Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းရေးနေတဲ့ ရဲတိုက်

$
0
0

ပရိသတ်နဲ့ အချိန်ကာလတခုအကြာဝေးကွာသွားခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်က သူကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားနေတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ကျနော်ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုရဲ့ ဇာတ်ညွှန်းကို ကျနော်ရေးနေတယ်။ ကာရိုက်တာက အခုပုံဖော်နေတယ်။ ယောကျ်ားတယောက်ပါပဲ။ ချစ်တတ်တယ်။ တခြားခံစားချက်တွေလည်းရှိတယ်။ နောက်ပြီးတော့ သူ့ဆီမှာ နောက်ခံအကြောင်းတွေလည်းရှိတယ်” လို့ ရဲတိုက်ကပြောပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက အကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင်ရဲတိုက်က အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ၃ကားကို ရိုက်ကူးခဲ့ပြီးဖြစ်ပေမယ့် သူကိုယ်တိုင် စိတ်တိုင်းကျခဲ့တာကတော့ ၁ကားပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထောင်ထဲကထွက်လာပြီးတော့ ရိုက်ကူးလာတာ ၃ကားရှိပြီ။ အဲဒီ ၃ကားထဲမှာမှ တကားပဲ သေသေချာချာ သရုပ်ဆောင်ရတယ်။ ကျန်တဲ့ကားတွေက သိပ်စိတ်ကြိုက်မဟုတ်ဘဲ ရိုက်လိုက်တာတွေလည်းရှိတယ်။ လွတ်လာတဲ့အချိန်မှာ အလုပ်လုပ်ချင်တယ်။ သရုပ်ပဲဆောင်ချင်နေတယ်။ သရုပ်မဆောင်ရရင် မနေနိုင်ဘူးဆိုတော့ လုပ်စရာရှိတာတွေကို လုပ်တာပေါ့။ ဒါပါပဲ” လို့ ရဲတိုက်ကပြောပါတယ်။

ထောင်ထဲက လွတ်မြောက်လာခဲ့တာ အချိန်ကာလတခုအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် စိတ်ခံစားမှုများက အသားမကျသေးဘဲ ပုံမှန်ဘဝထဲကို မသွားနိုင်သေးသလိုမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။

“စိတ်ခံစားမှုကတော့ ထင်သလောက်တော့ မပျော်သေးဘူး။ အသားမကျသေးတာကြောင့်ပေါ့။ အဓိကကတော့ ကျနော်နဲ့ပဲ ဆိုင်ပါတယ်။ ခဏခဏနေမကောင်းဖြစ်တယ်။ အဲဒီလိုနေမကောင်းဖြစ်နေတဲ့အတွက် ပုံမှန်ဘဝထဲကို မသွားရသေးသလိုဖြစ်နေတာပေါ့နော်။ ကားတွေတော့ ရိုက်နေတယ်။ ကားတကားရိုက်လိုက် နေမကောင်းဖြစ်လိုက်နဲ့။ ပုံမှန်အလုပ်လုပ်တဲ့ကာလရယ်လို့ မရှိသေးဘူး။ အဲဒါကြောင့်ပါ” လို့ ရဲတိုက်က ပြောပါတယ်။

မကြာသေးမီအချိန်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရဲတိုက်နဲ့ ပတ်သက်တဲ့ကောလာဟလများ ထွက်ပေါ်လာပြီး အဆိုပါသတင်းများနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်မှုရှိရှိ သူ့အတွက်ပြဿနာမရှိဘူးလို့ ရဲတိုက်ကပြောပါတယ်။

“အဲဒီကိစ္စတွေကို အခုတခါတည်းပြောလိုက်ရင် ဒေါသထွက်လို့ ပြောလိုက်တယ်ဖြစ်မယ်။ အခုခေတ်မှာ ကျနော့်ကို Gay လို့ထင်ရင် ကောင်းတာပေါ့။ Gay တွေအများကြီးပဲ။ အဲဒီလိုမထင်ဘူးဆိုရင်လည်း ကောင်းတယ်။ ကျနော့်ကို ကြိုက်တဲ့ကောင်မလေးတွေအများကြီးပဲ”

“သူတို့က Gay လို့မထင်လို့ကြိုက်တာလေ။ Gay လို့ထင်ရင် ဘယ်ကောင်မလေးမှမကြိုက်ဘူး။ ဟုတ်တယ်လို့ ထင်တယ်ဆိုတဲ့သူကလည်း ဟုတ်တယ်လို့ထင်။ မဟုတ်ဘူးလို့ထင်တဲ့သူကလည်း မဟုတ်ဘူးလို့ထင်။ ကျနော့်အတွက် အဲဒါက ပြဿနာမရှိဘူး” လို့ ရဲတိုက်က ပြောပါတယ်။

The post ကိုယ်တိုင်ရိုက်ချင်တဲ့ ကာရိုက်တာတခုအတွက် ဇာတ်ညွှန်းရေးနေတဲ့ ရဲတိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...