Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရာမ”ဇာတ်ကောင်ကို စိတ်ကူးထားတဲ့အတိုင်း ကြိုးစားတင်ဆက်သွားမယ့် ခါရာ

$
0
0

နိုင်ငံကျော် စာရေးဆရာ ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ဝတ္ထုကို ပြဇာတ်အဖြစ် ပြန်လည် ကပြ ဖျော်ဖြေမယ့် ပွဲကို မန္တလေးမြို့၊ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့များမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဲဒီပွဲမှာ ရာမအဖြစ် ပါဝင် ဖျော်ဖြေသွားမယ့် သရုပ်ဆောင်ခါရာကို ဝေဖန်မှုများရှိနေတာနဲ့ ပတ်သက်ပြီး သူက အခုလိုပဲ ဆိုပါတယ်။

“‘လင်္ကာဒီပချစ်သူ’မှာ ကျနော်ပါဝင်ထားတာ ဝေဖန်တာကို မစိုးရိမ်ပါဘူး။ ဝေဖန်တာကို စိုးရိမ်နေရင် ကျနော်ဒါကို လက်ခံမှာ မဟုတ်ပါဘူး။ ကျနော့် အခန်း ၄ ခန်း ပါတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ရာမဇာတ်ကောင်ကို ပရိသတ်တွေ စိတ်ကူးထားတဲ့ပုံစံမျိုး ဖြစ်အောင် ကြိုးစားတင်ဆက်သွားပါ့မယ်”လို့ ခါရာက ပြောပါတယ်။

လက်ရှိမှာတော့ ခါရာက Canal+ ရုပ်သံလိုင်းနဲ့အတူ “ခရီးသွားကောက်ကြောင်”း ရိုက်ကူးရေးမှာ ပါဝင်ထားပြီး မကြာခင် ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။

“ခရီးသွားကောက်ကြောင်းမှာ ကျနော် ခါရာ တကယ်ခရီးသွားနေသလိုမျိုး တကယ်ကိုကြုံကြိုက်နေသလိုမျိုး အဲ့လိုမျိုးရိုက်ထားတဲ့ သဘာဝကျတဲ့ ဇာတ်လမ်းတိုလေးပါ။ ခရီးတွေသွားခဲ့တဲ့အချိန်တွေမှာ မရောက်ဖူးတဲ့နေရာတွေ သွားရောက် ရိုက်ကူးခဲ့ရတယ်။ တောင်ကိုပတ်ပြီးဆိုင်ကယ် စီးရတယ်။ မြင်းတွေ စီးခဲ့ရတယ်။ ကန်တွေကိုဖောင်တွေနဲ့ ကူးခဲ့ရတယ်။ အဲ့တာတွေကတော့ အမှတ်တရပါပဲ။ အဲ့ရိုက်ကူးရေးမှာ မတွေဖူးတဲ့ ရူခင်းတွေတွေ့ရတော့ အရမ်းတန်ဖိုးရှိတဲ့ ရိုက်ကူးရေးဖြစ်ခဲ့တယ်”လို့ ခါရာက ပြောပါတယ်။

ဇာတ်ကားကောင်းတွေကို ရွေးချယ်ရိုက်ကူးနေတဲ့ ခါရာက ၂၀၁၉ မှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အက်ရှင်ကားတကား ချပြဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

“ကျနော့်အနေနဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးထားပါတယ်။ ရုံတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ကားကြီးတွေလည်း ရှိသလို ဆက်လက်ပြီးလည်း ရုပ်ရှင်ကားကောင်းတွေ ရိုက်ကူးနေပါတယ်။ ရုပ်ရှင်ချစ် ပရိတ်သတ်ကြီးများအတွက် မတူညီတဲ့ ရသတွေ ဖန်တီးမှုတွေကို အကောင်းဆုံး တင်ဆက်ချပြသွားပါမယ်။၂၀၁၉ မှာ ကျနော်တို့ ထုတ်လုပ်ရေးကနေ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အက်ရှင်ကားကောင်းတကား ချပြဖို့ပြင်ဆင်နေပါတယ်” လို့ သူက ဆိုပါတယ်။

The post “ရာမ”ဇာတ်ကောင်ကို စိတ်ကူးထားတဲ့အတိုင်း ကြိုးစားတင်ဆက်သွားမယ့် ခါရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...