Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အတွက် အချစ်ရေးမစဉ်းစားသေးဘူး

$
0
0

အချစ်ရေးမှာ တည်ငြိမ်နေတဲ့ သရုပ်ဆောင်နန်းဆုဦးကအလုပ်ဘက်မှာ အာရုံစိုက်နေရတဲ့အတွက် အချစ်ရေးကို ဦးစားမပေးသေးဘူးလို့ ဆိုပါတယ်။

“အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အချိန်မလို့လည်း အချစ်ရေးဘက်ကို ဦးစားပေး မစဉ်းစားဖြစ်တော့တာလည်း ပါတယ်။ နန်းစု ကိုယ်တိုင်ကလည်း စိတ်မဝင်စားတာပါ ပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ထား တယ်။ စီးရီးတွဲနဲ့ ဇာတ်ကားနဲ့ ကွာခြားချက်ကတော့ အချိန်ပေးရတာနည်းနည်း ပိုကြာကြာပေးရတယ်”လို့ နန်းဆုဦးက ပြောပါတယ်။

နန်းဆုဦးက လတ်တလောမှာတော့ canal+ကလွှင့်မယ့် “ခရီးသွားကောက်ကြောင်း” အစီအစဉ်မှာ ပါဝင်ထားပြီး ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“canal+ကလွှင့်မယ့် “ခရီးသွားကောက်ကြောင်း” မှာ နန်းစု ကိုအလင်းရောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ ခရီးသွား ကောက်ကြောင်းဆိုတော့ ခရီးတွေသွားပြီး ရိုက်ရတဲ့ Documentary ပေါ့။ ခါတိုင်းရိုက်နေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူပါဘူး။ ရခိုင်ပြည်နယ်မြောက်ဦးရယ် ၊ငပလီရယ်မှာ သွားရောက်ရိုက်ကူးထားပါတယ်”

“ခရီးသွားရင်းထူးခြားမှုတွေတော့ မကြုံပါဘူး။ အခက်အခဲတွေတော့ရှိပါတယ်။ နေအရမ်းပူတာရယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် အရမ်းပူတာတွေကြောင့် အခက်အခဲတွေရှိပါတယ်။ ခရီးတွေသွားရတာ ဝါသနာပါတာကြောင့် ခရီးသွားပြီးရိုက် ရရင်ပျော်တယ်” လို့ နန်းဆုဦးက ပြောပါတယ်။

လတ်တလောမှာတော့ ကြောက်ကြောက်ကြောက် ၂ ဇာတ်ကားကြီးရိုက်ကူးနေပြီး ဇာတ်ကားတွေရိုက်ကူးမှု၊ ဇာတ်လမ်းတွဲရိုက်ကူးမှုအကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“အမြဲတမ်းတော့ ဇာတ်ကားတွေကို ကိုယ်လုပ်နိုင်မယ့် ကာရိုက်တာတွေကို ရွေးချယ်ပြီးရိုက်ကူးပါတယ်။ ကာရိုက်တာတွေ မစုံသေးတော့ အစုံလုပ်ချင်ပါတယ်။ စီးရီးတွဲနဲ့ ဇာတ်ကားနဲ့ ကွာခြားချက်ကတော့ အချိန်ပေးရတာနည်းနည်း ပိုကြာကြာ ပေးရတယ်”

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ နန်းစုဦးကတော့ ပရိသတ်တွေက ဖက်ရှင်အပိုင်း မှာလည်း ကိုယ်ပိုင် ဖက်ရှင်ဝတ်တာကိုသဘောကျတယ်လို့ဆိုပြီး၊ သူမအနေနဲ့ Sexy ပုံစံ အဝတ်အစားတွေကိုတော့ ဝတ်မှာ မဟုတ်ဘူးလို့ နန်းဆုဦးက ဆိုပါတယ်။

“ဖက်ရှင်က တနှစ် တနှစ်ပြောင်းလာတာ မဟုတ်ဘူး။ သူက Season အလိုက်ကို ပြောင်းလာတာဆိုတော့ ရာသီဥတု အပေါ်မှာလည်း မူတည်တယ်လေ။ နန်းစုက တချိန်လုံး ကားရိုက်နေရတာဆိုရင် ကားထဲက ကာရိုက်တာအတိုင်းပဲ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် သွားတဲ့ ဖက်ရှင်ကိုကျတော့ အပြင်သွားတဲ့ အခါကျမှ တင်ဖြစ်တယ်။ နန်းဆုက Sexy ပုံစံတွေ မကြိုက်ဘူး”လို့ နန်းဆုဦးကဆိုပါတယ်။

သရုပ်ဆောင်နန်းဆုဦး ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာပါ ပရိသတ်တွေ အားပေးမှု ရရှိထားတဲ့သူဖြစ်ပါတယ်။

The post အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အတွက် အချစ်ရေးမစဉ်းစားသေးဘူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...