Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်များစာရင်း

$
0
0

နှစ်တိုင်းနှစ်တိုင်းမှာ နှစ်အလိုက် ရုပ်ရှင်ပေါင်းများစွာဟာ ထွက်ရှိခဲ့ကြတာဖြစ်သလို ယခု ၂၀၁၈ ခုနှစ်မှာလည်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်ပေါင်းများစွာ ရသတစုံတခုနဲ့ ကျန်ရစ်ခဲ့စေနိုင်ခဲ့ပါတယ်။

ယခုဖော်ပြပေးမှာကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ ရုပ်ရှင်တွေဖြစ်ပြီး ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Avengers : Infinity War

Marvel ရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ ရုပ်ရှင်ချစ်သူတွေရဲ့ စိတ်ခံစားချက်တွေကို နှိုးဆွနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တကားလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်တော်တော်များများကို ပျောက်ကွယ်စေခဲ့တဲ့အပြင် နောက်ထပ် Avengers : End Game အထိ ဆွဲခေါ်သွားနိုင်တဲ့အထိ ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

(၂) Incredibles 2

ဒီရုပ်ရှင်ကတော့ ပြီးပြည့်စုံတဲ့ Action နဲ့ ဟာသကို တွဲဖက်ထားပြီး Disney အနေနဲ့ ကြည့်ရှုသူတွေကို အံ့သြဘနန်း ဖြစ်စေနိုင်ခဲ့တဲ့ Animation ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ Toy Story ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေနဲ့အတူ Incredibles ရဲ့ ကိုယ်ပိုင်ဟန်ကိုပါ မပျောက်ပျက်သွားအောင် ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။

(၃) Mandy

နာမည်ကျော် မင်းသားကြီး Nicolas Cage ကို အရင်သူအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေတုန်းကအတိုင်း တွေ့မြင်နိုင်မယ့် ရုပ်ရှင်တကားဖြစ်ပြီး သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုသူတွေကို စိတ်တိုင်းကျစေနိုင်မယ့် ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။

(၄) A Prayer Before Dawn

လက်ဝှေ့သမားတယောက်ရဲ့ Biography စာအုပ်တအုပ်ကို ရုပ်ရှင်အနေနဲ့ ပြန်လည်အခြေခံရိုက်ကူးထားတာဖြစ်ပြီး Biography အမျိုးအစား ကြိုက်နှစ်သက်တတ်သူတွေအတွက်တော့ ကြည့်ရတန်စေမယ့် ထိုင်နိုင်ငံရဲ့ ထောင်တွင်း လည်ပတ်နေပုံတွေကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်မယ့် ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။

(၅) A Quiet Place

အခြားရုပ်ရှင်တွေထက်စာရင် Budget အနည်းငယ်သာ ရိုက်ကူးရေးမှာ အသုံးပြုခဲ့ပေမယ့်လည်း Horror ရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ကြောက်ရွံ့ခြင်းနဲ့အတူ ဝမ်းနည်းခြင်းကိုပါ ခံစားရစေမယ့် ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။

(၆) You Were Never Really Here

Joker ရဲ့ ဇာတ်ကောင်အသစ်အဖြစ် ရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသားကြီး Joaquin Phoenix ကိုယ်တိုင် အဓိကနေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပြီး Crime , Drama , Mystery အမျိုးအစားရုပ်ရှင်တကား ဖြစ်ပါတယ်။

(၇) Ready Player One

ဂိမ်းကစားရတာ နှစ်သက်တဲ့သူတွေအတွက်တော့ Ready Player One ဟာ ၁၉၈၀ခုနှစ်ရဲ့ ဂီတနဲ့အတူ ရုပ်ရှင်ထဲကို စီးမျောသက်ဝင်စေမှာဖြစ်ပြီး Action , Adventure , Sci-Fi ရုပ်ရှင်တကား ဖြစ်ပါတယ်။

(၈) Hereditary

လူတယောက်နဲ့ တယောက်ကြားက ချိတ်ဆက်မှုတွေကို Horror ဆန်ဆန် ပုံဖော်ထားတာဖြစ်ပြီး ရှားပါးလှတဲ့ Horror ရုပ်ရှင်တွေထဲမှာမှ Hereditary ဟာ ကြည့်ရှုသူတွေကို ထိတ်လန့်တုန်လှုပ်စေနိုင်တဲ့ Drama , Horror , Mystery အမျိုးအစား ရုပ်ရှင်ကား ဖြစ်ပါတယ်။

Ref: m.imdb.com

The post ၂၀၁၈ ခုနှစ်အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်များစာရင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...