Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နမ်းတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ပြီး ကြိတ်ငိုခဲ့ရတဲ့ မြိုင်(သို့မဟုတ်) မေမီကိုကို

$
0
0

လတ်တလော MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြိုင်ဇာတ်ရုပ်နဲ့ ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ မေမီကိုကိုက မြိုင်ကာရိုက်တာက အပြင်မှာ အများကြီးရှိတာကြောင့် ဒီကားကိုရိုက်ရင် ကြည့်တဲ့သူတွေ ပညာရအောင် ဒီကားလေးကို ရိုက်ဖြစ်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

“မြိင်ကာရိုက်တာကို ဘာလို့ရိုက်ခဲ့လဲဆိုတော့ ပရိုဂျူဆာကလည်း မေမီ့ကို ယုံကြည်တယ်။ ပြီတော့ မြိုင့်လိုကာရိုက်တာတွေက အပြင်မှာ အများကြီးဆိုတော့ ဒီလို အကျင့်ရှိတဲ့ မိန်းကလေးတွေအများကြီးပဲ။ မေမီတို့ ပတ်ဝန်းကျင်မှာ စနိုက်ကျော်တာလေးတွေ မြင်နေရတော့ Message ပေးမှရမှာပေါ့နော်။ ဒီကားကိုရိုက်ရင် ကြည့်တဲ့သူတွေ ပညာရတော့ပေါ့”

“အဲ့ဒါကို Message ပေးချင်တဲ့ အနေနဲ့ ရိုက်ခဲ့တာပါ။ မြိုင်ကာရိုက်တာကို ဘယ်သူမှသဘောမကျဘူး။ ဒါပေမယ့် သူ့ကို အားကျတာလေးတွေ ရှိတယ်။ ပညာရေးရော လူမှုရေးရောစိတ်သဘောထားပြည့်ဝတဲ့ မိန်းမတယောက်ပေါ့။ သူ့မှာ အားကျစရာကောင်းတယ်။ နောက်စိတ်တခုက သူက သူများအပေါ်မှာ မယုတ်မာဘူး။ ကိုတင်ဖေကို အရမ်းချစ်တယ်”

“သူက အတ္တကြီးတာ။ အချစ်ကိုဆုံးရှုံးရမှာကြောက်တာ။ သူက ကိုတင်ဖေကိုအရမ်းချစ်ပေမယ့် မြညိုကို သူမမုန်းဘူး။ ကောင်းတော့ မကောင်းဘူးပေါ့။ သူများယောကျာ်းကို ကြိုက်ရတာ ဒုဿနသောပေါ့”လို့ မေမီကိုကို ကပြောပါတယ်။

“ပျားရည်အိုင်” ဇာတ်လမ်းတွဲ အောင်မြင်နေတာ တယောက်တည်း ကောင်းလို့မဟုတ်ဘဲ အကုန်လုံး အားစိုက်ကြိုးစားခဲ့တာကြောင့်ဖြစ်ပြီး နမ်းတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ရင်တော့ရှက်တဲ့အတွက် ကြိတ်ငိုခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။

“ရိုက်တုန်းက အခက်အခဲတွေ အများကြီးရှိတယ်။ ကြိတ်ငိုခဲ့ရတဲ့ အချိန်တွေရှိတယ်။ တကယ်တမ်းရိုက်တော့ အေးအေးဆေးနဲ့ပါပဲ။ နိုင်ငံခြားသား တွေပါတယ်။ နိုင်ငံခြားသားတွေက မေမီတို့ကို Talent မှာ လာပြီးသင်ပြပေးနေတဲ့ ဆရာကြီးတွေပါပဲ။ သူတို့နဲ့လည်း ဘာစိတ်မှတော့ မရှိဘူး။ ရိုသေနေတာကြောင့် အားနာနေရတာပဲ ရှိတယ်”

“ဝါရင့်တွေနဲ့ သရုပ်ဆောင်ရတာ အတွေ့အကြုံတွေ ရတယ်။ သင်လည်း သင်ပေးတယ်။ ပျားရည်အိုင် ဇာတ်လမ်းတွဲ အောင်မြင်နေတာ အကုန်လုံးအားစိုက်ပြီး ကြိုးစားတာကြောင့်ပါ။ တယောက်တည်း ကောင်းလို့ မဟုတ်ဘူး။ အကုန်ကောင်းလို့ပါ”လို့ မေမီကိုကိုက ဆိုပါတယ်။

“နမ်းတဲ့အခန်းတွေ ရိုက်တုန်းက ကြိတ်ငိုခဲ့ရတာတွေ ရှိတယ်။ ဘာစိတ်မှ မရှိပေမယ့် တချို့ဆင်န်းတွေမလိုအပ်ရင် ကင်မရာ ကွယ်လိုက်တယ်။ ပရိသတ် အသည်းယားပြီး မုန်းစေမယ့် ဆင်န်း ဖြစ်စေမယ်ဆိုရင် ဆရာတို့က တကယ်လုပ်လိုက်လို့ ပြောတာကြောင့် အရမ်းရင်တုန်တုန်နဲ့ လုပ်ခဲ့ရတယ်။ ပြီးတော့ ရှက်လို့ ကြိတ်ငိုခဲ့ရတာတွေရှိတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုက ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့ပြီး “ပျားရည်အိုင်” ဇာတ်လမ်းတွဲနဲ့ ပရိသတ် အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သရုပ်ဆောင် အောင်ရေချမ်း၊ ဘုန်းရှိန်ခန့်၊ ရှင်မွေလ၊ မေမီမီကို၊ မြတ်သူသူဇင်၊ မေဇူးမောင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

The post နမ်းတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ပြီး ကြိတ်ငိုခဲ့ရတဲ့ မြိုင်(သို့မဟုတ်) မေမီကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...