မင်းသား Jason Momoa ပါဝင် သရုပ်ဆောင်ထားတဲ့ “Aquaman” ရုပ်ရှင်ကို ဒါရိုက်တာ James Wan က ရိုက်ကူးပုံဖော်ပေးခဲ့တာဖြစ်ပြီး သူ့အတွက်တော့ ပထမဆုံး စူပါဟီးရိုးရုပ်ရှင်ဖြစ်ပါတယ်။
ဒါရိုက်တာ Wan ဟာ The Conjuring နဲ့ Insidious လိုမျိုး သည်းထိတ်ရင်ဖို ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ သူက အက်ရှင်နဲ့ အထူးပြုလုပ်ချက်တွေ ပါဝင်တဲ့ ရုပ်ရှင်တခုကို ဖန်တီးချင်တာ ဖြစ်ပြီး ကမ္ဘာသစ်တခုကို ဖန်တီးတခုကို ဖန်တီးပုံဖော်ဖို့ အခွင့်အရေးရချင်တာဖြစ်တယ်လို့ အမြဲအလိုလို ပြောကြားနေကျဖြစ်ပါတယ်။
“ပြောရမယ်ဆိုရင် ဒီရုပ်ရှင်ကတော့ ဆန္ဒတွေပြည့်သွားတဲ့ အကြောင်းပါ။ ကျနော့်အတွက်တော့ ဒီရုပ်ရှင်ကို ဖန်တီးခွင့် ရလိုက်တာဟာ ကမ္ဘာကြီးကို တည်ဆောက် ဖန်တီးတဲ့ ရုပ်ရှင်တခုကို ဖန်တီးဖို့လို့ဆိုတဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက် သလိုပါပဲ” လို့ အသက် ၄၁ နှစ်အရွယ် ဒါရိုက်တာ Wan က ပြောပါတယ်။
“မြင်ကွင်းဖန်တီးမှုတွေ၊ ဇာတ်ကောင်၊ ဝတ်စုံနဲ့ သတ္တဝါတွေ အားလုံးကို စတင် အသက်သွင်းခဲ့ ရပါတယ်။ ကျနော့် အိပ်မက်အမှန်တကယ်ဖြစ်လာတာပါ။ ကံကောင်းချင်တော့ ကျနော်က ဇာတ်လမ်းဇာတ်ကွက် တွေရဲ့ အနောက်မှာ ဖန်တီးမှုအကောင်းဆုံးအဖွဲ့ရယ်၊ ကျနော်နဲ့အတူ ဒီခရီးလမ်းကို လျှောက်လှမ်းဖို့ အရည်အချင်းအရှိဆုံး သရုပ်ဆောင်တွေရယ်ကို ပိုင်ဆိုင်ထားပါတယ်” လို့ ဒါရိုက်တာ James Wan က ပြောကြားခဲ့ပါတယ်။
မင်းသား Jason Momoa ဟာ Aquaman ဖြစ်တဲ့ Arthur Curry အဖြစ် ပြီးပြည့်စုံတဲ့ သရုပ်ဆောင်ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။
သူက “သူကိုယ်တိုင် ကမ္ဘာနှစ်ခုကြားမှာ ရှိတဲ့ ဒီဇာတ်ကောင်နဲ့ တကယ်ချိတ်ဆက်မှုရှိတာကြောင့်လို့ ကျနော်ထင်ပါတယ်။ Jason ဟာ အမေရိကန်အလယ်ပိုင်းမှာ ကြီးပြင်းခဲ့တဲ့ ဟာဝါအီပြည်နယ်သားတဦးပါ။ ကမ္ဘာနှစ်ခုလုံးနဲ့ ကိုက်ညီတယ်လို့ ခံစားရပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ဒါရိုက်တာ Wan ကိုယ်တိုင်ကလည်း နယ်ပယ်ဒေသနှစ်ခုမှ နေထိုင်ခဲ့ရသူဖြစ်တဲ့အကြောင်း ပြောပြခဲ့ ပါသေးတယ်။
သူက “ကျနော်နားလည်ထားတာ သြစတြေးလျမှာ ကြီးပြင်းခဲ့တဲ့ မလေးရှားက အာရှကောင်လေး တစ်ယောက်လိုမျိုးလို့ ထင်တာပါ။ ခိုင်မာတဲ့ သြစတြေးလျပုံစံရှိသလို တရုတ်-မလေးရှား အမွေအနှစ်ကိုလည်း ထိန်းသိမ်းထားပါတယ်” လို့ ပြောကြားထားပါသေးတယ်။
Aquaman ရုပ်ရှင်မှာတော့ အခြားသရုပ်ဆောင်တွေ အဖြစ် Amber Heard, Willem Dafoe, Patrick Wilson, Dolph Lundgren, Yahya Abdul-Mateen II နဲ့ Nicole Kidman တို့ ပါဝင်ထားကြပါတယ်။
အဲဒီရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစလို့ ကမ္ဘာတဝန်းက ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသသွားမှာပါ။
Ref: indianexpress
The post Aquaman ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ James Wan ဘာပြောသလဲ appeared first on ဧရာဝတီ.