Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အင်ဒိုနီးရှား အွန်လိုင်းကုမ္ပဏီရဲ့ BLACKPINK အဖွဲ့ပါဝင်တဲ့ ကြော်ငြာ ဖြုတ်ချပေးရန် တောင်းဆိုခံရ

$
0
0

အင်ဒိုနီးရှားရုပ်သံထုတ်လွှင့်ရေး ကော်မရှင်အနေနဲ့ သူတို့ကုမ္ပဏီရဲ့ ကုန်ပစ္စည်းသံတမန်ဖြစ်တဲ့ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK ပါဝင်တဲ့ “Shopee” လို့ခေါ်တဲ့ အွန်လိုင်းစတိုးပေါ်က ကြော်ငြာကို ထုတ်လွှင့်ခြင်း မပြုဖို့ လူ ၈ သောင်းကျော်က အသနားခံစာအဖြစ် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

မိခင်တဦးဖြစ်သူ Maimon Herawati ဆိုသူက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ change.org အင်တာနက် ဝက်ဘ်ဆိုက်မှာ အဲဒီအသနားခံစာ လက်မှတ်ရေးထိုးမှုကို စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောဆိုချက်ထဲမှာတော့ အဲဒီ မိန်းကလေးအဆိုတော်အဖွဲ့ရဲ့ ဝတ်စုံတွေဟာ အရမ်းကို တိုလွန်းတာကြောင့်လို့ ဆိုထားပါတယ်။

သူက “အမျိုးသမီးအဖွဲ့တခုဟာ အရမ်းတိုပြတ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားကြပါတယ်။ ကလေးတွေ အနေနဲ့ ဒီလိုမျိုး မသင့်မလျော်ကန်တာကို အတုယူမှားသွားရင် ဘယ်လိုလုပ်မလဲ။ အဝတ်အစားတွေက သူ့တို့ရဲ့ ဒူးကိုတောင် မဖုံးပေးနိုင်ဘူး။ လှုပ်ရှားမှုနဲ့ မျက်နှာပေးတွေက လိင်စိတ်ကြွအောင် လှုံဆော်နေသလိုပဲ။ နိုင်ငံအတွက် စိုးရိမ်စရာ အနေအထားပါပဲ” လို့ ရေးသားထားပါတယ်။

သူဟာ အဲဒီအကြောင့်ကို သူ့ရဲ့ Facebook အကောင့်မှာလည်း တင်ခဲ့ပြီး အဖွဲ့ဝင် ၄ ဦးရဲ့ ခြေထောက်ကို ဝါးထားတဲ့ ဗီဒီယို မှတ်တမ်းဓာတ်ပုံကို ပြသခဲ့ပါတယ်။

သူက “ဒီကြော်ငြာကို ကလေးကြိုက် အစီအစဉ် တော်တော်များများမှာ ထုတ်လွှင့်နေပါတယ်။ အဲဒီထဲက အစီအစဉ် တခုဆိုရင် မိနစ်အနည်းငယ်တိုင်း ဒီကြော်ငြာကို ထုတ်လွှင့်ခဲ့ပါတယ်။ အနည်းဆုံးတော့ အဲဒီကုမ္ပဏီက ဒီလိုမျိုး အမြင်မတင့်တယ်တဲ့ ကြော်ငြာကို ကျမတို့ရဲ့ ကလေးကြိုက် အစီအစဉ်တွေမှာ ထုတ်လွှင့်နေတာမျိုး မကန့်သတ်ပေးနိုင်ရတာလဲ မသိဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းအထိတော့ လက်မှတ်ပေါင်း ၂ သောင်း ၇ ထောင်ရရှိထားပြီလို့ ဆိုပါတယ်။ ကုန်ပစ္စည်းသံတမန် BLACKPINK ပါဝင်ထားတဲ့ အဲဒီကြော်ငြာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကစလို့ YouTube မှာလွှင့်တင်ခဲ့ပြီး ကြည့်ရှုသူ ၂၈ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။

Ref: asiaone

The post အင်ဒိုနီးရှား အွန်လိုင်းကုမ္ပဏီရဲ့ BLACKPINK အဖွဲ့ပါဝင်တဲ့ ကြော်ငြာ ဖြုတ်ချပေးရန် တောင်းဆိုခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...