Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Gentleman’s Agreement”ရုပ်ရှင်ရဲ့ အော်စကာရုပ်တုကို လေလံနဲ့ ရောင်းချ

$
0
0

လော့စ်အင်ဂျလိစ်မြို့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ရှားရှားပါးပါး လေလံပွဲမှာ အော်စကာ ရုပ်တုတခုကို ထင်မှတ်ထားတာထက် ၂ ဆလောက်ပိုတဲ့ ပမာဏနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ အော်စကာ ရုပ်တုကို ဒေါ်လာ ၅ သိန်းနီးပါးနဲ့ လေလံပေးပြီး ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

“Profiles in History” ဆိုတဲ့ လေလံဌာနကကနေ ရောင်းချခဲ့ပြီး ၁၉၄၈ ခုနှစ်တုန်းက မင်းသား Gregory Peck သရုပ်ဆောင်ခဲ့တဲ့ “Gentleman’s Agreement” ရုပ်ရှင်ရဲ့အော်စကာ ရုပ်တုကို အစ ကနဦးမှာတော့ ဒေါ်လာ ၁ သိန်းခွဲကနေ ၂ သိန်းလောက်ပဲ ရမယ်လို့ ခန့်မှန်းထားတာပါ။

လေလံပွဲ အဆုံးမှာတော့ ဒေါ်လာ ၄၉၂၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမဲ့ အရင်တုန်းကပိုင်ရှင်နဲ့ အခု ပိုင်ရှင်အသစ် ဘယ်သူဖြစ်လာလဲ ဆိုတာကိုတော့ မသိရပါဘူး။ အခု လေလံပစ်ရောင်းချတဲ့ အော်စကာ ရုပ်တုက “Gentleman’s Agreement” ရဲ့ အကောင်းဆုံးရုပ်ရှင်ဆု တခုတည်း မဟုတ်ပါဘူး။

၁၉၃၅ ခုနှစ်တုန်းက အကောင်းဆုံး ရုပ်ရှင်ဆု ရရှိခဲ့တဲ့ “Mutiny on the Bounty” ရုပ်ရှင်ရဲ့ အော်စကာရုပ်တုကိုလည်း လေလံပစ်ခဲ့ပါတယ်။ “Agreement” ရုပ်ရှင်နဲ့ မတူတာက ဒေါ်လာ ၂ သိန်းနဲ့ ၃ သိန်းကြား ရလိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် လေလံပိတ်ချိန်မှာတော့ ဒေါ်လာ ၂ သိန်း ၄ သောင်းပဲ ရရှိခဲ့ပါတယ်။

“Gentleman’s Agreement” ရဲ့အော်စကာရုပ်တုက ထင်ထားတာထက် ၂ ဆဈေး ရခဲ့ပေမယ့် “Gone with the Wind” (လေရူးသုန်သုန်) ရုပ်ရှင်ရဲ့ ရောင်းချခဲ့ရတဲ့နှုန်းကို မမှီခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ အဲဒီ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကိုဒေါ်လာ ၁ ဒဿမ ၅ သန်း ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ အော်စကာ ရုပ်တုတွေကို လေလံပစ် ရောင်းချလေ့ မရှိပါဘူး။

၁၉၅၁ ခုနှစ်နောက်ပိုင်း ရရှိခဲ့တဲ့ အော်စကာဆုရှင်တွေဟာ သူတို့ကိုယ်တိုင်ပဲဖြစ်ဖြစ် သူတို့ရဲ့ ဆက်ခံသူပဲဖြစ်ဖြစ် တနေရာရာမှာ အဲဒီရုပ်တုကို မရောင်းချမီ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီကို အဲဒီရုပ်တုတွေ ပြန်အပ်ဖို့ သဘောတူညီချက် ရှိထားပါတယ်။ အဲဒီရုပ်တုတွေဟာ ဆုရရှိသူတွေကိုသာ ပေးအပ်ရမယ်လို့ အကယ်ဒမီ အဖွဲ့က ယုံကြည်ထားတာပါ။

Ref: aceshowbiz

The post “Gentleman’s Agreement” ရုပ်ရှင်ရဲ့ အော်စကာရုပ်တုကို လေလံနဲ့ ရောင်းချ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...