ဇာတ်ဝင်ခန်းမှာ ဝတ်မှုံရွှေရည်ကို ပါးရိုက်ဖို့ ကြောက်နေခဲ့တဲ့ နေခြည်ဦး

$
0
0

Beauty Blogger တဦးအနေနဲ့ ပရိသတ်တွေ သိရှိထားတဲ့ နေခြည်ဦးဟာ “ရန်သူ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်တဲ့အခါ ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“မကစ်ကို ပါးရိုက်ဖို့ အရမ်းကြောက်နေတာ။ အဲ့လိုရိုက်ဖို့အတွက် သူငယ်ချင်းတွေကို တန်းဆီပြီး ပါးရိုက်လေ့ကျင့်တယ်။ တကယ်လည်း ရိုက်မယ်ဆိုတော့ ထိပ်တန်း မင်းသမီးလေးလေ ကိုယ့်ထက်လည်း စီနီယာကျတယ်။ မတော်လို့ ထိမိသွားရင် ပြဿနာတက်မှာစိုးလို့ မကစ်ကန်တော့ဆိုပြီး ကင်မရာလှည့်ကွက်တွေနဲ့ အရမ်းပီပြင်သွားတာပါ” လို့ နေခြည်ဦးက ပြောပါတယ်။

“ရန်သူ” ဇာတ်ကားက နေခြည်ဦးရဲ့ သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဒီကားကို စရိုက်ကတည်းက အမှတ်တရတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

“ဘဝမှာ မမေ့နိုင်မယ့် ကားလေးတကားပါ။ ပထမဆုံးကားဆိုပေမယ့် နေရာတနေရာ ရတဲ့ ကားလေးတကားပါ။ အရမ်း ဝမ်းသာပါတယ်။ ဒီကားထဲမှာ “လေပြေနု”ဆိုတဲ့ ကာရိုက်တာနဲ့ အပြင်ကာရိုက်တာက တခြားစီပဲပေါ့နော်။ နေခြည် အများကြီးကျေနပ်ပါတယ်။ အောင်မှတ်ရတယ်လို့ပြောတယ်။ အကုန်လုံးကတော့ ၄၀ ကျော်တယ် ပြောတယ်”

“ နေခြည်ကအပြင်မှာ စပ်စလူးစိန်ဆိုတော့ ဇာတ်ကားထဲမှာ ငြိမ်အောင် မနည်းထိန်းရတယ်။ အစပိုင်းမှာတော့ အရမ်းကြောက်နေတယ်။ နောက်ပိုင်းရိုက်ရင်းနဲ့ နယ်မှာပဲဖြစ်နေတော့ ဇာတ်ကားရိုက်တယ် ပြီးတော့ ဟိုတယ်ပြန်အိပ်တယ်။ အဲ့တော့ ဒီကာရိုက်တာကို မျောသွားတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

ဇာတ်ကားထဲမှာ Tom Boy အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်နဲ့ အပြိုင်သရုပ်ဆောင်ရတဲ့အတွက် ဒီအပေါ်ကိုလည်း အခုလို ဆိုပါတယ်။

“အပြင်မှာ နှစ်ယောက်လုရတာ မကြုံဘူးဘူးပေါ့။ Tom boy နဲ့လုရတာဆို ပိုမကြုံဘူးဘူးပေါ့။ ယောကျာ်းလေးတယောက် ကိုအပြင်မှာ ပြိုင်လုတာလေးတွေရှိမယ်ထင်တယ်။ ဒီကားလေးကို ဇာတ်ကားတကားအနေနဲ့ပဲ မြင်စေချင်ပါတယ်။ ဒီကားက တခြားဘာကိုမှ ရည်ရွယ်ပြီလုပ်ထားတာ မဟုတ်တဲ့ အတွက် အချစ်ဒရာမာကားတကားပါ။ အရမ်းလည်း ရင်ခုန်နေပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

“ရန်သူ” ဇာတ်ကားစပြမယ့် ပထမရက်မှာပဲ ရုပ်ရှင်ရုံတရုံလုံးရဲ့ပထမတထပ်လုံးစာ လက်မှတ်ကို နေခြည်ဦးက ဝယ်ယူထားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း နေခြည်ဦးက အခုလိုဆိုထားပါတယ်။

“သမ္မတအပေါ်တထပ်လုံး လက်မှတ်ဝယ်လိုက်တယ်ဆိုတာ နေခြည်အဖေ စိမ်းလဲ့တင် ဝန်ထမ်းက ၁၀၀ ကျော်ရှိတာ ဆိုတော့ နေခြည်က ရွှေစင်ဦးထုတ်လုပ်ရေးကို လက်မှတ်ပေးပါဆို မကောင်းဘူးလေ။ အမျိုးတွေကလည်း ကြည့်ချင်တယ်။ fan တွေကလည်း ထားခဲ့လို့ မရတော့ ရန်ကုန်က fan တွေရော မန္တလေးက fan တွေရော လေ။ အဲ့ဒါကြောင့် ပထမဦးဆုံးကားလေး ဖြစ်တော့ အမှတ်တရဖြစ်အောင်ယူလိုက်တာ”

“နေခြည်က အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းများတာကြောင့် ယူလိုက်တာကပါ။ တခြားဘာကြောင့်မှမဟုတ်ပါဘူး။ နေခြည်ငိုတဲ့ အခန်းတွေကို မကြိုက်ဘူး။ ပထမဦးဆုံးကားဆိုတော့ အမှားတွေကိုကြည့်ပြီး နောက်ကားတွေအတွက် ပြင်ဆင်မှာပါ”

“ ဒီကားမှာ နေခြည်ဘာမှ မခွဲစိတ်ဘဲ ပင်ကိုအလှနဲ့ရိုက်ခဲ့တဲ့ ကားပါ။ ကားထဲမှာတော့ ရုပ်ဆိုးတယ်လို့မြင်တယ်။ ငါ့ကို ဝေဖန် တိုက်ခိုက်မှုအရမ်းများတယ်။ အဲ့အတွက်ငါအရမ်းကောင်းအောင်အရမ်းကြိုးစားပြီး အရမ်းကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ကို သွင်းထားတယ်”လို့ နေခြည်ဦးက ဆိုပါတယ်။

နေခြည်ဦးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့”ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် နေမင်း၊ ဝတ်မှုံရွှေရည်နဲ့ အတူရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

The post “ရန်သူ”ဇာတ်ဝင်ခန်းမှာ ဝတ်မှုံရွှေရည်ကို ပါးရိုက်ဖို့ ကြောက်နေခဲ့တဲ့ နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles