Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိခင်အတွက် ဆံပင်ရှည်ကို စွန့်လွှတ်ပြီး ရဟန်းဝတ်မယ့် အဆိုတော် ဝန

$
0
0

အဆိုတော် ဝနက လတ်တလောမှာ သီချင်းကိစ္စ ၊ ရှိုးပွဲတွေအလုပ်များနေတဲ့အတွက် မင်္ဂလာပွဲကို နောက်ကို ဆုတ်ထားတယ်လို့ ဆိုပါတယ်။ “မင်္ဂလာပွဲကို နည်းနည်းနောက်ဆုတ်ထားတယ်။ သီချင်းကိစ္စ၊ ဒီရှိုးပွဲကိစ္စတွေ နဲ့ အလုပ်တွေများနေသေးလို့ပါ”လို့ ဝနက ဧရာဝတီကိုပြောပါတယ်။

အဆိုတော် ဝနက ဒီဇင်ဘာလ ၂၅ရက်နေ့၊မျှော်စင်ကျွန်းမှာကျင်းပမယ့် AGE OF YANGON ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေဖို့ရှိနေပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“အရမ်းပျော်ပါတယ်။ ကျနော်တို့အားလုံး ပြိုင်နေဆိုင်နေမယ့်အစား ဒီလို မြိုင်ဆိုင်သွားအောင် လက်တွဲလိုက်ကြတာ ကောင်းပါတယ်လို့။ ဘယ်လိုတွေဖျော်ဖြေမလဲ ဆိုတာကို တော့ စင်ပေါ်ရောက်တဲ့အချိန်တွေ့ရမှာပါ။ ဒါက ပရိသတ်တွေနဲ့ ကျနော်တို့ရဲ့ကြားက ခံစားသက်ဝင်မှုတွေလည်း ဖြစ်သွားတာ”

“ ကျနော်ကတော့ အနုပညာအတွက် အပြည့်အဝ အားစိုက်ထုတ်မှာပါ။ ကျန်တဲ့ ငွေကြေးပိုင်းကတော့ ကိုချမ်းချမ်းတို့ ဟောရက်စ်အန်တာတိန့်က တာဝန်ယူပြီး စီစဉ်မှာပါ”လို့ဝနက ဆိုပါတယ်။

ဆံပင်ရှည်ဖက်ရှင်နဲ့ ပရိသတ်အားပေးခြင်းခံခဲ့ရတဲ့ ဝနက ဆံပင်နဲ့ ပတ်သက်လို့လည်း ခုလိုပြောပါတယ်။

“ကျနော်က ဒီဆံပင်ကို ချစ်တာဗျ။ ယောက်ကျားတယောက်အနေနဲ့ ဒီဆံပင်ကို ဒီလိုထားတယ်ဆိုကတည်းက ဒီအပေါ် ဘယ်လောက်စိတ်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။ တခါတလေတော့ စိတ်ရှုပ်မိတာ ရှိပါတယ်။ တခါတလေဆို ခေါင်းကြီး ကိုချွတ်ထားချင်တာ။ ဒါပေမဲ့ အဲဒီလို စိတ်ညစ်တာထက်ကို ချစ်တာကပိုတဲ့အခါကျတော့ ခေါင်းပေါ်တင်ထားတာပေါ့”

“ ကျနော့် ဆရာပြောဖူးတယ်။ ငါတို့ ဂီတသမားတွေ ဆံပင်အရှည်ထားတယ်ဆိုတာ ခြောက်နေလို့၊ နွဲ့နေလို့ ထားတာမဟုတ်ဘူးတဲ့။ စင်ပေါ်ရောက်သွားရင် ငါတို့ရဲ့ဆံပင်က ငါတို့ရဲ့ အလံပဲတဲ့။ လက်ဦးဆရာတွေက အဲလိုမြှောက်ပေးထားတယ်ဗျ” လို့ ဝနက ပြောပါတယ်။

အမြဲဆံပင်ရှည်ထားတဲ့ ဝနက မကြာခင် ပဉ္ဇင်းတက်မယ့်အစီအစဉ် ရှိတယ်လို့ ဆိုပြီး မိခင်ဖြစ်သူအတွက် သာသနာ့ဘောင်ကို ဝင်ဖြစ်တာလို့ ဆိုပါတယ်။

“အမေ သက်ရှိထင်ရှား ရှိနေတုန်းလေး အမေ့အတွက် ရဟန်း ဝတ်ပေးချင်တာပါ။ အချိန်ကတော့ သေချာမပြောတတ်သေးပါဘူး။ ဝတ်ဖြစ်ဖို့များပါတယ်။ အဲဒီအတွက်လည်း အားပြိုင်နေတာပေါ့ဗျာ။ ကျွန်တော် အရမ်းတန်ဖိုးထားတဲ့ အရာကို အရမ်းတန်ဖိုးထားတဲ့အရာအတွက် စွန့့်လွှတ်မှာ။ ရိုးရိုးညှပ်တာထက် ဘုရားသားအဖြစ်ခံယူပြီး သင်္ဃန်းစည်းလိုက်တာ တန်ဖိုးပိုရှိတယ်ဆိုပြီး အဲဒီစိတ်နဲ့ လုပ်ဖြစ်မှာပါဆိုတော့ ပျော်တာပေါ့”လို့ နက ဆိုပါတယ်။

မကြာခင် ချစ်သူနဲ့လက်တွဲဖို့အစီအစဉ်ရှိတဲ့ဝနက အချစ်နဲ့ပတ်သက်ပြီးခံစားချက်ကိုလည်း အခုလိုပြောပြပါတယ်။

“အချစ်နဲ့ပဲ တည်ဆောက်ထားတယ်။ အားလုံး အချစ်အတိပြီးပါတယ်။ အချစ်နဲ့ပတ်သက်ရင် ဘဝတစ်ခုလုံးမှာ နံပတ်၁ပါပဲ”လို့ပြောပါတယ်။ အဆိုတော် ဝနက ဖျော်ဖြေရေးတွေကြောင့်မင်္ဂလာပွဲနောက်ဆုတ်ထားပေမယ့် အခွေကိုတော့ မင်္ဂလာပွဲပြီးမှ ထွက်တော့မယ်လို့လည်း ဧရာဝတီကို ပြောပါတယ်။

The post မိခင်အတွက် ဆံပင်ရှည်ကို စွန့်လွှတ်ပြီး ရဟန်းဝတ်မယ့် အဆိုတော် ဝန appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


လုလုအောင် HD အသစ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်