Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စီးပွားရေးပိုင်းမှာတော့ လုံးဝ မူကြိုပါ”လို့ သက်မွန်မြင့် ပြော

$
0
0

သရုပ်ဆောင်လုပ်ငန်းလည်း လုပ်ကိုင်သလို စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ သက်မွန်မြင့်က စီးပွားရေး အနေနဲ့ ကလေးပစ္စည်းအရောင်းဆိုင်ကို ဖွင့်လှစ်ထားပြီး ဆိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“လတ်တလောတော့ ကြော်ငြာတွေ ရိုက်တယ်။ ကားရိုက်ထက် ပွဲတွေ တက်ဖြစ်တယ်။ ဆိုင် ၂ နှစ်ပြည့်ပြီဆိုတော့ ပြန်လုပ်နေတယ်။ ဆိုင် ၂ နှစ်ပြည့် ဝယ်သူတွေအတွက် ကံစမ်းမဲလေးတွေ လုပ်ထားတယ်။ နောက်သက်မွန်နဲ့ အတူတူ ညစားဖို့တွေ လုပ်ထားတယ်။ သက်မွန်က စီးပွားရေး စိတ်မဝင်စားဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ကျောင်းပြီးတာတော့ စီးပွားရေးနဲ့ ပြီးတာပဲ။ ဒါပေမဲ့ စီးပွားရေး စိတ်မဝင်စားဘူး”

“ကလေးဆိုင်ဖွင့်တယ်ဆိုတာလည်း သက်မွန်က ကလေးလည်း ချစ်တတ်တယ်။ ကလေးအမေဖြစ်လာတော့ ကလေး လိုအပ်ချက်တွေကိုသိလာတော့ ဖြည့်ဆည်းပေးချင်တာ ဖြစ်တဲ့အတွက် အဲ့စိတ်နဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် သက်မွန် အရှုံးအမြတ်မှာ အရှုံးတွေပဲ” လို့ သက်မွန်မြင့်က ပြောပါတယ်။

စီးပွားရေးလုပ်နေပေမယ့် အခက်အခဲတွေ အများကြီးကြုံ့ခဲ့ရပြီး အတိုက်အခိုက်လည်း များခဲ့တယ်လို့ သက်မွန်မြင့်က ဆိုပါတယ်။

“ကိုယ်နားမလည်တဲ့ အသိုင်းအဝိုင်းမှာ ကိုယ်နေရတော့ အတိုက်အခိုက်လည်း များတယ်။ စီးပွားရေးပိုင်းမှာတော့ လုံးဝ မူကြိုပါ။ စီးပွားရေးနဲ့ ပတ်သက်ပြီး အများကြီး သင်ယူရဦးမယ်။ အများကြီး ရင်ဆိုင်ရဦးမယ်။ အများကြီး ကြိုးစားရဦးမယ်။ သေချာပြောနိုင်တာက ဝယ်သူတွေအပေးမှာ ကိုယ်ချင်းစာစိတ်အပြည့်၊ စေတနာအပြည့်နဲ့ ကလေးအသုံးအဆောင် ဆိုင်လေး တည်ထောင်ထားတာဆိုတော့ သက်မွန်အတွက်တော့ ကံကောင်းမယ်လို့ မျှော်လင့်ပါတယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။

သက်မွန်မြင့်က ကလေးအသုံးအဆောင်ပစ္စည်းဆိုင်ဖြစ်တဲ့ “Sweet Child TN&TM” ကို ရန်ကုန်မြို့ ဆရာစံလမ်းမှာ ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။ သက်မွန်မြင့်က မကြာခင် ရုံတင် ပြသတော့မယ့် “သတ်ကွင်း” ရုပ်ရှင်မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။

The post “စီးပွားရေးပိုင်းမှာတော့ လုံးဝ မူကြိုပါ”လို့ သက်မွန်မြင့် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...