Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်တွေကို Surprise လုပ်ပြီး စားထားသမျှ ရှင်းပေးခဲ့တဲ့ Tom Hanks

$
0
0

Tom Hanks က သဘောမနောကောင်းတဲ့ မင်းသားကြီး တယောက်ဆိုတာ အားလုံးကသိကြမှာပါ။ အခုလည်း သူဟာ ပရိသတ်တွေ ရှိနေမယ့် ဘာကာဆိုင်ကို သွားပြီး ပရိသတ်တွေကို Surprise လုပ်ခဲ့ပြန်ပါတယ်။

အသက် ၆၂ နှစ် အရွယ် မင်းသားကြီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က မိသားစု နဲ့ အတူ ကယ်လီဖိုးနီးယားမြို့ကို အလည်အပတ် ခရီး ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ခရီးထွက်လည်ပတ်ရင်း ဗိုက်ဆာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ဘာကာဆိုင်မှာ မိသားစုလိုက် ဝင်စားပါတော့တယ်။ ဟောလိဝုဒ်မှာ သဘောအကောင်းဆုံး သတ်မှတ်ခြင်းခံရတဲ့ မင်းသားကြီးဟာ ဘာကာဆိုင်မှာ စားနေရင်း ပရိသတ် အားလုံးကို စားထားသမျှတွေ ရှင်းပေးခဲ့တာပါ။ ပရိသတ်အချို့နဲ့ ဓာတ်ပုံတွေ တွဲရိုက်ခဲ့သေးတယ်လု့ိလည်း သိရပါတယ်။

ပြန်ခါနီးမှာတော့ မင်းသားကြီး Tom Hanks ဟာ ပါဆယ်လာဝယ်တဲ့ သူတွေ ရှိရာကိုပါသွားပြီး ပိုက်ဆံတွေ ရှင်းပေးခဲ့ပါတယ်။ ပရိသတ် တဦးကတော့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “ဘယ်သူလာလဲ ကြည့်ပါဦး။ Woody ကိုယ်တိုင်ရောက်လာတာပဲ၊ဟုတ်ပါတယ်။ Tom Hanks ပါ ပြီးတော့ စားထားသမျှကိုလည်း ရှင်းသွားသေးတယ်” ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။

နောက်ထပ် ပရိသတ် တယောက်ကတော့ “အရမ်းထူးချွန်တဲ့ မင်းသားကြီး Tom Hanks နဲ့သူ့ရဲ့ ဇနီးတို့ကို တွေ့ရတာ ဂုဏ်ယူမိပါတယ်။ တွေ့ဖူးသမျှ လူတွေထဲမှာ သဘောအကောင်းဆုံး လူပါပဲ ” လို့ တင်ထားပါသေးတယ်။

ကျောင်းဆရာမ တဦးကလည်း “Tom Hanks က ကျမတို့နဲ့ မျက်စောင်းထိုးက ခုံမှာ ထိုင်ပြီး အစားစားနေတယ်။ ဒီမင်းသားကြီးက သဘောကောင်းလိုက်တာ လူတိုင်းနဲ့ ဓာတ်ပုံတွဲရိုက်ပေးတယ်။ ပြီးတော့ ကျမတို့ကို မယ်ရီခရစ္စမတ်လို့ ပြောသွားသေးတယ်” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်တွေက ရုပ်ရှင်နဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ဖြေကြားပေးခဲ့တဲ့ ဗီဒီယိုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဗီဒီယိုထဲမှာ Tom Hanks က Toy Story ရုပ်ရှင်အကြောင်း ပြောခဲ့ပြီး ဒီ်ကားအတွက် နောက်ဆုံးအသံသွင်းတဲ အခါမှာ စိတ်မကောင်းဖြစ်ခဲ့ရကြောင်းတွေကိုလည်း ပြောခဲ့ပါတယ်။ သမိုင်းတွင်မယ့် ကာတွန်းကားတကားမှာ သရုပ်ဆောင်ခဲ့ရလို့ ပျော်ရွှင်မိပါတယ် ဆိုပြီး Tom Hanks က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

မင်းသားကြီး Tom Hanks ဟာ ကမ္ဘာအရပ်ရပ်က ပရိသတ် အခိုင်အမာရရှိထားသူဖြစ်ပြီး ဇာတ်ကားတိုင်းကို ဇာတ်ကောင်စရိုက်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေကတော့ ကြောက်ခမန်းလိလိပါပဲ။

Tom Hanks အသံ သရုပ်ဆောင်ထားတဲ့ “Toy Story 4” ကတော့ ဇွန်လ ၂၁ ရက် ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref;unilad

The post ပရိသတ်တွေကို Surprise လုပ်ပြီး စားထားသမျှ ရှင်းပေးခဲ့တဲ့ Tom Hanks appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...