Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Time မဂ္ဂဇင်း အွန်လိုင်းစာဖတ်သူများ ရွေးချယ်တဲ့ “Person of the Year” BTS အဖွဲ့ သတ်မှတ်ခံရ

$
0
0

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ Times မဂ္ဂဇင်း အွန်လိုင်းစာဖတ်သူတွေကနေ မဲပေးရွေးချယ်ခဲ့တဲ့ “Person of the Year” အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ BTS အဖွဲ့ဟာ မဲအားလုံးရဲ့ ၉ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ဒုတိယနေရာမှာရှိတဲ့ Planet Earth ထက် ၀ ဒဿမ ၁၂ ရာခိုင်နှုန်း အသာရခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းက တောဝက်ဘောလုံးအသင်းကို ကယ်တင်ခဲ့တဲ့ ရေငုပ်သမားတွေကတော့ မဲအားလုံးရဲ့ ၆ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆော်လမန်က ၅ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယား သမ္မတမွန်းဂျယ်အင်းက ၄ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့တာပါ။

နံပါတ် ၁၀ အထိ ဝင်ခဲ့တဲ့သူတွေထဲမှာတော့ တင်းနစ်အားကစားမယ် Serena Williams၊ ဗြိတိန်မင်းသားဟယ်ရီရဲ့ ကြင်ယာတော် Meghan Markle၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ပုပ်ရဟန်းမင်းကြီး Francis တို့လည်း ပါဝင်ကြပါတယ်။

ကိုရီးယားဘာသာစကားနဲ့ (ဘန်တန်ဆိုညောဒန်) လို့ခေါ်ပြီး အင်္ဂလိပ်ဘာသာ စကားနဲ့ “Beyond the Scene” လို့ခေါ်ကြတဲ့ BTS အဖွဲ့ဟာ မကြာသေးမီကာလအတွင်းက နာမည် တဟုန်ထိုးကျော်ကြားလာခဲ့ပြီး ဂီတဇယားတွေမှာ နံပါတ် ၁ နေရာတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အာရှတလွှားမှာ စံချိန်များစွာကို တင်ခဲ့တဲ့ အဲဒီ အဖွဲ့ဟာ အမေရိကန်အားကစားကွင်းဖျော်ဖြေပွဲကို လက်မှတ်ကုန်စင်အောင် ပထမဆုံးရောင်းချခဲ့ရတဲ့ ကိုရီးယားအနုပညာရှင်အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ အနောက်တိုင်းရဲ့ ပရိသတ်တွေကိုလည်း ရရှိနိုင်ခဲ့ပါတယ်။ သူတို့ထဲက အဖွဲ့ဝင်တယောက်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး သူတို့သီချင်း အများစုကတော့ ကိုရီးယားဘာသာစကားနဲ့ သီဆိုထားကြတာဖြစ်ပါတယ်။

BTS အဖွဲ့နဲ့အတူ သီချင်းပူးပေါင်းထုတ်လုပ်ခဲ့ဖူးတဲ့ အမေရိကန်ဒီဂျေ Steve Aoki က “ဂီတဆိုတာ ကမ္ဘာကျော်ဖို့အတွက် အင်္ဂလိပ်လိုဖြစ်ဖို့ မလိုကြောင်း သက်သေပြခဲ့ခြင်းသာဖြစ်ကြောင်း” ပြောကြားထားပါတယ်။ တနှစ်တာအတွင်း သတင်းနှင့် ကမ္ဘာတဝန်းကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေပြီး လူအများစုအပေါ် လွှမ်းမိုးနိုင်သူများကို Times မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်ပေးလေ့ ရှိပါတယ်။

Ref: upi/dailymail

The post Time မဂ္ဂဇင်း အွန်လိုင်းစာဖတ်သူများ ရွေးချယ်တဲ့ “Person of the Year” BTS အဖွဲ့ သတ်မှတ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...