Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပိုင်ဖြိုးသုကို ရွေးချယ်ဖြစ်တဲ့အကြောင်းပြောတဲ့ ဒါရိုက်တာခရစ္စတီးနားခီ

$
0
0

မကြာခင်မှာ ရိုက်ကူးတော့မယ့် ဒါရိုက်တာခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ ထာဝရနှောင်ကြိုး(Now & Ever ) မှာတော့ ပထမ ၂ကားမှာ ပရိသတ်အားပေးခဲ့တဲ့ ခွန်အားတွေကို ကောင်းကောင်းအသုံးချပြီး ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“၂ကားလုံးကို ပရိသတ်ကလက်ခံလို့ ဒီကားကျရင် ငါဂရုစိုက်ရမယ်လို့ဆိုပြီးတော့လည်း မလုပ်တော့ဘူးပေါ့။ ဒါပေမယ့် အစ်မသတိထားမိတာတခုကတော့ ဘယ်နေရာပဲသွားသွား ဒီနာမည်လေးကို ပရိသတ်ကမေးကြတယ်။ သိကြတယ်။ ရိုက်တောင်မရိုက်ရသေးဘူး။ နာမည်တခုနဲ့ရှိနေတယ်ဆိုတော့ ကောင်းစေချင်တယ်”

“ သူတို့က ကြိုးစားဖို့အတွက် ခွန်အားပေးလိုက်တာကို အစ်မတို့က ကောင်းကောင်းအသုံးချလိုက်ပါတယ်။ သူတို့ကို လေးလေးစားဆက်ဆံပါတယ်ဆိုတဲ့ အသိလေးတော့ သူတို့ဆီကို ရောက်သွားစေချင်တယ်။ အစ်မတို့ Team တခုလုံးကတော့ အရမ်းကြိုးစားမှာပဲ” လို့ ဒါရိုက်တာခရစ္စတီးနားခီက ပြောပါတယ်။

ဒီကားကတော့ ယခင်က သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့မတူညီဘဲ အိမ်ထောင်ရေးအချစ်ကားပုံစံအနေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ဒီကားထဲမှာ မြန်မာပြည်ရဲ့အလှအပတွေကိုလည်း ထည့်သွင်းရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။

“ဒီကားက အချစ်ကား။ အချစ်ကားဆိုရင် များသောအားဖြင့်သိကြတာ ကလေးလေး ၂ယောက်ချစ်ကြတာလို့ပဲ သိကြတာလေ။ အချစ်ဆိုတာကို တော်တော်များများသိကြတာ အိမ်ထောင်ကျသွားရင် ချစ်စရာမလိုတော့ဘူး။ သိပ်ပြီးတော့ အပိုတွေလုပ်စရာမလိုတော့ဘူးတို့ထင်တယ်ပေါ့”

“တကယ်တော့ အိမ်ထောင်ပဲကျကျ ဘာပဲကျကျ ရင်ထဲကအချစ်က တယောက်နဲ့တယောက် အမြဲရှိနေရမယ်။ ရာသက်ပန်ရှိနေရမယ်။ အိမ်ထောင်ကျလို့ တယောက်နဲ့တယောက် စိတ်ပြောင်းသွားတာတို့ ဝတ္တရားအရတို့ ကလေးရှိနေလို့တို့ဆိုတာမျိုးတွေ မဖြစ်ရဘူးပေါ့။ အဲဒါမျိုးပိုဆန်ပါတယ်” လို့ ဒါရိုက်တာခရစ္စတီးနားခီက ပြောပါတယ်။

ထာဝရနှောင်ကြိုး(Now & Ever ) ရဲ့ဇာတ်ညွှန်းကိုတောာ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီက ရေးသားထား တာဖြစ်ပြီး ဒီထဲမှာပါဝင်မယ့် သရုပ်ဆောင်များကိုလည်း လျှောက်လွှာလာတင်သူ လူ ၂ထောင်ကျော်ထဲမှ အဆင့်ဆင့်ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဇဏ်ခီနဲ့ တွဲဖက်ပြီးသရုပ်ဆောင်မယ့် မင်းသမီးကိုတော့ အကယ်ဒမီပိုင်ဖြိုးသုကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ညီမလေးကိုက နေဝင်အိပ်တန်းတက်မှာ စပြီးတော့ သတိထားမိတယ်။ နောက်တော့ ရွှေစင်ကြော်ငြာမှာ တူတူရိုက်တယ်။ အလုပ်လုပ်တာတော်တော့်ကို အလုပ်လုပ်လို့ကောင်းတယ်။ အချိန်တိကျတဲ့ ဒါရိုက်တာရဲ့ Direction ကို သေချာနားထောင်တယ်။ အလုပ်ချိန်တွင်းမှာလည်း သူ့ကိုပြောဆိုနေရတာမျိုး ဘာမှမရှိဘူးပေါ့။ Team တခုလုံးကလည်း ချစ်ပြီးသား။ ဇာတ်ညွှန်းရတော့လည်း သူ့ကိုချက်ချင်းတော့ ရွေးလို့မရသေးဘူး”

“သူ့ထက်လိုက်ဖက်ညီတဲ့သူ ရှိကောင်းရှိဦးမှာပဲဆိုပြီး တွေးထားတော့ လူ ၂ထောင်ကျော် လျှောက်လွှာကို သေချာကြည့်လိုက်တယ်။ အဲဒီကနေမှ လူ ၃၁၅ ယောက်ကို ရွေးလိုက်တယ်။ သူတို့တွေကို လူတွေ့ထပ်တွေ့တယ်။ ၃၆ယောက်ကို Final ခေါ်တယ်။ မိန်းကလေးတော်တော်များများက ဒီကာရိုက်တာကို လုပ်ကြည့်ရတာပဲ။ ဒါပေမယ့် အားလုံးလုပ်ကြည့်တဲ့အခါ ပိုင်ဖြိုးသုနဲ့ ကိုဇဏ်လို မျိုးဖြစ်မနေဘူး။ အဲဒါကတောာ့ Chemistry ပေါ့နော်။ လူ ၂ယောက်မြင်လိုက်တာနဲ့ သူတို့က ချစ်နေတယ်ဆိုတာမျိုး မဖြစ်နေဘူးပေါ့။ အဲဒါနဲ့ ပိုင်ဖြိုးသုကို စကားပြောကြည့်မယ် ဆိုပြီး ပြောကြည့်လိုက်တာ” လို့ ဒါရိုက်တာခရစ္စတီးနားခီက ပြောပါတယ်။

သရုပ်ဆောင်ဇဏ်ခီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ကို တွဲဖက်တွေ့မြင်ရတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေက ခီနဲ့မီ တွေ့ဆုံတော့မယ်လို့ပြောကြတဲ့အပေါ်မှာလည်း ဒါရိုက်တာခရစ္စတီးနားခီက အခုလိုဆိုပါတယ်။

“ဇာတ်ကွက်ကို ကျော်လွန်သွားလို့ လည်းမရဘူး။ ဇာတ်အိမ်ကိုလည်း ထပ်ချဲ့လို့လည်းမရဘူး။ ရှိတာလေးကိုပဲ ရှိတဲ့အတိုင်းလေးပဲ ပြဖို့အတွက် စီစဉ်ထားတယ်။ မီနဲ့ခီ လို့ပြောတဲ့အပေါ်မှာတော့ သူတို့ ၂ယောက်ပေါက်တာပေါ့။ ဒါကဝမ်းသာစရာအရမ်းကောင်းပါတယ်။ နောက်ပြီး ပရိသတ်ကလိုက်ဖက်ညီတယ်လို့ ပြောတော့ ကိုယ်ရွေးချယ်တဲ့ လမ်းကမှန်တယ်ဆိုပြီး ဝမ်းသာတယ်။” လို့ ပြောပါတယ်။

ထာဝရနှောင်ကြိုး (Now & Ever ) ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်များကတော့ ဇဏ်ခီ ၊ ပိုင်ဖြိုးသု ၊ မင်းညို ၊ ဂျူးဂျူးကေ ၊ ခင်သဇင် ၊ မြင့်စိုင်းသားအောင်အောင် ၊ ရဲနောင်ချို ၊ ဇူးဇူးဟန်နီထွေးနဲ့ တခြားသောအနုပညာရှင်များက ပါဝင်သွားမှာဖြစ်ပြီး ယခုလအတွင်းမှစတင်ကာ ဧပြီလအထိ ၄လကျော်ကြာ ရန်ကုန် ၊ ပုဂံ ၊ ပုပ္ပား ၊ ပူတာအို ၊ ငွေဆောင်တို့မှာ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

The post ပိုင်ဖြိုးသုကို ရွေးချယ်ဖြစ်တဲ့အကြောင်းပြောတဲ့ ဒါရိုက်တာခရစ္စတီးနားခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...