Quantcast
Viewing all articles
Browse latest Browse all 7343

“ခီမောင်နှံနဲ့ ရုပ်ရှင်တွဲရိုက်ခွင့်ရတာ အကောင်းဆုံး အခွင့်အရေးပါ”

MRTV 4 ရုပ်သံဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်တွေသိခဲ့တဲ့ သရုပ်ဆောင် ဂျူးဂျူးကေကတော့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပြီး သူမအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Beginner တယောက်အနေနဲ့ ယူဆထားပါတယ်လို့ ပြောပါတယ်။

“ညီမကလေ ငါကတော့ တော်နေပြီ။ နာမည်ကြီးနေပြီ။ ဘယ်လို Role ရှိတာ။ ငါ့ကိုဘယ်လိုပေးရင်တော့ ငါကတော့ မရိုက်ဘူးဆိုတာမျိုး မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် တော်နေပြီ။ နာမည်ကြီးနေပြီလို့ ထင်နေရင် ကိုယ့်အတွက်က အကုန်ပိတ်သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အခုမှ Beginner လို့ ယူဆပါတယ်။ အဲဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့လူသစ်တယောက်လိုပဲ ဝင်လျှောက်တာပါ”လို့ ဂျူးဂျူးကေက ပြောပါတယ်။

ဂျူးဂျူးကကတော့ “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ရိုက်ကူးတဲ့ Central Base Production မှ သရုပ်ဆောင်ရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာရောက်ယှဉ်ပြိုင်သူ အယောက် ၂ထောင်ကျော်ထဲမှ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

“Central Base Production က Casting ရွေးတဲ့အချိန်မှာ ဝင်လျှောက်ခဲ့ပြီးတော့ အရွေးခံခဲ့ရတဲ့အတွက် ပါဝင်ဖြစ်တာပါ။ ဘာကြောင့်လျှောက်ဖြစ်ခဲ့တာလဲဆိုရင် အစ်ကိုတို့ အစ်မတို့ကို အရမ်းလေးစားရတယ်။ အထင်လည်းကြီးတယ်။ အဲဒါကြောင့်သူတို့နဲ့ တူတူတွဲလုပ်ပြီး ပညာသင်ချင်တယ်။ အဲဒါကြောင့် သူတို့ဘက်က ခေါ်တဲ့အချိန်မှာ ကိုယ့်အတွက်က အခွင့်အရေးပဲ။ အဲဒါကြောင့်အခွင့်အရေး တခုအနေနဲ့ ဝင်လျှောက်ဖြစ်တာပါ” လို့ ဂျူးဂျူးကေက ပြောပါတယ်။

ဒီကားထဲမှာတော့ မျိုးမျိုးဝေ ဆိုတဲ့အိမ်ထောင်ရှင် အမျိုးသမီးတယောက်နေရာက သရုပ်ဆောင်ထားပြီး သူမရဲ့ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

“ပြောင်းလဲမှုဆိုတာထက်ကို အခွင့်အရေးတခုလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောကမှာ လုပ်နေတာ နည်းနည်းတော့ကြာပြီ။ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါခွင့်ရတဲ့အတွက် ပရိသတ်တွေက မြင်ရတယ်။ ရုပ်ရှင်ကား ကြီးအနေနဲ့ ဒီ Now & Ever ကညီမရဲ့ပထမဆုံးကားကြီးပဲ။ ဒါက ကိုယ့်ရဲ့အကောင်းဆုံးအခွင့်အရေးပါပဲ” လို့ဂျူးဂျူးကေက ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ လက်တွဲပြီး လုပ်ဆောင်ရမယ့်အပေါ်မှာလည်း အခုလိုပြောပြခဲ့ပါတယ်။

“သူတို့ဆီကနေကတော့ ပညာတွေ အများကြီးရပါတယ်။ အလုပ်ပေါ်ထားတဲ့ လေးစားမှု ၊ Actor တွေအပေါ်ထားတဲ့ လေးစားမှု ၊ အချင်းချင်းအပေါ်တန်ဖိုးထားမှု ၊ အချိန်တိကျမှု ၊ စနစ်ကျနမှုအစုံပါပဲ။ အများကြီး သင်ယူ ရရှိပါတယ်။ အစ်မက ကြောက်စရာ မကောင်းပါဘူး။ တကယ် လေးစားစရာလည်း ကောင်းတယ်။ ချစ်ဖို့လည်း ကောင်းတယ်”

“သူက ဆုံးဖြတ်ချက်တွေဆိုလည်း ပြတ်သားရဲရင့်မှု ရှိတယ်။ သူလိုချင်တာဘ ာလဲ။ သူဖြစ်ချင်တာဘာလဲ ဆိုတာကိုလည်း ကောင်းကောင်းသိတယ်။ တဖက်သားကိုလည်း လေးစားသမှုရှိတယ်။ မေတ္တာတရားလည် းရှိတယ်”လို့ ဂျူးဂျူးကေက ပြောပါတယ်။

ဂျူးဂျူးကေကတော့ မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် MRTV-4 ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့ပြီး မကြာခင်မှာလည်း သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now & Ever” ကို ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

The post “ခီမောင်နှံနဲ့ ရုပ်ရှင်တွဲရိုက်ခွင့်ရတာ အကောင်းဆုံး အခွင့်အရေးပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...