မင်းသား Henry Cavill က Superman အဖြစ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ အမှန်မဟုတ်ဘဲ အဲဒီဇာတ်ကောင်အဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ မင်းသား Jason Momoa က ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ဟောလိဝုဒ်မှာရှိတဲ့ TCL Chinese Theatre မှာပြုလုပ်ခဲ့တဲ့ “Aquaman” ရုပ်ရှင်အထူးပွဲမှာ ပြောဆိုလိုက်ပါတယ်။
မင်းသား Jason က “ကျနော် သူနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူအဲဒီ ဇာတ်ကောင် အဖြစ်ကနေ လုံးဝ နုတ်မထွက်သေးပါဘူး။ သူဟာ အဲဒီဇာတ်ကောင်ကို ချစ်ပါတယ်။ သူနုတ်ထွက်မှာ မဟုတ်ပါဘူး။ ရာနှုန်းပြည့် သေချာပါတယ်။ နုတ်ထွက်ဖို့ဆိုတာ ကျိန်းသေပေါက်ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
မင်းသား Cavill ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Superman အဖြစ်သရုပ်ဆောင်မှုကနေ နုတ်ထွက်တော့မှာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါ့အပြင် သူ့ရဲ့ ကိုယ်စားလှယ် စတူဒီယို့ကြားမှာ စာချုပ်ကိစ္စဆွေးနွေးခဲ့ပြီးတဲ့နောက် Warner Bros. နဲ့ Cavill ဟာ လမ်းခွဲတော့မှာဖြစ်ပြီး မကြာမီ ရုံတင်တော့မယ့် Shazam ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ စီစဉ်ထားတဲ့အတိုင်း မဖြစ်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ့ဆောင်းပါးမှာ မင်းသား Ben Affleck ကလည်း လင်းနို့လူသားအဖြစ် ဘယ်ရုပ်ရှင်မှာမှ ပါဝင်တော့မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
“Shazam!” ရုပ်ရှင်မှာ ပါဝင်ဖို့ မင်းသား Cavill ကိုတောင်းဆိုခဲ့ပေမယ့် “Mission: Impossible – Fallout” ရုပ်ရှင် ရိုက်ကူးနေတဲ့အတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တခုမှာ ဖော်ပြထားပါတယ်။
အချိန်ဇယား အကျပ်အတည်းကြောင့် မင်းသားဟာ Superman အဖြစ် ပြန်လည်သရုပ်ဆောင်ရဖို့ အခွင့်အရေးကို လက်လွတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သာမန်ရုပ်ရှင်တခုမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်နိုင်ခြင်းမရှိတာကြောင့်လည်း ဆိုကြပါတယ်။
Warner Bros. စတူဒီယိုကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အဲဒီ့ကောလာဟလတွေကို ပြန်လည်မှတ်ချက် ပေးခဲ့ပါတယ်။
အနာဂတ်မှာ ရိုက်ကူးမယ့် Superman ရုပ်ရှင်တွေနဲ့ပတ်သက်လို့ တစုံတရာ ဆုံးဖြတ်ထားတာ မရှိသေးဘဲ Henry Cavill နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လေးစားပြီး မပြောင်းမလဲ ရှိနေပါတယ်လို့ ကြေညာချက်ထုတ်ပြီး ပြောဆိုခဲ့ပါတယ်။
Ref: etcanada
The post Superman အဖြစ်မှ Henry Cavill မနုတ်ထွက်သေးကြောင်း Jason Momoa ပြော appeared first on ဧရာဝတီ.