Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လူတွေ သိပ်ချစ်တဲ့ ဗိုလ်ချုပ်အကြောင်းကို ရိုက်ရတာ အရမ်းခက်ခဲတယ်”

$
0
0

သရုပ်ဆောင်၊ ဒါရိုက်တာ အလုပ်အပြင် ဇာတ်ညွှန်းတွေလည်းရေးတဲ့ ဘုဏ်းသိုက်က ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်ကူညီပေးဖြစ်တာက လူမင်းရဲ့ကမ်းလှမ်းမှုကြောင့် လုပ်ကိုင်ပေးဖြစ်တာဖြစ်ပြီး တခြား ကားတွေထက်စာရင် ဗိုလ်ချုပ်ရုပ်ရှင်က တနိုင်ငံလုံး အထွဋ်အမြတ်ထားတဲ့ ကားဖြစ်တာကြောင့် စိန်ခေါ်မှုလည်း ပိုများတယ်လို့ဆိုပါတယ်။

“ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်ကူညီပေးဖြစ်တာက အန်ကယ်လေး(လူမင်း)ရဲ့ ကမ်းလှမ်းချက်ကိုဝင်ပြီး ဖြည့်ပေးတဲ့ သဘောပေါ့။ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ တွဲဖက်ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး ဇာတ်ညွှန်းပိုင်းကိုတော့ ကျနော်ရယ်၊ ကိုအောင်ကြီးရယ် ရေးပေးနေတယ်။ တခြားကားတွေထက်စာရင် ဗိုလ်ချုပ်ရုပ်ရှင်က တနိုင်ငံလုံး အထွဋ်အမြတ်ထားတဲ့ ကားဆိုတော့ စိန်ခေါ်မှုလည်း ပိုများတယ်”လို့ ဘုဏ်းသိုက်က ပြောပါတယ်။

“ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏလည်း စိတ်ရော၊ လူရော စိုက်ထုတ်ရတာများတယ်။ တခြားဟာတွေကို နောက်ဆုတ်ပြီး ဒီဟာအတွက် အခန်းထဲမှာ လနဲ့ချီပြီး လုပ်နေတယ်။ ဒီဇာတ်ကားကို ဝေဖန်မှာပေါ့။ လူတွေ သိပ်ချစ်တဲ့အရာမျိုးကို ထိရတာ သိပ်ခက်တယ်။ သိပ်ချစ်တဲ့လူတွေထဲမှာ ဖန်တီးတဲ့သူတွေလည်း ပါတယ်။ လူတွေ သိပ်ချစ်တဲ့ ဗိုလ်ချုပ်အကြောင်းကို ရိုက်ရတာ အရမ်းခက်ပါတယ်။ ဖိအားလည်းများပါတယ်”လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

ဆက်လက်ပြီး သူက ဗိုလ်ချုပ်ရုပ်ရှင်ကို ချစ်တဲ့စိတ်နဲ့ ချဉ်းကပ် ရိုက်ကူးမှာ ဖြစ်တာကြောင့် ခဏစောင့်ကြည့်ပေးပါလို့ ပရိသတ်များကို ပြောပါတယ်။

“မုန်းတဲ့ စိတ်နဲ့ ချဉ်းကပ်တာ မဟုတ်ဘဲ ချစ်တဲ့စိတ်နဲ့ ချဉ်းကပ်တယ်။ တကယ်ကို တန်ဖိုးထားပြီး တကယ်ကို မြတ်မြတ်နိုးနိုး ချဉ်းကပ်တာဆိုရင် ခဏလေး စောင့်ကြည့်ပေးစေချင်တာ။ အပြစ်တင်တယ် ဆိုတာတော့ ရိုးပါတယ်။ ကျနော်တို့ အခုစိတ်ကူးပေါ် အခုအပြစ်တင်လို့ရတယ်။ ဘဝမှာ မနေဖူးတဲ့ ပုံစံနဲ့နေရတာလည်း ပျော်ဖို့ကောင်းပါတယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။

ဇာတ်ကားတွေရိုက်တဲ့ ပါဝင်ရမယ့် အခန်းကဏ္ဍရယ်၊ ဇာတ်လမ်းရယ်မြင်တာနဲ့ ဇာတ်လမ်းတွေပေါ်မှာ စေတနာထားတာ သိရရင် ရိုက်ဖြစ်တယ်လို့ဆို ဘုဏ်းသိုက်က ဆိုပါတယ်။

“လက်ခံထားတဲ့ ကားတွေတော့ရှိတယ်။ ရိုက်မှပဲပြောပါမယ်။ ခရီးသွားကောက်ကြောင်းလည်း ရိုက်ထားတာ ရှိပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးရင် အဓိကက ဇာတ်လမ်းပေါ့။ ဇာတ်လမ်းရယ်၊ ကျနော် ပါဝင်ရမယ့် အခန်းကဏ္ဍရယ်ကို သေချာသိရရင် ရပြီ။ ဝါရင့်ဒါရိုက်တာက ရိုက်ရင်ပျော်သလို အသစ် ဒါရိုက်တာ တယောက်က လာငှားရင်လည်း ပျော်မှာပါပဲ”

“အဓိကက ငှားတဲ့သူတွေ ကုမ္ပဏီတွေနဲ့ အခြားသူတွေနဲ့ မဆိုင်ဘဲ ကျနော် ပါဝင်ရမယ့် အခန်းကဏ္ဍရယ်၊ ဇာတ်လမ်းရယ် အဲဒါ မြင်ရရင် သူတို့ ဒီပေါ်မှာ ဘယ်လောက် စေတနာထားထားလဲ သိရရင် ရိုက်တယ်။ စိတ်အပင်အပန်းဆုံးချိန်တွေကို ဘယ်လိုဖြတ်သန်းလဲဆို စိတ်ပင်ပန်းစေမယ့် မေးခွန်းတွေ မဖြေတာပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းစေမယ့် အကြောင်းအရာတွေ ပြောတဲ့နေရာမှာ ဖျောက်နေတာပဲဖြစ်ဖြစ် ဖြေပါတယ်။ လက်ရှိစိတ်အခြေအနေကတော့ အဆင်ပြေပါတယ်”လို့ ဘုဏ်းသိုက်က ပြောပါတယ်။

ဘုဏ်းသိုက်က လက်ရှိမှာတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး ခရီးသွား Program လေးတွေလည်း ရိုက်ကူးနေသလို ဗိုလ်ချုပ်ရုပ်ရှင်အတွက်လည်း ဇာတ်ညွှန်းရေးနဲ့ တွဲဖက် ဒါရိုက်တာအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။ ဘုဏ်းသိုက်မှာ ” မြမိုးဂင်္ဂါ” ဆိုတဲ့ ချစ်စရာ သမီးလေးတယောက်လည်း ပိုင်ဆိုင်ထားပါတယ်။

The post “လူတွေ သိပ်ချစ်တဲ့ ဗိုလ်ချုပ်အကြောင်းကို ရိုက်ရတာ အရမ်းခက်ခဲတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...