Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒေါ်လာသန်း ၁၀၀ အကုန်အကျခံ ကျင်းပခဲ့တဲ့ အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့သမီး မင်္ဂလာပွဲ

$
0
0

“Crazy Rich Asians” ရုပ်ရှင်ထဲကလိုပါပဲ။ အိန္ဒိယအချမ်းသာဆုံး သူဌေးကြီးရဲ့ တဦးတည်းသောသမီးလေးဟာ ရေကန်ဘေးက နန်းတော်တခုမှာ ဘီယွန်းစေးရဲ့ ဖျော်ဖြေပွဲအပါအဝင် ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေမှုတွေကို ရက်အနည်းငယ်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာပဲ လက်ထပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အိန္ဒိယသူဌေးကြီး Mukesh Ambani ရဲ့ သမီး မစ္စ Isha Ambani ဟာ ဘီလီယံနာစက်မှုလုပ်ငန်းရှင် Ajay Piramal ရဲ့ သား မစ္စတာ Anand Piramal နဲ့ မွမ်ဘိုင်းမြို့မှာရှိတဲ့ Ambani မိသားစုရဲ့ အထပ် ၂၇ ထပ်ပါ အိမ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

လက်မထပ်မီပွဲကြို ကျင်းပမှုတွေအနေနဲ့ သတို့သမီးရဲ့ အကြိုက်နှစ်သက်ဆုံး အဆိုတော် ဘီယွန်းစေးရဲ့ ဖျော်ဖြေပွဲ တခုအပါအဝင် သဲကန္တာရ အတွင်းမှာ ရှိတဲ့ ရာဂျစ်စတန်ပြည်နယ်က Udaipur မြို့ရဲ့ နန်းတော်တခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တက်ရောက်လာခဲ့ကြသူများထဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဂျွန်ကယ်ရီတို့အပြင် Salman Khan နဲ့ Aamir Khan တို့အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဘောလိဝုဒ်စတား တွေအပြင် ခရစ်ကတ်စူပါစတား Sachin Tendulkar တို့ ပါဝင်ခဲ့ပါတယ်။

အိန္ဒိယရဲ့ အချမ်းသာဆုံးသူဌေးကြီးရဲ့ သမီးမင်္ဂလာဆောင်ဖြစ်တဲ့ အတွက် အရင်က တိတ်ဆိတ်နေခဲ့တဲ့ လေဆိပ်မှာ စင်းလုံးငှားလေယာဉ်တွေ ရောက်ရှိလာခဲ့ပြီး မြို့အတွင်းမှာလည်း ဈေးကြီးတဲ့ ကားတွေနဲ့ ကျပ်ပိတ်ကုန်ပါတယ်။

မကြာသေးခင်ကမှ မင်္ဂလာပွဲဆင်နွှဲခဲ့ကြတဲ့ အမေရိကန်အဆိုတော် Nick Jonas နဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra တို့ကလည်း Pichola ကန်ဘေးမှာရှိတဲ့ City Palace နန်းတော်ကြီးကို ဧည့်သည်တော်အဖြစ် ရောက်လာခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲမှာတော့ နီးစပ်တဲ့သူငယ်ချင်းနဲ့ မိသားစုဝင်တွေအပြင် နိုင်ငံရေးသမားတွေ အပါအဝင် စုစုပေါင်း လူ ၆၀၀ လောက်တက်ရောက်ပြီး သီးသန့်ကျင်းပခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မွမ်ဘိုင်းမြို့တောင်ပိုင်းမှာရှိတဲ့ Antilia လို့ခေါ်တဲ့ Ambani မိသားစုရဲ့အိမ်တော်ကတော့ ဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

အိန္ဒိယသတင်းစာတွေမှာတော့ လက်ထပ်ပွဲရဲ့ စုစုပေါင်းကုန်ကျစရိတ်ခန့်မှန်းချက်ကို ထည့်သွင်းဖော်ပြနေကြပါတယ်။ ကွန်ဆာဗေးတစ်တွေကတော့ မင်္ဂလာပွဲစရိတ်ဟာ ဒေါ်လာ ၁၅ သန်းရှိတယ်လို့ ဆိုပေမယ့် တချို့ကတော့ ဒေါ်လာ သန်း ၁၀၀ လောက်က အဖြစ်မှန်နဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။

အသက် ၂၇ နှစ်အရွယ် မစ္စ Ambani နဲ့ အသက် ၃၃ နှစ်အရွယ် မစ္စတာ Piramal တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အီတလီနိုင်ငံမှာရှိတဲ့ Lake Como မှာ စေ့စပ်ခဲ့ကြပြီး အခုကျင်းပခဲ့တဲ့ မင်္ဂလာပွဲဟာ အိန္ဒိယရဲ့အကြီးမားဆုံး စက်မှုလုပ်ငန်းရှင်မိသားစုနှစ်ခု ရဲ့ မင်္ဂလာပွဲကြီးပဲဖြစ်ပါတယ်။

Ref:asiaone

The post ဒေါ်လာသန်း ၁၀၀ အကုန်အကျခံ ကျင်းပခဲ့တဲ့ အိန္ဒိယအချမ်းသာဆုံးသူဌေးကြီးရဲ့သမီး မင်္ဂလာပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...