Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်္ဂလာပွဲအတွက် သတို့သမီးက ဘာမှမပြင်ရသေးဘူးဆိုတဲ့ ပိုင်ဖြိုးသု

$
0
0

အနုပညာရှင်စုံတွဲများထဲမှ တတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ၂ဦးက လွန်ခဲ့တဲ့လပိုင်းခန့်က စေ့စပ်ကြောင်းလမ်းထားခဲ့ကြပြီး ဇန်နဝါရီလအတွင်းမှာ မင်္ဂလာပွဲကို ကျင်းပတော့မှာဖြစ်ပေမယ့် သတို့သမီးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ မင်္ဂလာပွဲအတွက် ဘာမှမပြင်ဆင်ရသေးဘူးလို့ ပြောပါတယ်။

“မင်္ဂလာပွဲအတွက် ပြင်ဆင်လားဆိုရင် အမှန်အတိုင်းပြောရရင် သတို့သမီးလောင်းက ဘာမှမပြင်ဘူး။ ဘေးကလူတွေက ဝိုင်းပူပေးပြီး ဝိုင်းလုပ်ပေးနေကြတယ်။ ဒီဇိုင်နာအန်တီပေါက်တို့ ၊ မယုံး ၊ မမေဦးတို့ရော အကုန်လုံး ကိုဏကြီးနဲ့ တိုင်ပင်ပြီးလုပ်နေကြတယ်။ သုသုက ဘာမှမသိဘူး”လို့ပိုင်ဖြိုးသုက ပြောပါတယ်။

အလုပ်တွေကို လောဘကြီးနေတာကြောင့် မင်္ဂလာပွဲအတွက် စိုးရိမ်ဖို့မေ့နေခဲ့ပြီး Bella အလှကုန်ကြော်ငြာရိုက်ကူးမှု ပြုလုပ်ရာမှာ သတို့သမီးဝတ်စုံဖြင့် ရိုက်ကူးတဲ့အချိန်မှာတော့ မင်္ဂလာပွဲအတွက် နည်းနည်းကြောက်သွားခဲ့တယ်လို့ ပြောပါတယ်။

“အမှန်အတိုင်းပြောရရင် အစကကြောက်ဖို့တောင် သတိမရဘူး။ အလုပ်တွေလုပ်ပြီး လောဘကြီးနေတော့လေ။ Bella ကြော်ငြာရိုက်ရင်း သတို့သမီးဝတ်စုံဝတ်ရတယ်။ အဲဒီတော့မှ သတို့သမီးဝတ်စုံကိုဝတ်ရင်းနဲ့ သြော်…မင်္ဂလာပွဲနီးပြီဆိုပြီး တွေးပြီး နည်းနည်းကြောက်သွားတယ်” လို့ပိုင်ဖြိုးသုကပြောပါတယ်။

ပိုင်ဖြိုးသုက မင်္ဂလာပွဲကိုတော့ ရိုးရိုးရှင်းရှင်းနဲ့ ပွဲတပွဲသာပြုလုပ်သွားမှာဖြစ်ပြီး ဇန်နဝါရီလအတွင်းမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ဦးကတော့ ဇွန်လ ၂၁ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စေ့စပ်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ၂၀၁၈ ခုနှစ်ဟာ သူမရဲ့နှစ်လို့ ပြောရအောင် အောင်မြင်မှုများထူးခြားမှုများဖြင့် ဖြတ်သန်းခဲ့ပြီး မကြာခင်မှာလည်း မြန်မာ့ရုပ်ရှင်လောကကို ရုပ်ရှင်တကားထဲနဲ့ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် Now & Ever ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ အတူတွဲဖက်သရုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

The post မင်္ဂလာပွဲအတွက် သတို့သမီးက ဘာမှမပြင်ရသေးဘူးဆိုတဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...