Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Pirates of the Caribbean ရုပ်ရှင်တွင် Johnny Depp ပါဝင်တော့မည်မဟုတ်

$
0
0

မင်းသား Johnny Depp ဟာ မကြာမီရိုက်ကူးဖို့ စီစဉ်ထားတဲ့ “Pirates of the Caribbean” ကို ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်တော့မှာမဟုတ်တဲ့အကြောင်း Disney ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အကြီးအကဲက အတည်ပြုလိုက်ပါတယ်။

မင်းသားဟာ အဲဒီမူရင်းရုပ်ရှင် ငါးခုမှာ ကပ္ပတိန်ဂျက်စ်စပဲရိုးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Pirates of the Caribbean: The Curse of the Black Pearl” ရုပ်ရှင်နဲ့အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်းရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေဟာ ဝေဖန်သူတွေကိုရော စီးပွားရေးအောင်မြင်မှုတွေကိုရော စွဲဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာဖြန့်ချိခဲ့တဲ့ “Pirates of the Caribbean: Dead Men Tell No Tales” ရုပ်ရှင်မှာတော့ ပရိသတ်အားပေးမှုနှင့် အောင်မြင်မှုနှုန်းဟာ တရှိန်ထိုးကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။

အဲဒါကြောင့်ပဲ Disney ရဲ့ အမှုဆောင်အရာရှိတွေဟာ အဲဒီနေရာမှာ ရုပ်ရှင်အသစ်နဲ့ ပြန်လည်အစားထိုးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှ ဆုံးဖြတ်ခဲ့ကြပြီး “Deadpool” ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတွေဖြစ်ကြတဲ့ Rhett Reese နဲ့ Paul Wernick တို့ရဲ့ အကူအညီနဲ့ နောက်ထပ်အဆက်ဇာတ်လမ်းတွေ ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။

The Hollywood Reporter မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Disney ရဲ့ live-action ရုပ်ရှင်အကြီးအကဲ Sean Bailey က မင်းသား Depp ဟာ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အသစ်တွေမှာ ပါဝင်လာတော့မှာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

သူက “စွမ်းအားအသစ်နဲ့ တက်ကြွမှုအသစ်တွေကို ကျနော်တို့ ဆောင်ကြဉ်းလာချင်ပါတယ်။ ကျနော် အဲဒီပင်လယ်ဓားပြ ရုပ်ရှင်တွေကို ကြိုက်ပါတယ်။ ဒါပေမယ့် Paul နဲ့ Rhett တို့ပါဝင်လာတဲ့အခါမှာတော့ အားလုံးကို အငိုက်မိသွားစေချင် တာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ပြီးတော့ အဲဒါက သူတို့တွေနဲ့ လုပ်ဆောင်နေတဲ့အရာတခုလည်း ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မကြာမီရိုက်ကူးမယ့်ရုပ်ရှင်တွေကတော့ မူရင်းရုပ်ရှင်တွေကို အစအဆုံးပြောင်းပြန်လှန်ပြီး ပြန်လည်ရိုက်ကူးမှာ လားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အပြင် Disney ဘက်ကနေလည်း တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။

ဒါပေမယ့် မူရင်းရုပ်ရှင်ငါးခုလုံးကို ထုတ်လုပ်ခဲ့သူ Jerry Bruckheimer ကတော့ အသစ်ရိုက်မယ့်ရုပ်ရှင်တွေကို သူပဲ တာဝန်ယူဦးမှာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

Ref: aceshowbiz

The post Pirates of the Caribbean ရုပ်ရှင်တွင် Johnny Depp ပါဝင်တော့မည်မဟုတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...