Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရည်းစား တစ်ဝမ်းကွဲ”အဓိပ္ပာယ်သိချင်ရင် ရုပ်ရှင်လာကြည့်လို့ ဆိုလိုက်တဲ့ စိုင်းစိုင်း

$
0
0

စာရေးဆရာမ ဆုမြတ်မွန်မွန်ရဲ့ “သူမကို ကျနော်က တိမ်တွေပေါ်ကို ဆွဲတင်လိုက်တဲ့အခါ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်းဦး) ကပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ “ရည်းစား တစ်ဝမ်းကွဲ” ရုပ်ရှင်ကားမှာ ဖွေးဖွေးရဲ့ ပါဖောမန့်ကောင်းတာကြောင့် ပိုပြီးတော့ သွက်သွားတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ဒီဇာတ်ကားမှာ ကျနော်က အငြိမ် ၊ ဖွေးဖွေးက အသွက်ပေါ့။ အဲဒီလိုမျိုး ၂ယောက်မျှတအောင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးကို သွက်သွက်လက်လက်နဲ့ ကြည့်လို့ကောင်းတဲ့ ကားလေးဖြစ်လာတာကတော့ ဖွေးဖွေးရဲ့ ပါဖောမန့်တွေကြောင့်လည်း ပါပါတယ်။ ဒီကားလေးအောင်အောင်မြင်မြင်နဲ့ ရုံတင်နိုင်တဲ့အတွက် သူ့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကိုတော့ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က ရိုက်ကူးထားတာကြောင့် စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ သူ့ကိုယ်သူ ပြန်ကြည့်တဲ့အခါမှာ အခုထက်ပိုပြီး သွက်လက်ပေါ့ပါး ဖျတ်လတ်နေပြီး တကားလုံးကလည်း ရင်ခုန်ကြည်နူးဖို့ ကောင်းတယ်လို့ ပြောပါတယ်။

“ဒီကားက ၄ နှစ်လောက်ရှိပြီဆိုတော့ ကျနော့်ကိုယ် ကျနော်ကြည့်ရတာလည်း အခုထက်ပိုပြီးတော့ ငယ်တယ်။ ပိုပြီးတော့ ပေါ့ပါးတယ်။ ဖျတ်လတ်တယ်လို့ ခံစားရပါတယ်။ တကားလုံးကလည်း ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်နဲ့ ရင်ခုန်ဖို့လည်းကောင်းတယ်။ ကြည်နူးဖို့လည်းကောင်းတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ရည်းစား တစ်ဝမ်းကွဲ” ဆိုတဲ့နာမည်ပြောင်းလဲပေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ စိုင်းစိုင်းခမ်းလှိုင်က “ဒီကားကို စီစဉ်သူ မခင်စန္ဒာမြင့် ရည်းစား တစ်ဝမ်းကွဲလို့ နာမည်ပေးလိုက်တာပါ။ ရည်းစား တစ်ဝမ်းကွဲ ဆိုတဲ့နာမည်လေးက ဇာတ်လမ်းနဲ့လည်း လိုက်ဖက်ညီတယ်လို့ ခံစားရပါတယ်။ ဒီရက်ပိုင်းမှာတော့ ကျနော် ရည်းစား တစ်ဝမ်းကွဲကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ လျှောက်ဖွင့်နေတာပေါ့။ တကယ့်တကယ် ကျနော်တို့ပေးထားတဲ့ ရည်းစားတစ်ဝမ်းကွဲဆိုတဲ့ အဓိပ္ပာယ်ဘာလဲ ဆိုတာကတော့ ရုပ်ရှင်လာပြီးတော့ ကြည့်ပါ” လို့ ပြောပါတယ်။

“ရည်းစား တစ်ဝမ်းကွဲ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Heart & Soul နှင့် Frenzo Production မှ ထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်းဦး) ရိုက်ကူးထားကာ သရုပ်ဆောင်များအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ မြနှင်းရည်လွင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဂီတပိုင်းမှာ အောင်မြင်မှုများစွာ ရရှိလျက်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အများကြီးကြိုးစားနေပြီး လိုအပ်ချက်တွေတော့ ရှိနေတုန်းပဲလို့ ပြောပါတယ်။

“ကျနော် အများကြီးတော့ ကြိုးစားနေပါတယ်။ ဒီကားဆိုရင်လည်း ရိုက်ထားတာကြာနေပါပြီ။ လူဆိုတာတော့ တရက်ပြီးတရက်ကတော့ အဆင့်ဆင့်ပိုပြီး တိုးတက်ပြောင်းလဲလာရမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ အဲဒီလိုမျိုးဖြစ်အောင်လို့ ကြိုးတော့ကြိုးစားနေပါတယ်။ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပါပဲ”

“သေတဲ့အထိလည်း လိုအပ်ချက်ကရှိနေမှာပါပဲ။ ဒါပေမယ့်လည်း အစဉ်အမြဲမပြတ်တော့ တိုးတက်ချင်တဲ့စိတ်နဲ့တော့ ကြိုးစားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ရည်းစား တစ်ဝမ်းကွဲ”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒီဇင်ဘာလ ၂၁ရက်နေ့မှ စတင်ကာ မြန်မာတနိုင်လုံးက ရုပ်ရှင်ရုံများမှာ ပြသသွားတော့မှာ ဖြစ်ပါတယ်။

The post “ရည်းစား တစ်ဝမ်းကွဲ” အဓိပ္ပာယ်သိချင်ရင် ရုပ်ရှင်လာကြည့်လို့ ဆိုလိုက်တဲ့ စိုင်းစိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...