Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယနိုင်ငံရဲ့ ဒေသအချို့မှာပြသခွင့်မရတဲ့ “Kedarnath” ရုပ်ရှင်

$
0
0

ဒီဇင်ဘာ ၇ ရက်မှာပဲ ရုံတင်တဲ့ “Kedarnath” အမည်ရှိ ဘောလိဝုဒ်ရုပ်ရှင်ဟာ ဟိန္ဒူဘာသာဝင်တချို့ရဲ့ ဆန္ဒပြမှုနဲ့ ကြုံတွေ့ရနိုင်တာကြောင့် ဥတ္တရကလန်ပြည်နယ်မှာရှိတဲ့ ခရိုင် ၇ ခုမှာ ပြသခွင့်တားမြစ်ခံလိုက် ရတယ်လို့ အကြီးတန်းအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

သူတို့ဒေသမှာ လက်ရှိ လက်ရှိအခြေအနေ ကြောင့် စိုးရိမ်မှုတွေမြင့်တက်နေလို့ District Magistrates ရုံးကနေ အဲဒီလိုဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြသခွင့်မပြုတဲ့ အဲဒီပြည်နယ်မှာရှိတဲ့ ခရိုင် ၇ ခုမှာတော့ ဟိန္ဒူဘာသာဝင်တွေက ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ပုံတူအရုပ်တွေကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ အဲဒီ ရုပ်ရှင်ဟာ မူစလင် သယ်ပို့သမားလေးတဦးနဲ့ Kedarnath ကို ဘုရားဖူးလာတဲ့ ဟိန္ဒူမိန်းကလေးတဦးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဘောလိဝုဒ်မင်းသား Sushant Singh Rajput နဲ့ မင်းသမီး Sara Ali Khan တို့က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။

ဇာတ်လမ်းအကြောင်းအရာကတော့ သက်တမ်းနှစ် ၂၀၀၀ ရှိပြီဖြစ်တဲ့ အရှင်သီဝဘုရားကျောင်း တခုမှာ ဘုရားဖူးဖို့ ၁၄ ကီလိုမီတာကွာဝေးတဲ့ Gauri Kund မြို့ကနေ Kedarnath မြို့အထိ ရောက်လာခဲ့တဲ့ မိန်းကလေး တဦးဟာ အများကိုကူညီတတ်ပြီး ပျော်ပျော်နေတတ်တဲ့ သယ်ပို့သမားတဦးနဲ့ ချစ်ကြိုး သွယ်မိခဲ့ပါတယ်။

ဒါပေမယ့် ကိုးကွယ်ရာဘာသာ မတူတာကြောင့် မိန်းကလေးရဲ့ မိဘတွေက ကန့်ကွက်ခဲ့ချိန် ရေကြီးမြေပြိုမှုနဲ့ ကြုံတွေ့လာခဲ့ပြီးတဲ့နောက် စစ်မှန်တဲ့အချစ်တခုဖြစ်ပေါ်လာပုံကို ဖော်ကျူးရိုက်ကူး ထားပါတယ်။

အဲဒီရုပ်ရှင်အပေါ် တားမြစ်ဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းတွေထဲမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ စိတ်နေ သဘောထားကို ထိခိုက်စေပြီး ဂျီဟတ်ဝါဒီကို ချစ်မြတ်နိုးစေဖို့ မြှင့်တင်ပေးတယ်လို့ စွပ်စွဲပြောဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာကတော့ မင်းသား Akshay Kumar နဲ့ Rajinikanth တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2.0 ရုပ်ရှင်က အောင်ပွဲခံနေပါတယ်။

“Thugs of Hindostan” ရုပ်ရှင်က မျှော်မှန်းသလောက် ဝင်ငွေမရခဲ့တဲ့ နောက်ပိုင်းမှာ ပရိသတ်အတော်လေးအားပေးတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာတော့ ရုံဝင်ငွေစာရင်း ထိပ်ဆုံးကို ရရှိဖို့ 2.0 နဲ့ Kedarnath တို့ရဲ့ ယှဉ်ပြိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Ref:indianexpres

The post အိန္ဒိယနိုင်ငံရဲ့ ဒေသအချို့မှာပြသခွင့်မရတဲ့ “Kedarnath” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...