Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘောဒီးယားမယ်ကို နှိမ်ချပြောဆိုခဲ့တဲ့ အမေရိကန်မယ်ရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့

$
0
0

ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် မယ်စကြာဝဠာပြိုင်ပွဲ အစမ်းလေ့ကျင့်မှုအတွင်း အင်္ဂလိပ်စကား ပြောဆိုနိုင်ခဲ့ခြင်း မရှိတဲ့အတွက် Miss Cambodia ဖြစ်သူ Rern Sinat ကို နှိမ်ချပြောဆိုခဲ့တဲ့ Miss USA (အမေရိကန်မယ်) ကို ဝေဖန်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

နီဘရားစကားပြည်နယ်မှ Miss USA ဖြစ်သူ Sarah Rose Summers က ” Miss Cambodia က ဒီမှာရှိနေတယ်။ အင်္ဂလိပ်လိုတခွန်းမှ မပြောဘူး။ ပြီးတော့ သူတု့ိ ဘာသာစကားကိုပဲ ပြောနေတာ သူတယောက်တည်း မဟုတ်ပါဘူး။ Francesca (Miss Australia) လည်း တယောက်တည်း ယောင်လည်လည်ဖြစ်နေပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့် Miss Cambodia နဲ့ Miss Australia တို့ဟာ သူငယ်ချင်းတွေ ဖြစ်ကြပြီး မစ္စသြစတြေးလျက တခြားတယောက်ယောက်ကို စကားပြောချင်နေခဲ့တာလို့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

Miss Cambodia ဖြစ်သူ Sinat ကတော့ အခုလိုမျိုး အပြောခံခဲ့ရပြီးတဲ့နောက် တော်တော်လေး ခံစားခဲ့ရပေမယ့် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲ စီစဉ်တွေသူက ဘာသာပြန်တယောက်ကို တာဝန်ချပေးခဲ့လို့ နည်းနည်းတော့ အဆင်ပြေလာတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “ပြိုင်ပွဲဝင် တော်တော်များများဆီမှာ ဘာသာပြန်တယောက်စီ ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က သူတို့မှာ ပြဿနာကြီးကြီးမားမား တခုတက်ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့အဆင်ပြေသွားပြီ။ Miss USA ကတော့ ကမ္ဘောဒီးယားကို လာမယ့်နှစ် သွားရောက်လည်ပတ်မှာပါ” လို့ပြောကြားခဲ့ပါတယ်။

Miss Australia ဖြစ်သူ Francesca Hung ကတော့ သူနဲ့ Sinat တို့ရဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့ပါတယ်။ ပုံစံမှာတော့ အခုလိုမျိုး ရှုပ်ရှုပ်ထွေးထွေး အခြေအနေကြောင့် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း Miss Cambodia သာလျှင် သရဖူအတွက် ခိုင်မာတဲ့ ယှဉ်ပြိုင်သူတယောက်သာ ဖြစ်တယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး Rose Summers ရဲ့ ဝေဖန်မှု ဗီဒီယိုအွန်လိုင်းမှာ ပျံ့နှံ့နေချိန်မှာတော့ ကမ္ဘောဒီးယားအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက ပွဲစီစဉ်သူတွေထံ စကားပြန်တဦးကို ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ပဏာမပွဲစဉ်အများစုမှာ ဆက်သွယ်ပြောဆိုဖို့ Google Translate ကို Sinat က မှီခိုခဲ့ရတယ်လို့ သိရပါတယ်။ ဖနွမ်းပင်မြို့မှာရှိတဲ့ သူ့ရဲ့ အဖွဲ့ကတော့ Miss Cambodia ကို စကားပြန် ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လက်တင်စကားပြော အလှမယ်အချို့ကတော့ စကားပြန်နှစ်ဦးစီ ရရှိထားချိန်မှာ ခမာဘာသာစကားဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ ဘာသာစကားမဟုတ်လို့ အခက်အခဲရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၆၇ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကတော့ လက်ရှိမှာ ပဏာမ ယှဉ်ပြိုင်မှုတွေ လုပ်နေပြီး နောက်ဆုံးပြိုင်ပွဲ ကိုတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: asiaone

The post ကမ္ဘောဒီးယားမယ်ကို နှိမ်ချပြောဆိုခဲ့တဲ့ အမေရိကန်မယ်ရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...