Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

MAMA 2018 ဆုပေးပွဲမှာ “Worldwide Icon of the Year”ဆုကို ရရှိခဲ့တဲ့ BTS အဖွဲ့

$
0
0

နာမည်ကျော် တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ Mnet အာရှဂီတဆုပေးပွဲ (MAMA) ဆုပေးပွဲမှာ ပထမဆုံးချီးမြှင့်တဲ့ “Worldwide Icon of the Year” ဆုကို ရရှိခဲ့ပြီး အခြားမှတ်တမ်းသစ်တခုကို တင်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်း၊ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ “2018 MAMA Fans’ Choice in Japan” ဆုပေးပွဲမှာ အခုလိုမျိုး အသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

“Worldwide Icon of the Year”ဆုအပြင် BTS အဖွဲ့ဟာ “Worldwide Fans’ Choice Top 10” ၊ IDOL သီချင်းအတွက် “အကြိုက်နှစ်သက်ဆုံး ဂီတဗီဒီယိုဆု”နဲ့ “အကြိုက်ဆုံး အမျိုးသား အကအနုပညာရှင်ဆု” တို့ကိုလည်း ရရှိခဲ့ပါတယ်။

BTS အဖွဲ့ဟာ BLACKPINK, GOT7, MONSTA X, MAMAMOO, NCT 127, NU’EST W, SEVENTEEN, TWICE နဲ့ Wanna One အဖွဲ့တို့အပါအဝင် နာမည်ကျော် အဖွဲ့များကို ကျော်ဖြတ်ပြီး အဲဒီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Super Saitama Arena မှာ ကျင်းပခဲ့တဲ့ အဲဒီ့ပွဲမှာတော့ သူတို့အဖွဲ့ဟာ Billboard မှာ ထိပ်တန်းရောက်ခဲ့တဲ့ “FAKE LOVE” သီချင်းနဲ့ သူတို့ရဲ့ အယ်လ်ဘမ် “Love Yourself: Tear” အယ်လ်ဘမ်ထဲက “Anpanman” သီချင်း တို့ကိုလည်း ဖျော်ဖြေခဲ့ပါတယ်။

MAMA 2018 ဆုပေးပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက ကိုရီးယားမှာ ကျင်းပခဲ့ပြီး တက်သစ်စ ကိုရီးယားအနုပညာရှင်တွေကို ဆုပေးအပ်ခဲ့ပါတယ်။

နောက်ထပ်ကျင်းပမယ့် ဆုပေးပွဲကိုတော့ ဟောင်ကောင်မြို့မှာ လာမယ့်ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပဦးမှာပါ။ MAMA ဆုပေးပွဲဟာဖျော်ဖြေရေး ကုမ္ပဏီ CJ E&M ကနေ တင်ဆက်တဲ့ တောင်ကိုရီးယား ဂီတဆုပေးပွဲတခု ဖြစ်ပါတယ်။

Ref : asiaone

The post MAMA 2018 ဆုပေးပွဲမှာ “Worldwide Icon of the Year” ဆုကို ရရှိခဲ့တဲ့ BTS အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...