မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်ဟန်တီကတော့ ကြိုးစားဖို့အများကြီး လိုအပ်သွားတဲ့အတွက် တောင်းပန်ပါတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှ တဆင့်ပြောထားပါတယ်။
ဟန်တီကတော့ Miss World 2018 ပြိုင်ပွဲကြီးရဲ့ Head to Head challenge မှာ Top ၂၅ ထိသာ ဝင်ရောက်နိုင်ခဲ့ပါတယ်။
“ချစ်ရတဲ့ မြန်မာပြည်အတွက် Head to Head challenge winner ဆုBWAP top25 ဝင်နိုင်ခဲ့ပါတယ်။ ကြိုးစားဖု့ိ အများကြီးလိုသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ရှင့်။ အားပေးခဲ့ကြတဲ ချစ်ရတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ဆက်လက်အားပေးကြပါဦးနော်။ ၁၂ရက်နေ့မှ ရန်ကုန်ပြန်လာမှာဖြစ်ပါတယ်။ ပြန်လာချင်နေပြီ။ သတိရနေပြီ” လို့ ဟန်တီက ပြောပါတယ်။
အဲ့ဒီ Miss World 2018 ပြိုင်ပွဲကြီးရဲ့ Grand Final ကိုတော့ ဒီဇင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံ Sanya မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ မှလာရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်များထဲမှ မက်ဆီကိုနိုင်ငံမှ အလှမယ်မှ Miss World 2018 ဆုကို ရရှိခဲ့ပါတယ်။
ဟန်တီကတော့ နိုဝင်ဘာလ ၉ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှထွက်ခွာပြီး တရုတ်နိုင်ငံ Sanya မြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဟန်တီ့အနေနဲ့လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပြီး အလားအလာကောင်းတဲ့ အလှမယ်တယောက်အနေနဲ့ ပရိသတ်များက မျှော်လင့်ထားခဲ့ကြပါတယ်။
Miss World ပြိုင်ပွဲကြီးကတော့ ကမ္ဘာ့အလှမယ်လောကမှာ ရှေးအကျဆုံး အမျိုးသမီးများကို တန်ဖိုးထားပြီး ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်စရာမလိုဘဲ ပြင်ပအလှတခုတည်းတင်မကတဲ့ Beauty with a purpose ဆိုတဲ့ ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်နေသော သက်ရှိများအားလုံးကို ကူညီပေးချင်တဲ့ စိတ်ထားအလှကိုသာ အဓိကထားတဲ့ အလှမယ်ပြိုင်ပွဲကြီးဖြစ်ပါတယ်။
ဟန်တီကတော့ ၂၀၁၂ခုနှစ်မှ စတင်ကာ Miss လောကထဲကို ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများစွာရရှိခဲ့ပါတယ်။
အဆိုပါ ဆုများစွာထဲမှ အကြီးမားဆုံးအနေနဲ့ ၂၀၁၄ခုနှစ်က ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supernation Internet နဲ့ Miss Supranational Asia and Oceania crown ဆုကိုရရှိခဲ့ပါတယ်။
The post Miss World ပြိုင်ပွဲမှာ ဆုမရခဲ့လို့ ပရိသတ်ကို တောင်းပန်တဲ့ အလှမယ်ဟန်တီ appeared first on ဧရာဝတီ.