Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Tom Boy တွေအကြောင်း သေချာလေ့လာပြီးမှ ရုပ်ရှင်ရိုက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

$
0
0

ကာရိုက်တာမျိုးစုံကို အံဝင်ခွင်ကျ သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်က “ရန်သူ” ဇာတ်ကားမှာတော့ Tom Boy ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာအတွက် Tom Boy တွေရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံဝတ်ပုံ စားပုံတွေ အကုန်လုံးလေ့လာသလို အပြင်မှာလည်း တကယ့် Tom Boyတွေနဲ့ စကားပြောကြည့်တယ်လို့ ဆိုပါတယ်။

“ ရန်သူဇာတ်ကားကို လက်ခံဖြစ်တာကတော့ “ဆန်းကြယ်” ဆိုတဲ့ ဇာတ်ရုပ်ကြောင့်ပါ။ ကစ်အတွက် ဇာတ်ရုပ်အသစ်ဖြစ်လို့ လက်ခံဖြစ်တာပါ။ ပြင်ဆင်မှုကတော့ ဒီဇာတ်ကား မရိုက်ခင်ကတည်းက Tom Boy တွေရဲ့နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံဝတ်ပုံ စားပုံတွေ အကုန်လုံးလေ့လာတယ်။ အပြင်မှာလည်း တကယ့် Tom Boy တွေနဲ့ စကားပြောကြည့်တယ်။ သူတို့နဲ့ တွေ့ဖြစ်တယ်။ သူတို့ လေယူလေသိမ်းတွေက အစလေ့လာတယ်”

“Tom Boy တွေမျိုးစုံရှိတယ်။ အဲ့မှာ ကိုယ်ကရော ဘယ်လို Tom Boy ပုံဖမ်းမလဲပေါ့။ ကိုယ့်စိတ်ကူးနဲ့ ပုံဖော်လိုက်တာပါ။ ဒီကားထဲမှာ ကိုယ့်ကိုယ်ကိုကတော့ အမြင်ကပ်စရာလေးပေါ့။ ရိုက်ချင်စရာလေးပေါ့။ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့ အတွက် ကျေနပ်တယ်။ ဇာတ်ရုပ်အသစ်တွေ ပရိသတ်ကို ပုံဖော်ရတာပျော်စရာပေါ့နော် ရိုက်ချင်စရာလေးပေါ့” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်က ဒီဇာတ်ကားမှာ နေခြည်ဦးနဲ့ အပြိုင်သရုပ်ဆောင်ထားပြီး LGBT (Lesbian, Gay, Bisexual, Transgender) တယောက်အဖြစ် ပါဝင်ထားတဲ့ ဒီအပေါ်ကိုလည်း အခုလို ဆိုပါတယ်။

“နေခြည်အတွက်လည်း ပထမဦးဆုံးကားဖြစ်တော့ အကြံပေးတာတွေလည်း ရှိတယ်။ ကိုနေမင်းတို့ ခြည်ခြည်တို့နဲ့ တိုင်တိုင်ပင်ပင်နဲ့ အပေးယူမျှမျှလေးလုပ်ခဲ့ ကြတယ်။ LGBT တွေကို ဘယ်လိုမှမမြင်ပါဘူး။ အားပေးတယ်။ LGBT တွေလက်ထဲမှာ ကြီးလာတာ။ အနုပညာလုပ်ကတည်းက သူတို့တွေနဲ့။ အဲ့တော့ သူတို့တွေနဲ့ တသွေးတည်း တသားတည်းတောင် ဖြစ်နေပြီ”

“သူတို့တွေဆီက ခွန်အားရတာတွေရှိတယ်။ ပညာရတာတွေ ရှိတယ်။ အားပေးတယ်။ သုံးပွင့်ဆိုင် အချစ်ကို ခံစားဖူးပါတယ်။ လတ်တလောတော့ ကြော်ငြာတွေရိုက်နေတယ်။ ပွဲတွေ တက်ဖြစ်တယ်။ လင်္ကာဒီပချစ်သူ ကဖို့ ရှိတယ်။ အဲ့ပြဇာတ်ကဖို့လဲ စာတွေရလိုက်မေ့လိုက်ပြန်ကျက်လိုက်နဲ့။ Ready တော့ဖြစ်နေပြီ”လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်း တယောက်ဖြစ်ပါတယ်။ “ရန်သူ” ဇာတ်ကားကိုတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post Tom Boy တွေအကြောင်း သေချာလေ့လာပြီးမှ ရုပ်ရှင်ရိုက်ခဲ့တဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...