Quantcast
Viewing all articles
Browse latest Browse all 7343

သတ်ကွင်း ရုပ်ရှင်ကားကို တောထဲမှာ တကယ်ဖြတ်သန်းပြီး ရိုက်ခဲ့တဲ့ စည်ဖြိုး

သတ်ကွင်း ဇာတ်ကားမှာ စည်သူအဖြစ်ပါဝင်ခဲ့တဲ့ စည်ဖြိုးက ဒီဇာတ်ကားကို တကယ့်တောထဲမှာ ဖြတ်သန်းပြီး အခက်အခဲတွေနဲ့ သွားရောက်ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

“သတ်ကွင်း ရုပ်ရှင်ကားတင်တာကို မင်းသွေးက အဖြတ်သန်းချင်ဆုံးနေ့လေးတနေ့ပါ။ သူဖြစ်စေချင်တဲ့ ဆန္ဒတွေအတိုင်းပဲ ကျနော်တို့ အကုန်လိုက်လုပ်ပေးဖြစ်တယ်။ သူသာရှိရင် အရမ်းပျော်မှာ အရမ်းသတိရနေပါတယ်။ ကျနော်တို့ အမှတ်တရတွေလည်းအများကြီးပဲ”

“ကျနော်တို့ ဒီကားအတွက် Location နေရာတွေ ကို လိုက်ရှာတယ်။ တကြိမ်တောင်မဟုတ်ဘူး။ ရိုက်ကူးတုန်းက တောထဲကို တကယ်ဖြတ်သန်းတဲ့ အနေနဲ့ ရေမချိုးဘူး။ မျက်နှာမသစ်ဘူး။ သွားမတိုက်ဘူး။ ကျနော်တို့ အနားဆို စက်အဖွဲ့တောင်မကပ်ချင်ဘူး”

“မင်းသွေးက ကားထဲမှာက လမ်းပြတယောက်။ အပြင်မှာတော့ တရားပြသွာတာပေါ့။ သူပြသွားတဲ့ တရားကတော့ ကြမ်းတယ်။ ဒီကားကရတဲ့ငွေလေးနဲ့ အလှူအတန်းတွေလုပ်ဦးမယ်။ နောက်ထပ်ခြေလှမ်းတွေ လုပ်ဦးမယ်လို့ပြောခဲ့တာ။ အခုတော့ သူမရှိတော့ဘူးပေါ့”လို့ စည်ဖြိုးက ပြောပါတယ်။

သတ်ကွင်းဇာတ်ကားမှာ အမှတ်တရရှိခဲ့တဲ့ ဒီကားရိုက်ကူးစဉ်က အမှတ်တရတွေကိုလည်း အခုလိုဆိုပါတယ်။

“ကျနော် သတ်ကွင်းရိုက်ရင်း သေရာပါအမှတ်တရက အူကျသွားခဲ့တယ်။ အခုချိန် အဲ့ဒီနာကျင်မှုကို အမှတ်တရအဖြစ် ပြန်ပြီးခံစားလို့ရပါတယ်။ အခက်အခဲတွေက အများကြီးပဲ။ ပြင်ဦးလွင်မှာ အရမ်းအေးတယ်။ ချောင်းဖြတ်တဲ့ အခန်းတွေဆို မေးရိုက်အောင်ချမ်းတာ။ စိတ်ကျေနပ်မှုရှိတယ်”

“Team ရခဲ့တော့ Team နဲ့ လုပ်ခဲ့တာ ကျေနပ်မှုရှိတယ်။ အားလည်းအားရတယ်။ ညီအစ်ကိုတွေဝိုင်းပြီး ကြိုးစားထား ကြတယ်။ ကျန်တာတော့ ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကျနော်တို့ အားလုံးနဲ့ စေတနာကို တန်ဖိုးထားပြီး အသိအမှတ်ပြုရင်ကျေနပ်ပါပြီ”လို့ စည်ဖြိုးကပြောပါတယ်။

စည်ဖြိုးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းတွေကို ရွေးချယ် ရိုက်ကူးလျှက်ရှိပါတယ်။ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင် ရိုက်ကူးထားပြီး မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။

“သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post သတ်ကွင်း ရုပ်ရှင်ကားကို တောထဲမှာ တကယ်ဖြတ်သန်းပြီး ရိုက်ခဲ့တဲ့ စည်ဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles