Quantcast
Viewing all articles
Browse latest Browse all 7343

“Doctor Strange”နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၂၀ နွေဦးကာလတွင် ရိုက်ကူးမည်

“The Avengers” ရုပ်ရှင်စီးရီးရဲ့ “Endgame” ရုပ်ရှင်ကို လာမယ့်နှစ် ဧပြီလကုန်ပိုင်းလောက်မှာရုံတင်တော့မှာ ဖြစ်ပေမယ့် ‘Marvel’ က နောက်ထပ်စူပါဟီးရိုးနောက်ဆက်တွဲ ရုပ်ရှင်တခုအတွက်လည်း ပြင်ဆင်နေပါတယ်။ အခုတော့ “Doctor Strange” နောက်ဆက်တွဲ ရုပ်ရှင်ကို စတင်ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

The Hollywood Reporter မီဒီယာရဲ့ အဆိုအရ ပထမဆုံး “DoctorStrange” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ Scott Derrickson ကိုယ်တိုင် အခု ဒုတိယမြောက် ရုပ်ရှင်မှာလည်းသူကိုယ်တိုင် ပြန်လည်ရိုက်ကူးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းရေးသားဖို့အတွက်ရှာဖွေမှုကိုတော့ မကြာခင် စတင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စတူဒီယိုက လာမယ့် ၂၀၂၀ ခုနှစ်လောက်မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားပါတယ်။

မင်းသား Benedict Cumberbatch ကတော့ Sorcerer Supreme အဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်မယ်လို့ မျှော်လင့်ရပြီး Mystic Arts အဖြစ် Benedict Wong နဲ့ Stephen Strange ရဲ့ အချစ် Christine Palmer အဖြစ် မင်းသမီး Rachel McAdams လည်း ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

ရုပ်ရှင်အသစ်အတွက် ဇာတ်လမ်းအကြောင်းအရာ အသေးစိတ်ကို မသိရသေးပေမယ့် ပထမဆုံးရုပ်ရှင်ရဲ့ နောက်ဆုံးအပိုပြကွက်မှာ နောက်ရုပ်ရှင်မှာပါဝင်လာနိုင်ချေရှိတဲ့ ဗီလိန်ကို မိတ်ဆက်ထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Doctor Strange ဇာတ်ကောင်ကတော့ ပြီးခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်မှာ Thanos ရဲ့လက်ဖြောက် တချက်မှာတင် အခြားဇာတ်ကောင်တချို့နဲ့အတူ ပြာမှုန့်ဖြစ်သွားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် အခုရုပ်ရှင်အသစ်မှာ ဘယ်လိုပြန်လည်ရှင်သန်လာမလဲဆိုတာနဲ့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ရုံတင်တော့မယ့် “Avengers: Endgame” ရုပ်ရှင်တို့မှာ ဘယ်လိုပါဝင်လာမလဲဆိုတာ ပရိသတ်က အထူးစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Ref: aceshowbiz

The post “Doctor Strange” နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၂၀ နွေဦးကာလတွင် ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...