Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အစ်ကို စိုင်းစိုင်းက ကိုယ့်ထက် အများနုနေတယ်”လို့ ယိင်းယိင်းဝိုခမ်း ပြော

$
0
0

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ညီမဖြစ်သူ ယိင်းယိင်းဝိုခမ်းက အလှအပရေးရာ အရေပြားအထူးကုဆရာဝန်တဦးဖြစ်ပြီး လက်ရှိမှာလည်း SAI Cosmetixx ရဲ့ Product Development ပိုင်း နဲ့ Operation ပိုင်းမှာ တာဝန်ယူ ဆောင်ရွက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။

အရင်က သီချင်းတွေကို သီဆိုဖူးပြီး လက်ရှိမှာတော့ အလှအပအရေပြား ဆရာဝန်အလုပ်ကိုပဲ လုပ်ကိုင်ဖြစ်နေတဲ့ ယိင်းယိင်းက အစ်ကိုဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်က သူ့ထက် ပိုနုနေလို့ အားကျနေရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

Dr. ယိင်းက “သူက ကိုယ့်ထက်အများကြီး နုနေလို့ ကိုယ်တောင်သူ့ကို ပြန်အားကျနေရတာ” လို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosmetix နဲ့ ပတ်သက်ပြီးလည်း အခုလိုဆိုထားပါတယ်။

“ကိုစိုင်းစိုင်းက SAI cosmetix ကို တစိုက်မတ်မတ် အားပေးလာကြတဲ့ SAI cosmetix ချစ်သူတွေကို သူတို့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီတစ်ခေါက် ကံစမ်းမဲကို ငွေသားဆုလုပ်ထားတာပါ” လို့ ဆိုပါတယ်။

အရေပြားအလှအပဆိုင်ရာ ဆရာဝန်တဦးအနေနဲ့ အလှအပနဲ့ ပတ်သက်ပြီးလည်း အခုလိုအကြံပေးစကားကို ဆိုပါတယ်။

“အများအားဖြင့်ကတော့ ဆေးခန်းကိုလာတာက အရေပြားပြဿနာနဲ့ လာတာရှိသလို တချို့ကလည်း ရောဂါ ပြဿနာ တစုံတရာ မရှိဘဲ အလှအပကို ထိန်းသိမ်းချင်တာ ၊ လှပြီးသားကို ပိုလှချင်တာ၊ နုပျိုမှုကို ထိန်းသိမ်းချင်တာ၊ အဆီချချင်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ဆိုတာကျတော့လည်း ကိုယ့်ရဲ့အသားအရေဟာ ဘာဖြစ်နေတာလဲ အပေါ်မူတည်ပါတယ်”

“ဥပမာ-ဝက်ခြံတွေတအားပေါက်နေလား။ အဲဒါဆိုရင် ဆေးကုသမှု သေချာ ခံယူသင့်တဲ့အပြင် ဝက်ခြံနဲ့ မတည့် တဲ့ အစားအသောက်တွေ၊ ညဘက် အိပ်ရေးပျက်တာတွေ၊ Stress အရမ်းများတာတွေ၊ အဆီပြန်တဲ့ Skin Care တွေ သုံးမိတာတွေ ရှောင်ရမယ်။ မျက်နှာပေါ်က တင်းတိပ်မှည့်ခြောက် အစရှိသဖြင့် အမည်းစက်တွေ အတွက်ဆိုရင်တော့ အဓိက နေရောင်ခြည်ဒဏ်ကို ကာကွယ်ရမယ်။ စသဖြင့် ကိုယ့်ရဲ့အသားအရေပေါ်မူတည်ပြီးတော့မှ ဆင်ခြင်သွားရတာပေါ့”လို့ ယိင်းယိင်းဝိုခမ်းက ဆိုပါတယ်။

SAI cosmetix products တွေ အနေနဲ့ ပရိသတ်များအတွက် ဆောင်ရွက်ထားမှုကိုလည်း သူက အခုလိုဆိုပါတယ်။

“Cosmetics တွေအားလုံးကတော့ ဆရာဝန်တယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ဘယ်သူနဲ့မဆို ၁၀၀ ရာခိုင်နှုန်း တည့်ကိုတည့်ပါတယ်ဆိုတဲ့ အာမခံချက်တော့ ဘယ် Cosmetics ကမှ မပေးနိုင်ပါဘူး။ Allergy ဆိုတာမျိုးက တဦးတယောက်စီရဲ့ သွေးသားနဲ့ ဆိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် အသားအရေ အများစု နဲ့တော့ ကိုက်ညီပါတယ်ဆိုတာမျိုးတော့ ပြောလို့ရပါတယ်”လို့ သူကပြောပါတယ်။

အခုနောက်ပိုင်း အမျိုးသမီးများသာမက အမျိုးသားများပါ အလှအပကို စိတ်ဝင်စားလာကြတဲ့အပေါ် ယိင်းယိင်းက အခုလိုပြောပြပါတယ်။

“လှချင်တယ်ဆိုတာ ကောင်းတယ်လို့ ထင်တာပဲ။ လှနေတယ်ဆိုတာ ပျော်စရာပဲ။ စိတ်ချမ်းသာစရာပဲလေနော့်။ ဒါပေမယ့် တန်ဆေး၊ လွန်ဘေးပေါ့။ ကိုယ်နဲ့သင့်တော်ရာကို သေချာစုံစမ်းလေ့လာပြီးတော့ ၊ ကောင်းကျိုး၊ ဆိုးကျိုး တွေကို တကယ် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ မေးမြန်းပြီးတော့မှ လုပ်ဆောင်သင့်ပါတယ်”

“ပြီးတော့ ကျန်းမာရေးအတွက် ကြည့်ရင်လည်း အရေပြား ဆိုတာလည်း လူတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းပဲ။ အရေပြားကို ကျန်းမာအောင်၊ လှပအောင်ထိန်းသိမ်းရမှာပဲ” လို့ ယိင်းယိင်းက ပြောပါတယ်။

The post “အစ်ကို စိုင်းစိုင်းက ကိုယ့်ထက် အများနုနေတယ်”လို့ ယိင်းယိင်းဝိုခမ်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...